ဗျူဟာမြောက်မြို့ကို ဆီးရီးယားအစိုးရစစ်တပ် ပြန်သိမ်းယူရန် ကြိုးပမ်း

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒလစ်ပြည်နယ်က ဗျူဟာမြောက် ခန်းရှိတ်ခွန်းမြို့ကို သြဂုတ် ၂၀ ရက်နေ့မှာ အစိုးရစစ်တပ်တွေက ပြန်သိမ်းယူဖို့ ကြိုးပမ်းနေပါတယ်။
အဲဒီမြို့ဟာ ၂၀၁၄ ခုနှစ်ကတည်းက ဆီးရီးယား သူပုန်တွေလက် ကျရောက်ခဲ့ပြီး ရုရှား ကျောထောက်နောက်ခံပြု အစိုးရထိုးစစ်ကြောင့် သြဂုတ် ၁၉ ရက် ညမှာပဲ သူပုန်တွေဟာ အဲဒီမြို့ကနေ ဆုတ်ခွာခဲ့ပါတယ်။ ဒါပေမယ့် အဓိက သူပုန်အဖွဲ့ကတော့ မြို့ထဲမှာ ဆက်တိုက်နေပါတယ်။
အစိုးရတပ်တွေက ခန်းရှိတ်ခွန်းမြို့ကို ဖြတ်သွားတဲ့ အဝေးပြေးလမ်းမကြီးကို သိမ်းပိုက်ပြီး ထိန်းချုပ်မှုကို ပိုမိုချဲ့ထွင်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။
ခန်းရှိတ်ခွန်းကို ပြန်သိမ်းပိုက်တာဟာ သမ္မတ အာဆတ်အနေနဲ့ နိုင်ငံအနောက်မြောက်ပိုင်းဒေသကို ပြန်ထိန်းချုပ်ဖို့ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။
အာဆတ်ဟာ ဆီးရီးယားပိုင်နက်နယ်မြေကို တလက်မ မကျန် ပြန်သိမ်းဖို့ ကြိုးပမ်းနေပြီး ဆီးရီးယားပိုင်နက်အတွင်း တူရကီတပ်ဖွဲ့ဝင်တွေ ခြေချတာ အပါအဝင် အခြေအနေ အရှုပ်အထွေးတွေ ဖြစ်ပေါ်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
Zawgyi Version
ဗ်ဴဟာေျမာက္ၿမိဳ႕ကို ဆီးရီးယားအစိုးရစစ္တပ္ ျပန္သိမ္းယူရန္ ႀကိဳးပမ္း
DVB
ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္း အစ္ဒလစ္ျပည္နယ္က ဗ်ဴဟာေျမာက္ ခန္းရွိတ္ခြန္းၿမိဳ႕ကို ၾသဂုတ္ ၂၀ ရက္ေန႔မွာ အစိုးရစစ္တပ္ေတြက ျပန္သိမ္းယူဖို႔ ႀကိဳးပမ္းေနပါတယ္။
အဲဒီၿမိဳ႕ဟာ ၂၀၁၄ ခုႏွစ္ကတည္းက ဆီးရီးယား သူပုန္ေတြလက္ က်ေရာက္ခဲ့ၿပီး ႐ုရွား ေက်ာေထာက္ေနာက္ခံျပဳ အစိုးရထိုးစစ္ေၾကာင့္ ၾသဂုတ္ ၁၉ ရက္ ညမွာပဲ သူပုန္ေတြဟာ အဲဒီၿမိဳ႕ကေန ဆုတ္ခြာခဲ့ပါတယ္။ ဒါေပမယ့္ အဓိက သူပုန္အဖြဲ႕ကေတာ့ ၿမိဳ႕ထဲမွာ ဆက္တိုက္ေနပါတယ္။
အစိုးရတပ္ေတြက ခန္းရွိတ္ခြန္းၿမိဳ႕ကို ျဖတ္သြားတဲ့ အေဝးေျပးလမ္းမႀကီးကို သိမ္းပိုက္ၿပီး ထိန္းခ်ဳပ္မႈကို ပိုမိုခ်ဲ႕ထြင္လိုက္တယ္လို႔ ႏိုင္ငံပိုင္သတင္းဌာနက ေၾကညာပါတယ္။
ခန္းရွိတ္ခြန္းကို ျပန္သိမ္းပိုက္တာဟာ သမၼတ အာဆတ္အေနနဲ႔ ႏိုင္ငံအေနာက္ေျမာက္ပိုင္းေဒသကို ျပန္ထိန္းခ်ဳပ္ဖို႔ အေရးပါတဲ့ ေျခလွမ္းတရပ္ျဖစ္ပါတယ္။
အာဆတ္ဟာ ဆီးရီးယားပိုင္နက္နယ္ေျမကို တလက္မ မက်န္ ျပန္သိမ္းဖို႔ ႀကိဳးပမ္းေနၿပီး ဆီးရီးယားပိုင္နက္အတြင္း တူရကီတပ္ဖြဲ႕ဝင္ေတြ ေျခခ်တာ အပါအဝင္ အေျခအေန အရႈပ္အေထြးေတြ ျဖစ္ေပၚေနတယ္လို႔ ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။