Live
Home
မြန်မာသတင်း
တိုက်ပွဲရပ်ပြီး စစ်ဘေးရှောင်များကို ကူညီရန်  တအာင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို
နော်နိုရင်း
·
August 22, 2019
ပြည်သူတွေရဲ့ အသက်အိုးအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့ တအာင်းအရပ်ဘက်အဖွဲ့စည်းတွေက  ဩဂုတ် ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဩဂုတ် ၁၅ ရက်ကနေ ၂၀ ရက်အထိ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့အကြားတိုက်ပွဲကြောင့် လမ်းတံတားတွေအပြင် လူထုတွေထိခိုက်ဒဏ်ရာ ရရှိတာနဲ့ အသက်သေဆုံးတာ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ ပိတ်မိခဲ့တဲ့အပြင် စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ တအာင်းအရပ်ဘက်အဖွဲ့စည်းတွေက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေတဲ့ လူပေါင်း ၅၀၀၀ နီးပါးကိုလည်း အစိုးရအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ကူညီပေးကြဖို့အပြင် လွယ်ကူစွာ ကူညီထောက်ပံ့မှုပေးနိုင်တဲ့လမ်းကြောင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အကူအညီပေးဖို့ လည်း တိုက်တွန်းထားပါတယ်။  ဩဂုတ် ၁၅ ရက်က မြောက်ပိုင်းမဟာမိတ်တွေဖြစ်တဲ့ MNDAA, TNLA, AA တို့က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ နေရာကို စတင်တိုက်ခိုက် ပြီးတဲ့နောက် ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ ကွမ်းလုံတဲ့ လမ်းတလျှောက်မှာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေပါတယ်။  ဒါကြောင့် တိုက်ပွဲဖြစ်ပွားတာ၊  ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ဦးတည်တိုက်ခိုက်တာကို ရပ်တန့်ပြီး  နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဘဲ တွေ့ဆုံ ဆွေးနွေးအဖြေရှာဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖောင်ရာမှာလည်း ငြိမ်းချမ်းရေးကော်မရှင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဗဟိုဌာနအနေနဲ့ လက်တွေ့ကျတဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ဖော်ဆောင်ပေးဖို့လည်း တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုပါတယ်။ 
တိုက္ပြဲရပ္ၿပီး စစ္ေဘးေရွာင္မ်ားကို ကူညီရန္ တအာင္းအရပ္ဘက္အဖြဲ႕အစည္းမ်ား ေတာင္းဆို ေနာ္ႏိုရင္း ျပည္သူေတြရဲ႕ အသက္အိုးအိမ္ထိခိုက္ပ်က္စီးမႈေတြ ရွိေနတဲ့အတြက္ ႏွစ္ဖက္တိုက္ပြဲေတြကို အျမန္ဆုံး ရပ္တန႔္ေပးဖို႔ တအာင္းအရပ္ဘက္အဖြဲ႕စည္းေတြက ဩဂုတ္ ၂၁ ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္ေတာင္းဆိုလိုက္ပါတယ္။ ဩဂုတ္ ၁၅ ရက္ကေန ၂၀ ရက္အထိ ျမန္မာ့တပ္မေတာ္နဲ႔ ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႕အၾကားတိုက္ပြဲေၾကာင့္ လမ္းတံတားေတြအျပင္ လူထုေတြထိခိုက္ဒဏ္ရာ ရရွိတာနဲ႔ အသက္ေသဆုံးတာ၊ ခရီးသည္နဲ႔ ကုန္တင္ကားေတြ ပိတ္မိခဲ့တဲ့အျပင္ စစ္ေဘးေရွာင္ဒုကၡသည္ ၅၀၀၀ နီးပါး ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ တအာင္းအရပ္ဘက္အဖြဲ႕စည္းေတြက ထုတ္ျပန္ပါတယ္။ ဒါ့အျပင္ ေနရပ္စြန႔္ခြာထြက္ေျပးေနတဲ့ လူေပါင္း ၅၀၀၀ နီးပါးကိုလည္း အစိုးရအပါအဝင္ အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ အစိုးရမဟုတ္တဲ့အဖြဲ႕အစည္းေတြက ကူညီေပးၾကဖို႔အျပင္ လြယ္ကူစြာ ကူညီေထာက္ပံ့မႈေပးႏိုင္တဲ့လမ္းေၾကာင္းကို သက္ဆိုင္ရာ အဖြဲ႕အစည္းေတြက အကူအညီေပးဖို႔ လည္း တိုက္တြန္းထားပါတယ္။ ဩဂုတ္ ၁၅ ရက္က ေျမာက္ပိုင္းမဟာမိတ္ေတြျဖစ္တဲ့ MNDAA, TNLA, AA တို႔က ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာတကၠသိုလ္အပါအဝင္ ေနရာ ၅ ေနရာကို စတင္တိုက္ခိုက္ ၿပီးတဲ့ေနာက္ ေက်ာက္မဲ၊ လားရႈိး၊ သိႏၷီ၊ ကြတ္ခိုင္၊ မူဆယ္နဲ႔ ကြမ္းလုံတဲ့ လမ္းတေလွ်ာက္မွာ ျပင္းထန္စြာ တိုက္ပြဲျဖစ္ပြားေနပါတယ္။ ဒါေၾကာင့္ တိုက္ပြဲျဖစ္ပြားတာ၊ ျပည္သူေတြရဲ႕ အသက္အိုးအိမ္ကို ဦးတည္တိုက္ခိုက္တာကို ရပ္တန႔္ၿပီး ႏိုင္ငံေရးျပႆနာကို စစ္ေရးနဲ႔ မေျဖရွင္းဘဲ ေတြ႕ဆုံ ေဆြးေႏြးအေျဖရွာဖို႔၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ အေကာင္အထည္ေဖာင္ရာမွာလည္း ၿငိမ္းခ်မ္းေရးေကာ္မရွင္၊ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး ဗဟိုဌာနအေနနဲ႔ လက္ေတြ႕က်တဲ့ အျမန္ဆုံး ေတြ႕ဆုံေဆြးေႏြးေရး လမ္းေၾကာင္းကို ေဖာ္ေဆာင္ေပးဖို႔လည္း တအာင္းအရပ္ဘက္အဖြဲ႕အစည္းေတြက တိုက္တြန္းေတာင္းဆိုပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024