Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
August 22, 2019
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံ နဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟောလိ ဝုဒ် နာမည်ကြီး Fallen Film Series တွေရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားတကားဖြစ်တဲ့ Angel Has Fallen ! Action Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ Snitch, Shot Coller စတဲ့ ဟောလိဝုဒ် ရုပ်ရှင်ကားတွေနဲ့ နာမည်ကြီးတဲ့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Ric Roman Waugh က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Fallen ရုပ်ရှင် Series တွေကို ပရိသတ်တွေက ရင်းနှီးကြပြီး ဖြစ်မယ်ထင်ပါ တယ်။ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ Olympus Has Fallen ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယမြောက် ရုပ်ရှင် London Has Fallen ကတော့ ၂၀၁၆ ခုနှစ် မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး Angel Has Fallen ကလည်း ထုံးစံအတိုင်း ၃ နှစ်စီခြားပြီး ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားတွေထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ်စူပါ သရုပ်ဆောင်တွေ ဖြစ် ကြတဲ့ Gerard Butler နဲ့ Morgan Freeman တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ် ပါတယ်။ ဒီတခေါက်မှာလည်း Morgan Freeman က အမေရိကန်သမ္မတ Allan Trumbull အဖြစ် ပါဝင်ထားပြီး  Gerard Butler ကတော့ Secret Service Agent Mike Banning အနေနဲ့ ပါဝင်ထားတာပါ။ ဒီကားထဲမှာ အရင်ရုပ်ရှင်ကားတွေနဲ့ မတူညီတာကတော့ Angel Has Fallen ဆို တဲ့အတိုင်း တသက်လုံး အသက်စွန့်ပြီး သမ္မတကိုကာကွယ်ခဲ့တဲ့ Gerard Butler ကို သစ္စာဖောက်ဇာတ်သွင်းလိုက်တာပါပဲ။ Mike Banning တယောက် သမ္မတကို ဒီတ ခေါက်မှာရော ကယ်တင်နိုင်ပါဦးမလား၊ သူ့ဂုဏ်သိက္ခာအတွက် နာမည်ကောင်းပြန်ရဖို့ ကြိုးစားနိုင်ပါ့မလား ဘယ်လိုအလှည့်အပြောင်း ဇာတ်လမ်းဇာတ် ကွက်တွေနဲ့ ပုံဖော်ဖန် တီးထားမလဲဆိုတာကိုတော့ ပရိသတ်တွေအနေနဲ့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ် ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းတွေ၊ ပြ ကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ် တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့် ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ Angel Has Fallen ရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ သန်း ၈၀ အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကား ၂ ကားဟာ ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်ခဲ့တာမို့ ခုနောက်ဆုံးထွက်ရှိလာတဲ့ ဒီရုပ်ရှင်ကားကရော Box Office ဝင်ငွေစံချိန် တင်နိုင်ပါ့မလားဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ကြာမြင့်ချိန် ၁၂၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၂၃ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။      နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပြိုင်ကားမောင်းသမားတ ယောက်နဲ့ သူ့ရဲ့ အချစ်တော် ခွေးလိမ္မာလေးတကောင်ကြားက သံယောဇဉ်အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်-The Art of Racing in the Rain !      နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ 20th Century Fox ကနေ တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ အမေရိကန် စာရေးဆရာ Garth Stein ရဲ့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ စာအုပ်ကို ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Simon Curtis က အ သက်သွင်းပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ထူးခြားတာကတော့ တခြားရုပ်ရှင်ကားတွေလိုမဟုတ်ပဲ ခွေး ကလေးရဲ့ ခံစားချက်တွေ၊ ရှုထောင့်တွေ ဘက်ကနေ ရိုက်ကူးထားတာကို ပရိသတ်တွေ က ရှုစားကြရမှာပါ။ Enzo ဆိုတဲ့ ခွေးလေးရယ်၊ သူ့ရဲ့ပိုင်ရှင် ပြိုင်ကားမောင်းသမား Denny Swift တို့ကြားက သံယောဇဉ်တွေ၊ သခင်ဖြစ်သူ အိမ်ထောင်ကျပြီး ကလေး လေး မွေးလာချိန်မှာ ခံစားရတဲ့ Enzo လေးရဲ့ ခံစားချက်တွေ၊ သခင့်အိမ်ထောင်ရေး ပြို ကွဲချိန်မှာလည်း သူဟာ သခင့်အနားမှာ အကောင်းဆုံးနေပေးခဲ့တဲ့ အကြောင်းတွေနဲ့ ပုံ ဖော်ရိုက်ကူးထားခဲ့တာမို့ ပရိသတ်တွေအနေနဲ့ ရသပုံစံတမျိုးနဲ့ ရှုစားကြရမှာ ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ခွေးကလေး Enzo ရဲ့ နေရာမှာ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသား Kevin Costner က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားခဲ့တာပါ။  သ ခင်ဖြစ်တဲ့ Danny နေရာမှာတော့ သရုပ်ဆောင်မင်းသား Milo Ventimiglia က ခေါင်း ဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Amanda Seyfried ၊ Kathy Baker ၊ Martin Donovan ၊ Gary Cole တို့ကလည်း အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါ တယ်။ ကြာမြင့်ချိန် ၁၀၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင် ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ ကလေးတွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁၈ သန်းနဲ့ သန်း ၅၀ ကြား အကုန်အကျခံရိုက်ကူးထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ Box Office မှာ ဝင်ငွေအမေရိ ကန်ဒေါ်လာ ၁၂ ဒဿမ ၇ သန်း ရရှိထားခဲ့ပါတယ်။ IMDb မှာ Rating 7.3 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ် မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ဒီရုပ်ရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ကတည်းက ရုံတင် ပြသခဲ့ပြီး ပရိသတ်အားပေးမှုတွေ ရရှိနေခဲ့တာမို့ မူဗီခရေဇီတွေအတွက် တင်ဆက်ပေး လိုက်တာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပရိ သတ်ကြိုက် ဝါရင့်နာမည်ကြီးမင်းသား နေတိုးခေါင်းဆောင် ပါဝင်ထားတဲ့ ရုပ်ရှင်-အ ထက်တန်းစား !      