Home
မြန်မာသတင်း
ပညာရေးကောလိပ် ၃ ခုတွင် ဖဲကြိုးစိမ်းကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်
DVB
·
August 22, 2019
စစ်ကိုင်းပညာရေးကောလိပ်၊ မကွေးပညာရေးကောလိပ်နဲ့ ဘိုကလေးပညာရေးကောလိပ် ကျောင်းသုံးကျောင်းက သြဂုတ် ၂၂ ရက်နေ့မှာ ဖဲကြိုးစိမ်းကမ်ပိန်းကို တပြိုင်တည်း ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဖဲကြိုးစိမ်းကမ်ပိန်းကို စစ်ကိုင်းတိုင်း၊ ဧမြဝတီရပ် ကမ်းနားလမ်းဒေါင့်မှာ ဒီနေ့မနက် ပြုလုပ်ခဲ့ပါတယ်။ “ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ပြုလုပ်ရတာကတော့ BA(Edu)၊ B.Sc (Edu)နဲ့ ပတ်သက်ပြီး ပွင့်လင်းစွာ ထုတ်ပြန်ပေးဖို့နဲ့ အခြေခံပညာက အဝေးသင်တက်ရောက်ရာမှာလည်း လုံလောက်တဲ့ ခွင့်ရရှိရန် ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂတွေအပေါ်မှာ ဖိနှိပ်မှု မရှိစေချင်သလို ဖိနှိပ်မှုတွေ လုံးဝရပ်တန့်ပေးဖို့ ကျွန်ုပ်တို့ စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများ သမဂ္ဂက တောင်းဆိုလိုက်ရတာ” လို့ စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကိုမျိုးသက်ထွန်းက ပြောပါတယ်။ ဖဲကြိုးစိမ်းကမ်ပိန်းကို တရက်ကို ပညာရေးကောလိပ်ကျောင်းတွေ အပါအဝင် တက္ကသိုလ် ကျောင်းအသီးသီးက ကျောင်းတွေက ၂ ကျောင်းနှုန်းနဲ့ ဆက်လက်ပြီး ကမ်ပိန်းပြုလုပ်နေကြတာပါ။ အခုတောင်းဆိုချက်တွေဟာ နိုင်ငံတဝန်းက ‌ကောလိပ်ကျောင်းသား/သူတွေနဲ့ တိုက်ရိုက် သက်ဆိုင်ရုံသာမက ပညာရေးကောလိပ်ဆင်းတွေ၊ အခြေခံဆရာ/မတွေနဲ့လည်း သက်ဆိုင်နေတဲ့ အတွက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ အားလုံးပူးပေါင်းပါဝင်ပေးဖို့ စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းထားပါတယ်။ ဖဲကြိုးစိမ်းကမ်ပိန်းကို စစ်ကိုင်းပညာရေးကောလိပ်ကျောင်းဝင်းအတွင်းမှာ အင်အား ၃၀၀ နီးပါးနဲ့ ပြုလုပ်ခဲ့ပါတယ်။
ပညာေရးေကာလိပ္ ၃ ခုတြင္ ဖဲႀကိဳးစိမ္းကမ္ပိန္းလႈပ္ရွားမႈ ျပဳလုပ္ DVB စစ္ကိုင္းပညာေရးေကာလိပ္၊ မေကြးပညာေရးေကာလိပ္နဲ႔ ဘိုကေလးပညာေရးေကာလိပ္ ေက်ာင္းသုံးေက်ာင္းက ၾသဂုတ္ ၂၂ ရက္ေန႔မွာ ဖဲႀကိဳးစိမ္းကမ္ပိန္းကို တၿပိဳင္တည္း ျပဳလုပ္ခဲ့ၾကပါတယ္။ စစ္ကိုင္းပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢက ဦးေဆာင္ၿပီး ဖဲႀကိဳးစိမ္းကမ္ပိန္းကို စစ္ကိုင္းတိုင္း၊ ဧျမဝတီရပ္ ကမ္းနားလမ္းေဒါင့္မွာ ဒီေန႔မနက္ ျပဳလုပ္ခဲ့ပါတယ္။ “ဖဲႀကိဳးစိမ္းလႈပ္ရွားမႈကို ျပဳလုပ္ရတာကေတာ့ BA(Edu)၊ B.Sc (Edu)နဲ႔ ပတ္သက္ၿပီး ပြင့္လင္းစြာ ထုတ္ျပန္ေပးဖို႔နဲ႔ အေျခခံပညာက အေဝးသင္တက္ေရာက္ရာမွာလည္း လုံေလာက္တဲ့ ခြင့္ရရွိရန္ ပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢေတြအေပၚမွာ ဖိႏွိပ္မႈ မရွိေစခ်င္သလို ဖိႏွိပ္မႈေတြ လုံးဝရပ္တန႔္ေပးဖို႔ ကြၽႏ္ုပ္တို႔ စစ္ကိုင္းပညာေရးေကာလိပ္ ေက်ာင္းသားမ်ား သမဂၢက ေတာင္းဆိုလိုက္ရတာ” လို႔ စစ္ကိုင္းပညာေရး တကၠသိုလ္ေက်ာင္းသားမ်ား သမဂၢမွ ကိုမ်ိဳးသက္ထြန္းက ေျပာပါတယ္။ ဖဲႀကိဳးစိမ္းကမ္ပိန္းကို တရက္ကို ပညာေရးေကာလိပ္ေက်ာင္းေတြ အပါအဝင္ တကၠသိုလ္ ေက်ာင္းအသီးသီးက ေက်ာင္းေတြက ၂ ေက်ာင္းႏႈန္းနဲ႔ ဆက္လက္ၿပီး ကမ္ပိန္းျပဳလုပ္ေနၾကတာပါ။ အခုေတာင္းဆိုခ်က္ေတြဟာ ႏိုင္ငံတဝန္းက ‌ေကာလိပ္ေက်ာင္းသား/သူေတြနဲ႔ တိုက္႐ိုက္ သက္ဆိုင္႐ုံသာမက ပညာေရးေကာလိပ္ဆင္းေတြ၊ အေျခခံဆရာ/မေတြနဲ႔လည္း သက္ဆိုင္ေနတဲ့ အတြက္ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ အားလုံးပူးေပါင္းပါဝင္ေပးဖို႔ စစ္ကိုင္းပညာေရးေကာလိပ္ ေက်ာင္းသားမ်ားသမဂၢက တိုက္တြန္းထားပါတယ္။ ဖဲႀကိဳးစိမ္းကမ္ပိန္းကို စစ္ကိုင္းပညာေရးေကာလိပ္ေက်ာင္းဝင္းအတြင္းမွာ အင္အား ၃၀၀ နီးပါးနဲ႔ ျပဳလုပ္ခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024