Home
မြန်မာသတင်း
ဂုတ်တွင်းတံတားနှင့်အပြိုင် ၂ လမ်းသွား တံတားသစ်တည်ဆောက်မည်
DVB
·
August 22, 2019
မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ AA၊ TNLAနဲ့ MNDAA တို့ မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးသွားခဲ့တဲ့ ဂုတ်တွင်းတံတားဘေးမှာ တံတားသစ်တစင်းကို အမြန်ဆုံး တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။ သြဂုတ် ၂၁ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ ဒုဝန်ကြီးက သတင်းမီဒီယာတွေကို ပြောဆိုလိုက်တာပါ။ လက်ရှိအချိန်မှာတော့ ပျက်ဆီးသွားတဲ့ ဂုတ်တွင်းတံတားနေရာမှာ ယာယီတံတား တစင်း တည်ဆောက်ထားပြီး ယာဉ်သွားလာခွင့်ပြုထားပေမယ့် ကုန်ကားတင်ကားကြီးတွေကတော့ ယခုလကုန်ပိုင်းလောက်မှသာ သွားလာခွင့်ပြုဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က AA၊ TNLAနဲ့ MNDAA လက်နက်ကိုင်သုံးဖွဲ့က  ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းမကြီးတခုဖြစ်တဲ့ မန္တလေး- လားရှိုးလမ်းပေါ်ရှိ  ဂုတ်တွင်းတံတားကို မိုင်းခွဲတိုက်ခိုက် ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ဂုတ္တြင္းတံတားႏွင့္အၿပိဳင္ ၂ လမ္းသြား တံတားသစ္တည္ေဆာက္မည္ DVB ေျမာက္ပိုင္းလက္နက္ကိုင္ ၃ ဖြဲ႕ျဖစ္တဲ့ AA၊ TNLAနဲ႔ MNDAA တို႔ မိုင္းခြဲတိုက္ခိုက္ဖ်က္ဆီးသြားခဲ့တဲ့ ဂုတ္တြင္းတံတားေဘးမွာ တံတားသစ္တစင္းကို အျမန္ဆုံး တည္ေဆာက္သြားမယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီးက ေျပာပါတယ္။ ၾသဂုတ္ ၂၁ ရက္ေန႔ကက်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝး ေခတၱနားခ်ိန္မွာ ဒုဝန္ႀကီးက သတင္းမီဒီယာေတြကို ေျပာဆိုလိုက္တာပါ။ လက္ရွိအခ်ိန္မွာေတာ့ ပ်က္ဆီးသြားတဲ့ ဂုတ္တြင္းတံတားေနရာမွာ ယာယီတံတား တစင္း တည္ေဆာက္ထားၿပီး ယာဥ္သြားလာခြင့္ျပဳထားေပမယ့္ ကုန္ကားတင္ကားႀကီးေတြကေတာ့ ယခုလကုန္ပိုင္းေလာက္မွသာ သြားလာခြင့္ျပဳဖို႔ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ဩဂုတ္ ၁၅ ရက္က AA၊ TNLAနဲ႔ MNDAA လက္နက္ကိုင္သုံးဖြဲ႕က ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ နယ္စပ္ကုန္သြယ္ေရး အဓိက လမ္းမႀကီးတခုျဖစ္တဲ့ မႏၲေလး- လားရႈိးလမ္းေပၚရွိ ဂုတ္တြင္းတံတားကို မိုင္းခြဲတိုက္ခိုက္ ဖ်က္ဆီးခဲ့တာျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024