ရွှန်းရမီမိုးရဲ့ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ နေပိုင် က ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ Lucky Smile ရုပ်ရှင်ထုတ်လုပ်ရေး က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။      ဒီရုပ်ရှင်ကားထဲမှာတော့ အကျင့်သီလနဲ့ပြည့်စုံတဲ့ နတ်ဆရာတစ်ယောက်ရဲ့ ဘဝ ဖြတ်သန်းမှုအကြောင်းတွေကို ရိုက်ကူးပုံဖော်ပေးထားခဲ့တာဖြစ်ပြီး နေတိုးကို ပရိသတ် တွေ တခါမှမတွေ့မြင်ဖူးတဲ့ နတ်ဆရာကနားစီး အောင်စည်အနေနဲ့ ရှုစားကြရမှာ ဖြစ်ပါ တယ်။      ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ ယုံကြည်ကိုးကွယ်မှုတွေဖြစ်တဲ့ ဓာတ်၊ နတ်၊ သိုက်၊ ပယောဂနဲ့ အကြားမြင်စတဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေအပြင် ကနားစီးတစ်ယောက်ရဲ့ ခံ ယူမှုတွေ၊ ယုံကြည်မှုတွေ၊ နတ်လောကအပေါ်မှာ ယုံကြည်သက်ဝင်သူတွေရဲ့ အ ကြောင်းတွေကိုပါ ဒီဇာတ်ကားထဲမှာ ပရိသတ်တွေက တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။      ဒီကားထဲမှာတော့ နေတိုးနဲ့အတူ တခြား သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ် ကြတဲ့ ညီထွဋ်ခေါင်၊ သူရိယ၊ မြတ်ကေသီအောင်၊ စိုးမိုးကြည်၊ ပိုးအိအိခန့်တို့က အတွဲညီ ညီ ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။      ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန် မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။      လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ‘ဒီကားကိုတော့ လာမယ့်သြဂုတ်လ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဒါပြီးရင် ဘာ ဆက်ဖြစ်မလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ သွေးပျက်ထိတ်လန့်စရာ၊ ရင်ခုန်စိတ် လှုပ်ရှားစရာ ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားတဲ့ ရုပ်ရှင်-Ready Or Not !       Black Comedy Horror Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင် ကိုတော့ Fox Searchlight Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ် ရှင်ဒါရိုက်တာ Matt Bettinelli-Olpin နဲ့ Tyler Gillett က တွဲဖက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။      Ready Or Not ဆိုတဲ့ စကားက မြန်မာလိုဆိုရင်တော့ တူတူပုန်းတမ်း ကစားတဲ့ အခါ အသင့်ပဲလား။ တူပြီလားဆိုတဲ့ အဓိပ္ပါယ်မျိုးပါပဲ။ အသစ်စက်စက် သတို့သမီး တယောက်အဖို့ မင်္ဂလာဦးညဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ ဖြစ်နေမှာပါ။ Grace ဆိုတဲ့ ခပ်ချောချော ကောင်မလေးတယောက်ဟာ စိတ်ကူးထဲက ဖူးစာရှင် ချမ်းသာကြွယ်ဝတဲ့ အမျိုးသားတယောက်နဲ့ လက်ထပ်ခဲ့ပြီးချိန်မှာတော့ ထူးဆန်းတဲ့ ဓလေ့ထုံးစံတခုနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတော့တယ်။ အသစ်စက်စက်ခင်ပွန်းနဲ့အတူ မိသားစုဝင်တွေ နေထိုင်ရာ စံအိမ်ကြီးမှာ သူ့ရဲ့ မင်္ဂလာဦးညဟာ ဘာတွေ ဖြစ်လာခဲ့သလဲ။ အဲဒီညမှာပဲ မိသားစုထုံးစံဆိုပြီး ညဉ့်နက်သန်းခေါင် တူတူပုန်းတမ်းကစားကြချိန်မှာတော့ ထင်မှတ်မ ထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်။ ပုန်းတဲ့သူက Grace တစ်ယောက်တည်း၊ လိုက် ရှာနေတဲ့သူတွေကတော့ သေနတ်တွေ၊ မြှားတွေလက်နက်အပြည့်အစုံနဲ့ ခင်ပွန်းဖြစ်သူနဲ့ သူ့ရဲ့မိသားစုတွေ ဖြစ်နေတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ။ ပျော်ရွှင်ရင်ဖိုရမယ့် မင်္ဂလာဦးညကနေ သွေးပျက်ထိတ်လန့်စရာ အမဲလိုက်ပွဲတခုရဲ့ သားကောင်လို ဖြစ်ခဲ့ရ ချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတွေကို ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြ ရမှာ ဖြစ်ပါတယ်။      ဒီရုပ်ရှင်ကားထဲမှာတော့ သြစတေးလျ သရုပ်ဆောင်မင်းသမီး Samara Weaving က Grace အဖြစ် ခေါင်းဆောင်ပါဝင်ထားခဲ့တာဖြစ်ပြီး တခြားသရုပ်ဆောင် တွေဖြစ်ကြတဲ့ Adam Brody ၊ Mark O'Brien ၊ Henry Czerny ၊ Andie MacDowell တို့ကလည်း ပါ ဝင်ထားကြတာ ဖြစ်ပါတယ်။      သွေးပျက်ထိတ်လန့်စရာ ကောင်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက် တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။      ကြာမြင့်ချိန် ၉၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် လ ၂၇ ရက်နေ့က Fantasia International Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါ တယ်။      နာမည်ကျော် ရုပ်ရှင်ဝေဖန်ရေး Review Website တခုဖြစ်တဲ့ Rotten Tomatoes မှာတော့ ဒီရုပ်ရှင်ကားက 100 % ရရှိထားပြီး IMDb မှာတော့ Rating 6.7 အထိ ရရှိထားပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ Youtube ပေါ်မှာတော့ လတ်တလောအချိန်ထိ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် သြဂုတ်လ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည် ကြီး ဝါရင့်သရုပ်ဆောင်တွေရော၊ မျက်နှာသစ်သရုပ်ဆောင်တွေပါ အများကြီး ပါဝင်ထား ကြတဲ့ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင်-ဂျင်ပါတီ ! Bo Bo Entertainment က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ ရာဇဝင်ကို၊ သက်ဦးမောင်၊ မင်းတော်ဝင်တို့ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားကြတာဖြစ်ပြီး ဂျင်ပါတီဆိုတဲ့အတိုင်း သူ့ထက်ငါလည်တဲ့ သူတွေ တယောက်နဲ့တယောက် ဘယ်လို အ ကျော်အခွ၊ အလှည့်အပတ်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ သရုပ်ဆောင်ထားကြမလဲဆို တာကိုတော့ ရုံတင်ပြသချိန်မှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ရန်အောင်၊ လူမင်း၊ မင်းမော်ကွန်း၊ ရဲရင့်အောင်၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ယဉ်လတ်၊ ရွှေအိမ်စည်တို့နဲ့အ တူ တခြား ဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ရန် ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလော အချိန်ထိ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ဟာသရသတွေနဲ့ ရှုစားချင်တဲ့ ပရိသတ်တွေအတွက် ဂျင်ပါတီရုပ်ရှင် ကားကိုတော့ လာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာမို့ Movie Crazy အစီအစဉ်ကနေ တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
႐ုပ္ရွင္ဝါသနာအိုးတို႔အတြက္ ဘယ္႐ုံမွာ ဘာကားေတြျပေနသလဲ(႐ုပ္သံ) DVB အပတ္စဥ္ပုံမွန္တင္ဆက္ေနက်ျဖစ္တဲ့ Movie Crazy အစီအစဥ္ကေန ျမန္မာႏိုင္ငံ နဲ႔ ႏိုင္ငံတကာမွာ ႐ုံတင္ျပသေတာ့မယ့္၊ ႐ုံတင္ျပသေနဆဲျဖစ္တဲ့ ေကာင္းႏိုးရာရာ ႐ုပ္ရွင္ဇာတ္ကားေတြ အေၾကာင္းကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။ မူဗီခေရဇီေတြကို ပထမဆုံး မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ေဟာလိ ဝုဒ္ နာမည္ႀကီး Fallen Film Series ေတြရဲ႕ ေနာက္ဆက္တြဲ ႐ုပ္ရွင္ကားတကားျဖစ္တဲ့ Angel Has Fallen ! Action Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ Snitch, Shot Coller စတဲ့ ေဟာလိဝုဒ္ ႐ုပ္ရွင္ကားေတြနဲ႔ နာမည္ႀကီးတဲ့ အေမရိကန္ ႐ုပ္ရွင္ဒါ႐ိုက္တာ Ric Roman Waugh က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ Fallen ႐ုပ္ရွင္ Series ေတြကို ပရိသတ္ေတြက ရင္းႏွီးၾကၿပီး ျဖစ္မယ္ထင္ပါ တယ္။ ပထမဆုံး ႐ုပ္ရွင္ျဖစ္တဲ့ Olympus Has Fallen ကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ ဒုတိယေျမာက္ ႐ုပ္ရွင္ London Has Fallen ကေတာ့ ၂၀၁၆ ခုႏွစ္ မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး Angel Has Fallen ကလည္း ထုံးစံအတိုင္း ၃ ႏွစ္စီျခားၿပီး ထြက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားေတြထဲမွာေတာ့ နာမည္ႀကီး ေဟာလိဝုဒ္စူပါ သ႐ုပ္ေဆာင္ေတြ ျဖစ္ ၾကတဲ့ Gerard Butler နဲ႔ Morgan Freeman တို႔က ေခါင္းေဆာင္ပါဝင္ထားၾကတာ ျဖစ္ ပါတယ္။ ဒီတေခါက္မွာလည္း Morgan Freeman က အေမရိကန္သမၼတ Allan Trumbull အျဖစ္ ပါဝင္ထားၿပီး Gerard Butler ကေတာ့ Secret Service Agent Mike Banning အေနနဲ႔ ပါဝင္ထားတာပါ။ ဒီကားထဲမွာ အရင္႐ုပ္ရွင္ကားေတြနဲ႔ မတူညီတာကေတာ့ Angel Has Fallen ဆို တဲ့အတိုင္း တသက္လုံး အသက္စြန႔္ၿပီး သမၼတကိုကာကြယ္ခဲ့တဲ့ Gerard Butler ကို သစၥာေဖာက္ဇာတ္သြင္းလိုက္တာပါပဲ။ Mike Banning တေယာက္ သမၼတကို ဒီတ ေခါက္မွာေရာ ကယ္တင္ႏိုင္ပါဦးမလား၊ သူ႔ဂုဏ္သိကၡာအတြက္ နာမည္ေကာင္းျပန္ရဖို႔ ႀကိဳးစားႏိုင္ပါ့မလား ဘယ္လိုအလွည့္အေျပာင္း ဇာတ္လမ္းဇာတ္ ကြက္ေတြနဲ႔ ပုံေဖာ္ဖန္ တီးထားမလဲဆိုတာကိုေတာ့ ပရိသတ္ေတြအေနနဲ႔ မၾကာခင္မွာပဲ ရႈစားၾကရေတာ့မွာ ျဖစ္ ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ အပစ္အခတ္ ဇာတ္ဝင္ခန္းေတြ၊ ျပ ကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ Angel Has Fallen ႐ုပ္ရွင္ကားကိုေတာ့ ဘတ္ဂ်တ္ အေမရိကန္ေဒၚလာ သန္း ၈၀ အကုန္အက်ခံ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အရင္ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ကား ၂ ကားဟာ ဝင္ေငြစံခ်ိန္တင္ရရွိခဲ့တဲ့ ႐ုပ္ရွင္ေတြ ျဖစ္ခဲ့တာမို႔ ခုေနာက္ဆုံးထြက္ရွိလာတဲ့ ဒီ႐ုပ္ရွင္ကားကေရာ Box Office ဝင္ေငြစံခ်ိန္ တင္ႏိုင္ပါ့မလားဆိုတာကလည္း စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။ ၾကာျမင့္ခ်ိန္ ၁၂၁ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၂၃ ရက္ ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ထပ္ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ၿပိဳင္ကားေမာင္းသမားတ ေယာက္နဲ႔ သူ႔ရဲ႕ အခ်စ္ေတာ္ ေခြးလိမၼာေလးတေကာင္ၾကားက သံေယာဇဥ္အေၾကာင္း ႐ိုက္ကူးပုံေဖာ္ထားတဲ့ ႐ုပ္ရွင္-The Art of Racing in the Rain ! နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီတခုျဖစ္တဲ့ 20th Century Fox ကေန တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ အေမရိကန္ စာေရးဆရာ Garth Stein ရဲ႕ ၂၀၀၈ ခုႏွစ္က ထြက္ရွိခဲ့တဲ့ စာအုပ္ကို ၿဗိတိန္႐ုပ္ရွင္ဒါ႐ိုက္တာ Simon Curtis က အ သက္သြင္းပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာ ထူးျခားတာကေတာ့ တျခား႐ုပ္ရွင္ကားေတြလိုမဟုတ္ပဲ ေခြး ကေလးရဲ႕ ခံစားခ်က္ေတြ၊ ရႈေထာင့္ေတြ ဘက္ကေန ႐ိုက္ကူးထားတာကို ပရိသတ္ေတြ က ရႈစားၾကရမွာပါ။ Enzo ဆိုတဲ့ ေခြးေလးရယ္၊ သူ႔ရဲ႕ပိုင္ရွင္ ၿပိဳင္ကားေမာင္းသမား Denny Swift တို႔ၾကားက သံေယာဇဥ္ေတြ၊ သခင္ျဖစ္သူ အိမ္ေထာင္က်ၿပီး ကေလး ေလး ေမြးလာခ်ိန္မွာ ခံစားရတဲ့ Enzo ေလးရဲ႕ ခံစားခ်က္ေတြ၊ သခင့္အိမ္ေထာင္ေရး ၿပိဳ ကြဲခ်ိန္မွာလည္း သူဟာ သခင့္အနားမွာ အေကာင္းဆုံးေနေပးခဲ့တဲ့ အေၾကာင္းေတြနဲ႔ ပုံ ေဖာ္႐ိုက္ကူးထားခဲ့တာမို႔ ပရိသတ္ေတြအေနနဲ႔ ရသပုံစံတမ်ိဳးနဲ႔ ရႈစားၾကရမွာ ျဖစ္ပါ တယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ေခြးကေလး Enzo ရဲ႕ ေနရာမွာ နာမည္ႀကီး ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသား Kevin Costner က အသံနဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားခဲ့တာပါ။ သ ခင္ျဖစ္တဲ့ Danny ေနရာမွာေတာ့ သ႐ုပ္ေဆာင္မင္းသား Milo Ventimiglia က ေခါင္း ေဆာင္ပါဝင္ထားၿပီး တျခားသ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Amanda Seyfried ၊ Kathy Baker ၊ Martin Donovan ၊ Gary Cole တို႔ကလည္း အားျဖည့္ပါဝင္ထားၾကတာ ျဖစ္ပါ တယ္။ ၾကာျမင့္ခ်ိန္ ၁၀၉ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္း ျမင္ ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြဟာ ကေလးေတြ ၾကည့္ရႈဖို႔ မ သင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG အဆင့္ သတ္မွတ္ထားပါတယ္။ ဒီ႐ုပ္ရွင္ကားကိုေတာ့ ဘတ္ဂ်တ္အေမရိကန္ေဒၚလာ ၁၈ သန္းနဲ႔ သန္း ၅၀ ၾကား အကုန္အက်ခံ႐ိုက္ကူးထားခဲ့တာ ျဖစ္ၿပီး လက္ရွိမွာေတာ့ Box Office မွာ ဝင္ေငြအေမရိ ကန္ေဒၚလာ ၁၂ ဒႆမ ၇ သန္း ရရွိထားခဲ့ပါတယ္။ IMDb မွာ Rating 7.3 အထိ ရရွိထားတဲ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ယူက်ဳဘ္ေပၚ မွာေတာ့ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၆ သန္းေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ႏိုင္ငံတကာမွာေတာ့ ဒီ႐ုပ္ရွင္ကို ၿပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္ေန႔ကတည္းက ႐ုံတင္ ျပသခဲ့ၿပီး ပရိသတ္အားေပးမႈေတြ ရရွိေနခဲ့တာမို႔ မူဗီခေရဇီေတြအတြက္ တင္ဆက္ေပး လိုက္တာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ေနာက္ထပ္မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ပရိ သတ္ႀကိဳက္ ဝါရင့္နာမည္ႀကီးမင္းသား ေနတိုးေခါင္းေဆာင္ ပါဝင္ထားတဲ့ ႐ုပ္ရွင္-အ ထက္တန္းစား ! ႐ႊန္းရမီမိုးရဲ႕ ဇာတ္လမ္းကို မိုးနီလြင္က ဇာတ္ၫႊန္းခြဲထားေပးၿပီး ဒါ႐ိုက္တာ ေနပိုင္ က ႐ိုက္ကူးပုံေဖာ္ေပးထားတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ Lucky Smile ႐ုပ္ရွင္ထုတ္လုပ္ေရး က တင္ဆက္လိုက္တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ အက်င့္သီလနဲ႔ျပည့္စုံတဲ့ နတ္ဆရာတစ္ေယာက္ရဲ႕ ဘဝ ျဖတ္သန္းမႈအေၾကာင္းေတြကို ႐ိုက္ကူးပုံေဖာ္ေပးထားခဲ့တာျဖစ္ၿပီး ေနတိုးကို ပရိသတ္ ေတြ တခါမွမေတြ႕ျမင္ဖူးတဲ့ နတ္ဆရာကနားစီး ေအာင္စည္အေနနဲ႔ ရႈစားၾကရမွာ ျဖစ္ပါ တယ္။ ႐ိုးရာဓေလ့ ထုံးတမ္းစဥ္လာ ယုံၾကည္ကိုးကြယ္မႈေတြျဖစ္တဲ့ ဓာတ္၊ နတ္၊ သိုက္၊ ပေယာဂနဲ႔ အၾကားျမင္စတဲ့ လွ်ိဳ႕ဝွက္ဆန္းက်ယ္မႈေတြအျပင္ ကနားစီးတစ္ေယာက္ရဲ႕ ခံ ယူမႈေတြ၊ ယုံၾကည္မႈေတြ၊ နတ္ေလာကအေပၚမွာ ယုံၾကည္သက္ဝင္သူေတြရဲ႕ အ ေၾကာင္းေတြကိုပါ ဒီဇာတ္ကားထဲမွာ ပရိသတ္ေတြက ေတြ႕ျမင္ၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ေနတိုးနဲ႔အတူ တျခား သ႐ုပ္ေဆာင္ မင္းသားမင္းသမီးေတြ ျဖစ္ ၾကတဲ့ ညီထြဋ္ေခါင္၊ သူရိယ၊ ျမတ္ေကသီေအာင္၊ စိုးမိုးၾကည္၊ ပိုးအိအိခန႔္တို႔က အတြဲညီ ညီ ေခါင္းေဆာင္ ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၅ ရက္ေန႔က ရန္ကုန္ ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈ ကြန္ရက္စာမ်က္ႏွာေပၚမွာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ တသန္းခြဲေက်ာ္ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။ ‘ဒီကားကိုေတာ့ လာမယ့္ၾသဂုတ္လ ၂၂ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါ တယ္။ မူဗီခေရဇီေတြကို ဒီတခါ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ဒါၿပီးရင္ ဘာ ဆက္ျဖစ္မလဲဆိုတာေတြကို ရင္တထိတ္ထိတ္နဲ႔ ေသြးပ်က္ထိတ္လန႔္စရာ၊ ရင္ခုန္စိတ္ လႈပ္ရွားစရာ ဒရာမာဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ဖန္တီးထားတဲ့ ႐ုပ္ရွင္-Ready Or Not ! Black Comedy Horror Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ ကိုေတာ့ Fox Searchlight Pictures က တင္ဆက္လိုက္တာျဖစ္ၿပီး အေမရိကန္ ႐ုပ္ ရွင္ဒါ႐ိုက္တာ Matt Bettinelli-Olpin နဲ႔ Tyler Gillett က တြဲဖက္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Ready Or Not ဆိုတဲ့ စကားက ျမန္မာလိုဆိုရင္ေတာ့ တူတူပုန္းတမ္း ကစားတဲ့ အခါ အသင့္ပဲလား။ တူၿပီလားဆိုတဲ့ အဓိပၸါယ္မ်ိဳးပါပဲ။ အသစ္စက္စက္ သတို႔သမီး တေယာက္အဖို႔ မဂၤလာဦးညဟာ ရင္ခုန္စိတ္လႈပ္ရွားစရာ ျဖစ္ေနမွာပါ။ Grace ဆိုတဲ့ ခပ္ေခ်ာေခ်ာ ေကာင္မေလးတေယာက္ဟာ စိတ္ကူးထဲက ဖူးစာရွင္ ခ်မ္းသာႂကြယ္ဝတဲ့ အမ်ိဳးသားတေယာက္နဲ႔ လက္ထပ္ခဲ့ၿပီးခ်ိန္မွာေတာ့ ထူးဆန္းတဲ့ ဓေလ့ထုံးစံတခုနဲ႔ ရင္ဆိုင္ ႀကဳံေတြ႕ခဲ့ရပါေတာ့တယ္။ အသစ္စက္စက္ခင္ပြန္းနဲ႔အတူ မိသားစုဝင္ေတြ ေနထိုင္ရာ စံအိမ္ႀကီးမွာ သူ႔ရဲ႕ မဂၤလာဦးညဟာ ဘာေတြ ျဖစ္လာခဲ့သလဲ။ အဲဒီညမွာပဲ မိသားစုထုံးစံဆိုၿပီး ညဥ့္နက္သန္းေခါင္ တူတူပုန္းတမ္းကစားၾကခ်ိန္မွာေတာ့ ထင္မွတ္မ ထားတာေတြ ျဖစ္လာခဲ့ပါေတာ့တယ္။ ပုန္းတဲ့သူက Grace တစ္ေယာက္တည္း၊ လိုက္ ရွာေနတဲ့သူေတြကေတာ့ ေသနတ္ေတြ၊ ျမႇားေတြလက္နက္အျပည့္အစုံနဲ႔ ခင္ပြန္းျဖစ္သူနဲ႔ သူ႔ရဲ႕မိသားစုေတြ ျဖစ္ေနတဲ့အခါ ဘယ္လိုေတြ ဆက္ျဖစ္လာမလဲ။ ေပ်ာ္႐ႊင္ရင္ဖိုရမယ့္ မဂၤလာဦးညကေန ေသြးပ်က္ထိတ္လန႔္စရာ အမဲလိုက္ပြဲတခုရဲ႕ သားေကာင္လို ျဖစ္ခဲ့ရ ခ်ိန္မွာ ဘာေတြ ဆက္ျဖစ္လာမလဲဆိုတာေတြကို ပရိသတ္ေတြက ဒီကားထဲမွာ ရႈစားၾက ရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ၾသစေတးလ် သ႐ုပ္ေဆာင္မင္းသမီး Samara Weaving က Grace အျဖစ္ ေခါင္းေဆာင္ပါဝင္ထားခဲ့တာျဖစ္ၿပီး တျခားသ႐ုပ္ေဆာင္ ေတြျဖစ္ၾကတဲ့ Adam Brody ၊ Mark O'Brien ၊ Henry Czerny ၊ Andie MacDowell တို႔ကလည္း ပါ ဝင္ထားၾကတာ ျဖစ္ပါတယ္။ ေသြးပ်က္ထိတ္လန႔္စရာ ေကာင္းတဲ့ ဇာတ္ဝင္ခန္းျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ ၾကာျမင့္ခ်ိန္ ၉၅ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္ လ ၂၇ ရက္ေန႔က Fantasia International Film Festival မွာ ကနဦးျပသခဲ့တာ ျဖစ္ပါ တယ္။ နာမည္ေက်ာ္ ႐ုပ္ရွင္ေဝဖန္ေရး Review Website တခုျဖစ္တဲ့ Rotten Tomatoes မွာေတာ့ ဒီ႐ုပ္ရွင္ကားက 100 % ရရွိထားၿပီး IMDb မွာေတာ့ Rating 6.7 အထိ ရရွိထားပါတယ္။ ဒီ႐ုပ္ရွင္ကား Trailer ဟာ Youtube ေပၚမွာေတာ့ လတ္တေလာအခ်ိန္ထိ ဝင္ ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၂၁ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါ တယ္။ မူဗီခေရဇီေတြကို ေနာက္ဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ နာမည္ ႀကီး ဝါရင့္သ႐ုပ္ေဆာင္ေတြေရာ၊ မ်က္ႏွာသစ္သ႐ုပ္ေဆာင္ေတြပါ အမ်ားႀကီး ပါဝင္ထား ၾကတဲ့ ေပါ့ေပါ့ပါးပါး ဟာသ႐ုပ္ရွင္-ဂ်င္ပါတီ ! Bo Bo Entertainment က တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ ရာဇဝင္ကို၊ သက္ဦးေမာင္၊ မင္းေတာ္ဝင္တို႔ရဲ႕ ဇာတ္လမ္းကို ဒါ႐ိုက္တာ ရာဇဝင္ကိုက ႐ိုက္ကူးပုံ ေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးက ပါဝင္ထားၾကတာျဖစ္ၿပီး ဂ်င္ပါတီဆိုတဲ့အတိုင္း သူ႔ထက္ငါလည္တဲ့ သူေတြ တေယာက္နဲ႔တေယာက္ ဘယ္လို အ ေက်ာ္အခြ၊ အလွည့္အပတ္ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ သ႐ုပ္ေဆာင္ထားၾကမလဲဆို တာကိုေတာ့ ႐ုံတင္ျပသခ်ိန္မွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာ သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြျဖစ္ၾကတဲ့ ရန္ေအာင္၊ လူမင္း၊ မင္းေမာ္ကြန္း၊ ရဲရင့္ေအာင္၊ ထူးေအာင္၊ အိျႏၵာေက်ာ္ဇင္၊ ယဥ္လတ္၊ ေ႐ႊအိမ္စည္တို႔နဲ႔အ တူ တျခား ဟာသ သ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီး ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၉ ရက္ေန႔က ရန္ ကုန္ၿမိဳ႕၊ သမၼတ ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ကို လတ္တေလာ အခ်ိန္ထိ ဝင္ ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၃ သန္းနီးပါး ရွိေနခဲ့တာ ျဖစ္ပါတယ္။ ေပါ့ေပါ့ပါးပါး ဟာသရသေတြနဲ႔ ရႈစားခ်င္တဲ့ ပရိသတ္ေတြအတြက္ ဂ်င္ပါတီ႐ုပ္ရွင္ ကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာမို႔ Movie Crazy အစီအစဥ္ကေန တင္ဆက္ေပးလိုက္တာ ျဖစ္ပါတယ္။ Movie Crazy-DVB အစီအစဥ္ကို အပတ္စဥ္ ဗုဒၶဟူးေန႔ ညတိုင္း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီေတြမွာ DVB TV channel ကေန ပုံမွန္တင္ဆက္ေပးေနတာျဖစ္ၿပီး မ ၾကည့္ရႈလိုက္ရသူေတြအတြက္ ၾကာသပေတးေန႔မနက္ ၉.၁၅ နာရီ၊ ေန႔လည္ ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ ေသာၾကာေန႔ ေန႔လည္ ၂.၄၅ နာရီ၊ စေနေန႔ မနက္ ၁၁.၄၅ နာရီနဲ႔ တ နလၤာေန႔မနက္ ၉.၄၅ နာရီတို႔မွာ ျပန္လည္ ထုတ္လႊင့္ျပသေပးေနတာ ျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ Movie Crazy ေတြအတြက္ ႏိုင္ငံတကာနဲ႔ ျမန္မာ႐ုပ္ရွင္ကား ေတြ အေၾကာင္းကို ေကာင္းႏိုးရာရာ ေ႐ြးခ်ယ္တင္ဆက္ေပးေနတာျဖစ္ၿပီး Movie Crazy-DVB ဆိုတဲ့ Facebook စာမ်က္ႏွာကေနတဆင့္လည္း Like, Share နဲ႔ Comment ေတြေပးၿပီး ေတာ့ အားေပးႏိုင္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024