A d v e r t i s e m e n t With Us

အာဆင်နယ်က ကွင်းလယ်လူ ဂွမ်ဒူဇီကို လုပ်ခတိုးပေးပြီး စာချုပ်သက်တမ်းတိုးမည်

အာဆင်နယ်အသင်းဟာ လူငယ်ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို လုပ်ခ ၂ ဆခန့်တိုးပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှာ ဖြစ်ပါတယ်။ အသက် ၂၀ နှစ်ရှိ ပြင်သစ်လူငယ်ကွင်းလယ်လူ ဂွမ်ဒူဇီဟာ အခုနှစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲမှာ ပွဲထွက်ကစားခွင့် ရရှိထားပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ တိုးတက်လာတဲ့ သူ့ရဲ့ခြေစွမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ အာဆင်နယ်အသင်းက ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှာဖြစ်သလို လုပ်ခ ၂ ဆ တိုးပေးမှာလည်း ဖြစ်ပါတယ်။ ဂွမ်ဒူဇီဟာ လက်ရှိအချိန်မှာ တပတ်လုပ်ခ ပေါင် ၄ သောင်းခန့်ပဲ ရရှိနေတာဖြစ်ပြီး စာချုပ်သစ်အရ ပေါင် ၇ သောင်းဝန်းကျင် ရရှိလာမှာပါ။ ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ပြင်သစ်ကလပ် လိုရီးယန့်အသင်းကနေ ပေါင် ၇ သန်းဝန်ကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးရာသီမှာပဲ စုစုပေါင်း ၄၈ ပွဲအထိ ကစားခွင့်ရခဲ့ပြီး တဂိုးသွင်းယူခဲ့ပါတယ်။
Zawgyi Version အာဆင္နယ္က ကြင္းလယ္လူ ဂြမ္ဒူဇီကို လုပ္ခတိုးေပးၿပီး စာခ်ဳပ္သက္တမ္းတိုးမည္ DVB အာဆင္နယ္အသင္းဟာ လူငယ္ကြင္းလယ္ကစားသမား ဂြမ္ဒူဇီကို လုပ္ခ ၂ ဆခန႔္တိုးေပးၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းမွာ ျဖစ္ပါတယ္။ အသက္ ၂၀ ႏွစ္ရွိ ျပင္သစ္လူငယ္ကြင္းလယ္လူ ဂြမ္ဒူဇီဟာ အခုႏွစ္ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ ၂ ပြဲမွာ ပြဲထြက္ကစားခြင့္ ရရွိထားၿပီး ေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။ တိုးတက္လာတဲ့ သူ႔ရဲ႕ေျခစြမ္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ အာဆင္နယ္အသင္းက ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းမွာျဖစ္သလို လုပ္ခ ၂ ဆ တိုးေပးမွာလည္း ျဖစ္ပါတယ္။ ဂြမ္ဒူဇီဟာ လက္ရွိအခ်ိန္မွာ တပတ္လုပ္ခ ေပါင္ ၄ ေသာင္းခန႔္ပဲ ရရွိေနတာျဖစ္ၿပီး စာခ်ဳပ္သစ္အရ ေပါင္ ၇ ေသာင္းဝန္းက်င္ ရရွိလာမွာပါ။ ဂြမ္ဒူဇီဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီကမွ ျပင္သစ္ကလပ္ လိုရီးယန႔္အသင္းကေန ေပါင္ ၇ သန္းဝန္က်င္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ပထမဆုံးရာသီမွာပဲ စုစုေပါင္း ၄၈ ပြဲအထိ ကစားခြင့္ရခဲ့ၿပီး တဂိုးသြင္းယူခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up