Home
မြန်မာသတင်း
YBS ယာဉ်မောင်း ၅၂၀၀ ကျော်ကို စက်တင်ဘာလကုန်နောက်ဆုံးထား၍ စမတ်ကတ်များ ထုတ်ပေးမည်
အာကာ
·
August 22, 2019
YBS ဘတ်စ်ကား ယာဉ်မောင်း၅၂၀၀ကျော်ကို စက်တင်ဘာလကုန်နောက်ဆုံးထားကာ စမတ်ကတ်တွေထုတ်ပေးပြီး ထိန်းချုပ်ရေးဗဟိုဌာနကနေ စည်းကမ်းထိန်းသိမ်းသွားဖို့ရှိနေပါတယ်။  ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ကြီးကြပ်မှုအောက်က YBS ယာဉ်လိုင်းတွေမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကို ဇွန်လက စပြီး စမတ်ကတ်တွေ စထုတ်ပေးခဲ့တာပါ။ လက်ရှိမှာ ကုမ္ပဏီနဲ့ အဖွဲ့ ၁၂ခုက ယာဉ်မောင်း ၃၂၀၀ကျော်ကို ထုတ်ပေးခဲ့ပြီး ကျန်ရှိနေတဲ့ ယာဉ်မောင်းတွေကိုတော့ စက်တင်ဘာလကုန်နောက်ဆုံးထားပြီး ထုတ်ပေးသွားမယ်လို့  YRTA တာဝန်ရှိသူက ပြောပါတယ်။ YBS ယာဉ်မောင်းအားလုံးကို စမတ်ကတ်တွေထုတ်ပေးပြီးရင်တော့ Yangon Bus Operator ရဲ့ Control Center ကနေ စည်းကမ်း ကြပ်မတ်သွားမယ်လို့ ဆိုပါတယ်။  မထသကိုဖျက်သိမ်းပြီး YBS ယာဉ်လိုင်းတွေကို  ၂၀၁၇ ဇန်နဝါရီလမှာ စတင်ပြေးဆွဲခဲ့ပြီး နေ့စဉ် ခရီးသည် ၁.၉သန်းလောက် စီးနင်းနေပါတယ်။ လက်ရှိမှာတော့ YBS ယာဉ်လိုင်း၁၀၀ကျော်ကို ယာဉ်စီးရေ ၄၅၀၀ လောက်နဲ့ ကုမ္ပဏီ၁၈ခု ၊ အစုအဖွဲ့၇ခုတို့ကတာဝန်ယူပြေးဆွဲနေပါတယ်။
YBS ယာဥ္ေမာင္း ၅၂၀၀ ေက်ာ္ကို စက္တင္ဘာလကုန္ေနာက္ဆုံးထား၍ စမတ္ကတ္မ်ား ထုတ္ေပးမည္ အာကာ YBS ဘတ္စ္ကား ယာဥ္ေမာင္း၅၂၀၀ေက်ာ္ကို စက္တင္ဘာလကုန္ေနာက္ဆုံးထားကာ စမတ္ကတ္ေတြထုတ္ေပးၿပီး ထိန္းခ်ဳပ္ေရးဗဟိုဌာနကေန စည္းကမ္းထိန္းသိမ္းသြားဖို႔ရွိေနပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ YRTA ႀကီးၾကပ္မႈေအာက္က YBS ယာဥ္လိုင္းေတြမွာ ေမာင္းႏွင္ေနတဲ့ ယာဥ္ေမာင္းေတြကို ဇြန္လက စၿပီး စမတ္ကတ္ေတြ စထုတ္ေပးခဲ့တာပါ။ လက္ရွိမွာ ကုမၸဏီနဲ႔ အဖြဲ႕ ၁၂ခုက ယာဥ္ေမာင္း ၃၂၀၀ေက်ာ္ကို ထုတ္ေပးခဲ့ၿပီး က်န္ရွိေနတဲ့ ယာဥ္ေမာင္းေတြကိုေတာ့ စက္တင္ဘာလကုန္ေနာက္ဆုံးထားၿပီး ထုတ္ေပးသြားမယ္လို႔ YRTA တာဝန္ရွိသူက ေျပာပါတယ္။ YBS ယာဥ္ေမာင္းအားလုံးကို စမတ္ကတ္ေတြထုတ္ေပးၿပီးရင္ေတာ့ Yangon Bus Operator ရဲ႕ Control Center ကေန စည္းကမ္း ၾကပ္မတ္သြားမယ္လို႔ ဆိုပါတယ္။ မထသကိုဖ်က္သိမ္းၿပီး YBS ယာဥ္လိုင္းေတြကို ၂၀၁၇ ဇန္နဝါရီလမွာ စတင္ေျပးဆြဲခဲ့ၿပီး ေန႔စဥ္ ခရီးသည္ ၁.၉သန္းေလာက္ စီးနင္းေနပါတယ္။ လက္ရွိမွာေတာ့ YBS ယာဥ္လိုင္း၁၀၀ေက်ာ္ကို ယာဥ္စီးေရ ၄၅၀၀ ေလာက္နဲ႔ ကုမၸဏီ၁၈ခု ၊ အစုအဖြဲ႕၇ခုတို႔ကတာဝန္ယူေျပးဆြဲေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024