A d v e r t i s e m e n t With Us

အိန္ဒိယနှင့်ပါကစ္စတန်အကြား စစ်ပွဲအဖြစ် လုံး၀ရောက်ရှိနိုင်ဟုဆို

အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေဟာ နျူကလီးယား လက်နက်ပိုင် ပြိုင်ဘက် အိမ်နီးချင်း ၂ နိုင်ငံကြား စစ်ပွဲအဖြစ် လုံးလုံးလျားလျား ရောက်သွားနိုင်တယ်လို့ ပါကစ္စတန်ဘက်ခြမ်းက အက်ဇက် ကက်ရှ်မီးယားဒေသ သမ္မတ ဆာဒါ မာဆွတ်ခန်း က သြဂုတ် ၂၀ ရက်မှာ သတိပေးခဲ့ပါတယ်။ “စစ်ပွဲအနည်းအကျဉ်းရှိတယ်ဆိုရင် ထိန်းချုပ်လို့ရတဲ့ အခြေအနေ ဆက်ရှိနေမှာ မဟုတ်တာက အန္တရာယ်ပဲ၊ အိန္ဒိယနဲ့ ပါကစ္စတန် ကြားက စစ်ပွဲက ကန့်သတ် ထိန်းချုပ်ထားတဲ့ စစ်ပွဲတရပ်အဖြစ် ဆက်ရှိနေမယ်ဆိုတဲ့ အတွေးအခေါ်က အင်မတန် ရူးမိုက်ရာ ကျတယ်။” ကက်ရှ်မီးယားနယ်စပ်က ထိန်းချုပ်ရေးမျဉ်းကျော်ကာ အိန္ဒိယက ပစ်ခတ်ခဲ့လို့ လူ ၃၅ ယောက် သေဆုံးပြီး ရာနဲ့ချီတဲ့ လူတွေ ဒဏ်ရာရခဲ့သလို ဆိုင်ခန်းတွေနဲ့ ကောက်ပဲသီးနှံတွေ ပျက်စီးတယ်လို့ ဆိုပါတယ်။ လတ်တလော နှစ်တွေအတွင်း ထိန်းချုပ်ရေးမျဉ်းကို ကျော်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ တိုးလာပါတယ်။ နှစ်နိုင်ငံလုံးကလည်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုကို ပုံမှန်အတိုင်း အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယတို့ဟာ စစ်ပွဲကြီး ၃ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။
Zawgyi Version အိႏၵိယႏွင့္ပါကစၥတန္အၾကား စစ္ပြဲအျဖစ္ လုံး၀ေရာက္ရွိႏိုင္ဟုဆို DVB အိႏၵိယနဲ႔ ပါကစၥတန္ၾကား တင္းမာမႈေတြဟာ န်ဴကလီးယား လက္နက္ပိုင္ ၿပိဳင္ဘက္ အိမ္နီးခ်င္း ၂ ႏိုင္ငံၾကား စစ္ပြဲအျဖစ္ လုံးလုံးလ်ားလ်ား ေရာက္သြားႏိုင္တယ္လို႔ ပါကစၥတန္ဘက္ျခမ္းက အက္ဇက္ ကက္ရွ္မီးယားေဒသ သမၼတ ဆာဒါ မာဆြတ္ခန္း က ၾသဂုတ္ ၂၀ ရက္မွာ သတိေပးခဲ့ပါတယ္။ “စစ္ပြဲအနည္းအက်ဥ္းရွိတယ္ဆိုရင္ ထိန္းခ်ဳပ္လို႔ရတဲ့ အေျခအေန ဆက္ရွိေနမွာ မဟုတ္တာက အႏၲရာယ္ပဲ၊ အိႏၵိယနဲ႔ ပါကစၥတန္ ၾကားက စစ္ပြဲက ကန႔္သတ္ ထိန္းခ်ဳပ္ထားတဲ့ စစ္ပြဲတရပ္အျဖစ္ ဆက္ရွိေနမယ္ဆိုတဲ့ အေတြးအေခၚက အင္မတန္ ႐ူးမိုက္ရာ က်တယ္။” ကက္ရွ္မီးယားနယ္စပ္က ထိန္းခ်ဳပ္ေရးမ်ဥ္းေက်ာ္ကာ အိႏၵိယက ပစ္ခတ္ခဲ့လို႔ လူ ၃၅ ေယာက္ ေသဆုံးၿပီး ရာနဲ႔ခ်ီတဲ့ လူေတြ ဒဏ္ရာရခဲ့သလို ဆိုင္ခန္းေတြနဲ႔ ေကာက္ပဲသီးႏွံေတြ ပ်က္စီးတယ္လို႔ ဆိုပါတယ္။ လတ္တေလာ ႏွစ္ေတြအတြင္း ထိန္းခ်ဳပ္ေရးမ်ဥ္းကို ေက်ာ္ၿပီး အျပန္အလွန္ ပစ္ခတ္မႈေတြ တိုးလာပါတယ္။ ႏွစ္ႏိုင္ငံလုံးကလည္း အပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ ခ်ိဳးေဖာက္မႈကို ပုံမွန္အတိုင္း အျပန္အလွန္ စြပ္စြဲခဲ့ၾကပါတယ္။ ပါကစၥတန္နဲ႔ အိႏၵိယတို႔ဟာ စစ္ပြဲႀကီး ၃ ႀကိမ္ ျဖစ္ခဲ့ဖူးပါတယ္။

A d v e r t i s e m e n t With Us

More News
Up