Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တင်သွင်းသည့် အရေးကြီးအဆို လွှတ်တော် နာယက ပယ်ချ
အောင်ဆန်းဦး
·
August 22, 2019
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေတင်သွင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒကြမ်း ၂ ခုကို ပြည်ထောင်စုလွှတ်တော်အနေနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်ပေးဖို့ အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော် နာယကက ပယ်ချလိုက်ပါတယ်။ အဆိုပါ အရေးကြီးအဆိုကို သြဂုတ် ၂၁ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ၄၅ ဦးကော်မတီက လုပ်ဆောင်နေပြီး ဆောင်ရွက်ဆဲကိစ္စဖြစ်တာကြောင့် မလိုအပ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော် နာယကက ပယ်ချလိုက်တာဖြစ်တယ်လို့ အရေးကြီးအဆို တင်သွင်းခဲ့တဲ့ ဦးသောင်းအေးက သတင်းမီဒီယာတွေကို ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းပါဝင်လက်မှတ်ရေး ထိုးထားပြီး မိမိတို့ ကိုယ်စားလှယ်တွေ တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းအား ၄၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်အတွင်းမှာ ထည့်သွင်းတဲ့အပေါ် လက်ခံနိုင်ခြင်းမရှိတာကြောင့် အခုလို ပြောဆိုနေရတာလို့လည်း ဦးသောင်းအေးက ဆိုပါတယ်။ ဒီအတွက် ဖွဲစည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုနဲ့ ၄၅ ဦးကော်မတီလုပ်ငန်းစဉ်အောက်သို့ ထည့်သွင်းပါက ကြံ့ခိုင်ရေး ပါတီအနေနဲ့ ဥပဒေနဲ့အညီ ဆက်လက်ကန့်ကွက်ဖို့ နည်းလမ်းရှာသွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်လိုတဲ့ အချက်ပေါင်း ၃၇၆၅ ချက်ပါဝင်တဲ့ အစီရင်ခံစာမှာ ကြံ့ခိုင်ရေး ပါတီက တင်သွင်းထားတဲ့ အချက် ၁၀ ချက်ပါဝင်တယ်လို့ ဖော်ပြထားတာဟာလည်းမဟုတ်မမှန် ဖော်ပြတာလို့ ကြံ့ခိုင်ရေးပါတီက ဆိုပါတယ်။ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေအနေနဲ့ ၄၅ ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေးတွေမှာ ပြင်ဆင်ချက် တင်သွင်းခဲ့ခြင်းမရှိသလို ပါဝင်ဆွေးနွေးခဲ့ခြင်းမရှိခဲ့တဲ့အတွက် ပူးပေါင်းကော်မတီ အစီရင်ခံစာပါအချက်တွေကို တရားဝင် ပယ်ဖျက်ပေးဖို့ လွှတ်တော်နာယကထံ တင်ပြထားပြီး နာယကကလည်း လက်ခံထားတယ်လို့ ပါတီ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးသောင်းအေးက ပြောပါတယ်။
ႀကံ့ခိုင္ေရးပါတီကိုယ္စားလွယ္တင္သြင္းသည့္ အေရးႀကီးအဆို လႊတ္ေတာ္ နာယက ပယ္ခ် ေအာင္ဆန္းဦး ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္ေတြတင္သြင္းထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ဥပဒၾကမ္း ၂ ခုကို ျပည္ေထာင္စုလႊတ္ေတာ္အေနနဲ႔ ဥပေဒပါ ျပ႒ာန္းခ်က္အတိုင္း ဆက္လက္ေဆာင္႐ြက္ေပးဖို႔ အေရးႀကီး အဆိုကို ျပည္ေထာင္စုလႊတ္ေတာ္ နာယကက ပယ္ခ်လိုက္ပါတယ္။ အဆိုပါ အေရးႀကီးအဆိုကို ၾသဂုတ္ ၂၁ ရက္က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္မွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအးက တင္သြင္းခဲ့တာျဖစ္ပါတယ္။ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး ၄၅ ဦးေကာ္မတီက လုပ္ေဆာင္ေနၿပီး ေဆာင္႐ြက္ဆဲကိစၥျဖစ္တာေၾကာင့္ မလိုအပ္ဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လႊတ္ေတာ္ နာယကက ပယ္ခ်လိုက္တာျဖစ္တယ္လို႔ အေရးႀကီးအဆို တင္သြင္းခဲ့တဲ့ ဦးေသာင္းေအးက သတင္းမီဒီယာေတြကို ေျပာပါတယ္။ ႀကံ့ခိုင္ေရးပါတီအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၀ ရာခိုင္ႏႈန္းပါဝင္လက္မွတ္ေရး ထိုးထားၿပီး မိမိတို႔ ကိုယ္စားလွယ္ေတြ တင္သြင္းထားတဲ့ ဖြဲ႕စည္းပုံျပင္ဆင္ေရး ဥပေဒၾကမ္းအား ၄၅ ဦးပါဝင္တဲ့ ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ လုပ္ငန္းစဥ္အတြင္းမွာ ထည့္သြင္းတဲ့အေပၚ လက္ခံႏိုင္ျခင္းမရွိတာေၾကာင့္ အခုလို ေျပာဆိုေနရတာလို႔လည္း ဦးေသာင္းေအးက ဆိုပါတယ္။ ဒီအတြက္ ဖြဲစည္းပုံအေျခခံဥပေဒပါ ျပ႒ာန္းခ်က္အတိုင္း ေဆာင္႐ြက္ျခင္းမရွိဘဲ လႊတ္ေတာ္အတြင္း မဲခြဲဆုံးျဖတ္မႈနဲ႔ ၄၅ ဦးေကာ္မတီလုပ္ငန္းစဥ္ေအာက္သို႔ ထည့္သြင္းပါက ႀကံ့ခိုင္ေရး ပါတီအေနနဲ႔ ဥပေဒနဲ႔အညီ ဆက္လက္ကန႔္ကြက္ဖို႔ နည္းလမ္းရွာသြားမယ္လို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက တင္သြင္းထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအား ျပင္ဆင္လိုတဲ့ အခ်က္ေပါင္း ၃၇၆၅ ခ်က္ပါဝင္တဲ့ အစီရင္ခံစာမွာ ႀကံ့ခိုင္ေရး ပါတီက တင္သြင္းထားတဲ့ အခ်က္ ၁၀ ခ်က္ပါဝင္တယ္လို႔ ေဖာ္ျပထားတာဟာလည္းမဟုတ္မမွန္ ေဖာ္ျပတာလို႔ ႀကံ့ခိုင္ေရးပါတီက ဆိုပါတယ္။ ႀကံ့ခိုင္ေရးပါတီကိုယ္စားလွယ္ေတြအေနနဲ႔ ၄၅ ဦးပါ ဖြဲ႕စည္းပုံျပင္ဆင္ေရး ပူးေပါင္းေကာ္မတီအစည္းအေဝးေတြမွာ ျပင္ဆင္ခ်က္ တင္သြင္းခဲ့ျခင္းမရွိသလို ပါဝင္ေဆြးေႏြးခဲ့ျခင္းမရွိခဲ့တဲ့အတြက္ ပူးေပါင္းေကာ္မတီ အစီရင္ခံစာပါအခ်က္ေတြကို တရားဝင္ ပယ္ဖ်က္ေပးဖို႔ လႊတ္ေတာ္နာယကထံ တင္ျပထားၿပီး နာယကကလည္း လက္ခံထားတယ္လို႔ ပါတီ ကိုယ္စားလွယ္ အဖြဲ႕ေခါင္းေဆာင္ ဦးေသာင္းေအးက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024