မိမိထက်ပိုပြီး စံချိန်တင် စွမ်းဆောင်နိုင်သည့် ကစားသမား တဦးမှမရှိဟု စီရော်နယ်ဒို ပြော

ဓာတ်ပုံ - TVI
630
မိမိထက်ပိုပြီး စံချိန်တင် စွမ်းဆောင်နိုင်တဲ့ ကစားသမား တဦးမှမရှိကြောင်း ဂျူဗင်တပ်နဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ပြောပါတယ်။ ပေါ်တူဂီရုပ်သံ TV1 နဲ့ အင်တာဗျူး အစီအစဉ်မှာ ပြောသွားတာပါ။
မိမိထက်ပိုပြီး စံချိန်တင် မှတ်တမ်းကောင်းတွေ တင်ရှိထားတဲ့ ဘောလုံးသမား ဘယ်သူရှိလို့လဲလို့ စီရော်နယ်ဒိုက အင်တာဗျူးတဲ့သူကို မေးခွန်းထုတ်လိုက်ပြီး ဘယ်ကစားသမားကမှ မိမိရဲ့စံချိန်တွေကို လိုက်မီနိုင်မှာ မဟုတ်ဘူးလို့ စီရော်နယ်ဒိုက ဆိုပါတယ်။
စီရော်နယ်ဒိုဟာ ဘလွန်းဒီအောလို့ခေါ်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီနဲ့အတူ ၅ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ မက်ဆီထက် ဂိုးပိုသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ၁၂၆ ဂိုးနဲ့ ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတာပါ။
ဒါ့အပြင် ချန်ပီယံလိဂ် ဆုဖလားအရေအတွက်မှာလည်း မက်ဆီထက် တကြိမ် ပိုမိုရရှိထားပြီး စုစုပေါင်း ၅ ကြိမ်နဲ့ အများဆုံးရယူထားတာ ဖြစ်ပါတယ်။
Zawgyi Version မိမိထက္ပိုၿပီး စံခ်ိန္တင္ စြမ္းေဆာင္ႏိုင္သည့္ ကစားသမား တဦးမွမရွိဟု စီေရာ္နယ္ဒို ေျပာ DVB မိမိထက္ပိုၿပီး စံခ်ိန္တင္ စြမ္းေဆာင္ႏိုင္တဲ့ ကစားသမား တဦးမွမရွိေၾကာင္း ဂ်ဴဗင္တပ္နဲ႔ ေပၚတူဂီတိုက္စစ္မႉး စီေရာ္နယ္ဒိုက ေျပာပါတယ္။ ေပၚတူဂီ႐ုပ္သံ TV1 နဲ႔ အင္တာဗ်ဴး အစီအစဥ္မွာ ေျပာသြားတာပါ။ မိမိထက္ပိုၿပီး စံခ်ိန္တင္ မွတ္တမ္းေကာင္းေတြ တင္ရွိထားတဲ့ ေဘာလုံးသမား ဘယ္သူရွိလို႔လဲလို႔ စီေရာ္နယ္ဒိုက အင္တာဗ်ဴးတဲ့သူကို ေမးခြန္းထုတ္လိုက္ၿပီး ဘယ္ကစားသမားကမွ မိမိရဲ႕စံခ်ိန္ေတြကို လိုက္မီႏိုင္မွာ မဟုတ္ဘူးလို႔ စီေရာ္နယ္ဒိုက ဆိုပါတယ္။ စီေရာ္နယ္ဒိုဟာ ဘလြန္းဒီေအာလို႔ေခၚတဲ့ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမားဆုကို မက္ဆီနဲ႔အတူ ၅ ႀကိမ္ ရယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဥေရာပခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာေတာ့ မက္ဆီထက္ ဂိုးပိုသြင္းယူႏိုင္ခဲ့ၿပီး စုစုေပါင္း ၁၂၆ ဂိုးနဲ႔ ဂိုးအမ်ားဆုံး ကစားသမားအျဖစ္ စံခ်ိန္တင္ထားတာပါ။ ဒါ့အျပင္ ခ်န္ပီယံလိဂ္ ဆုဖလားအေရအတြက္မွာလည္း မက္ဆီထက္ တႀကိမ္ ပိုမိုရရွိထားၿပီး စုစုေပါင္း ၅ ႀကိမ္နဲ႔ အမ်ားဆုံးရယူထားတာ ျဖစ္ပါတယ္။