A d v e r t i s e m e n t With Us

ဒေါ့မွန်က လူငယ်ကစားသမား ဆန်ချိုကို လစာတိုးပေးပြီး နှစ်ရှည်စာချုပ် သက်တမ်းတိုး

ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ အင်္ဂလန် တောင်ပံကစားသမား ဂျော်ဒန်ဆန်ချိုကို နှစ်ရှည်စာချုပ် သက်တမ်းတိုးလိုက်ပါတယ်။ အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ တောင်ပံကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြ ကစားနေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး တခြား ဥရောပအသင်းတွေရဲ့ စိတ်ဝင်စားမှုလည်း ခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းက ဆန်ချိုကို ဆက်လက်ထိန်းသိမ်းသွားလိုတာကြောင့် လုပ်ခတိုးပေးပြီး နှစ်ရှည်စာချုပ် ချုပ်လိုက်တာ ဖြစ်ပါတယ်။ စာချုပ်သစ်အရ ဆန်ချိုအနေနဲ့ တပတ်လုပ်ခ ပေါင် ၇ သောင်းခွဲကနေ ပေါင် ၁ သိန်း ၉ သောင်း တိုးမြှင့်ရရှိမှာ ဖြစ်ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့တပတ်က ထုတ်ပြန်ခဲ့တဲ့ CIES သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်မူအရ ပေါင် ၁၄၅ တန်ကြေးရှိပြီး ပဉ္စမြောက် တန်ဖိုးအမြင့်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
Zawgyi Version ေဒါ့မြန္က လူငယ္ကစားသမား ဆန္ခ်ိဳကို လစာတိုးေပးၿပီး ႏွစ္ရွည္စာခ်ဳပ္ သက္တမ္းတိုး DVB ဂ်ာမန္ကလပ္ ေဒါ့မြန္အသင္းဟာ အဂၤလန္ ေတာင္ပံကစားသမား ေဂ်ာ္ဒန္ဆန္ခ်ိဳကို ႏွစ္ရွည္စာခ်ဳပ္ သက္တမ္းတိုးလိုက္ပါတယ္။ အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ ေတာင္ပံကစားသမား ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းမွာ ေျခစြမ္းျပ ကစားေနတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ ပစ္မွတ္ထားေနၿပီး တျခား ဥေရာပအသင္းေတြရဲ႕ စိတ္ဝင္စားမႈလည္း ခံေနရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေဒါ့မြန္အသင္းက ဆန္ခ်ိဳကို ဆက္လက္ထိန္းသိမ္းသြားလိုတာေၾကာင့္ လုပ္ခတိုးေပးၿပီး ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္လိုက္တာ ျဖစ္ပါတယ္။ စာခ်ဳပ္သစ္အရ ဆန္ခ်ိဳအေနနဲ႔ တပတ္လုပ္ခ ေပါင္ ၇ ေသာင္းခြဲကေန ေပါင္ ၁ သိန္း ၉ ေသာင္း တိုးျမႇင့္ရရွိမွာ ျဖစ္ပါတယ္။ ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့တပတ္က ထုတ္ျပန္ခဲ့တဲ့ CIES သုေတသနအဖြဲ႕ရဲ႕ ထုတ္ျပန္မူအရ ေပါင္ ၁၄၅ တန္ေၾကးရွိၿပီး ပၪၥေျမာက္ တန္ဖိုးအျမင့္ဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံထားရပါတယ္။

A d v e r t i s e m e n t With Us

More News
Up