A d v e r t i s e m e n t With Us

နေရပ်စွန့်ထွက်ပြေးသွားသူများကို တောင်​ပြိုလက်​ဝဲစခန်းမှ တနေ့ လူဦးရေ ၁၅၀  လက်​ခံသွားမည်​

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့သူတွေအတွက် တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းမှာ သြဂုတ် ၂၂ ရက်က စတင်ပြီး ပြန်လည်လက်ခံဆောင်ရွက် ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တနေ့ကို လူဦးရေ ၁၅၀ လောက် ပြန်လည် လက်ခံဆောင်ရွက်ပေးသွားဖို့ အဆင်သင့် ပြင်ဆင်ထားပြီး အရေအတွက် ဘယ်လောက်လာမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ "​တောင်​ပြိုလက်​ခံ​ရေးစခန်းက လက်​ခံသွားမှာပါ။ ဘယ်​​လောက်​လာမလဲ အ​ရေအတွက်​ မ​ပေး​သေးဘူး။ ကျနော်​တို့က​တော့ တ​နေ့ ၁၅၀ လက်​ခံသွားမှာပါ။ ဒီဘက်​ကတော့ အဆင်​သင့် ဖြစ်​​နေပါပြီ။ ဟိန္ဒူတွေ ဝင်​မှာလား ဆို​တာကတော့ ဟိန္ဒူလား၊ ဘင်္ဂါလီလား ဆိုတာကို ဟိုဘက်က တိတိကျကျ ခွဲမ‌ပေးသေးဘူးဗျ။ ဒီကစစ်​​ဆေးပြီးတဲ့သူ​တွေကို​တော့ ပို့မယ်​လို့​တော့ ​ပြောတယ်​။ ဟိန္ဒူ​​တွေကို ​ပို့မှာလား။ ဘင်္ဂါလီပဲ ပို့မှာလားတော့ မ​ပြောတတ်​ဘူး။”  ပြန်ဝင်ရောက်လာမယ့်သူတွေကို မြန်မာဘက်က လက်ခံဖို့ အဆင့်သင့်ပြင်ဆင်ထားပေမယ့် ဟိုဘက်​က ပြန်​မလာဘူးဆိုတဲ့ သတင်းတွေ ထွက်​​ပေါ်​နေပါတယ်။ “ကျနော်တို့ဘက်ကလည်း ဟိုဘက်​အစိုးရက ပြန်​ပို့မှ လက်​ခံလို့ရမှာကို ဟိုဘက်​အစိုးရက မပို့ဘူး။ သူတို့ မလာဘူးဆိုရင် ​ပြန်​လက်​ခံလို့မရဘူးပေါ့။ နှစ်​နိုင်​ငံ သ​ဘောတူစာချုပ်​အရလည်း ကာယကံရှင်​ရဲ့ ဆန္ဒအ​လျောက် လာမှသာ ပြန်​လည်​လက်​ခံသွားမှာ ဖြစ်​​တယ်​လို့ ပါရှိတယ်​​လေ။ ကျနော်တို့ဘက်ကတော့ နှိုးဆောင် ထားပြီးသားပါ ပုံမှန်​ပါပဲ။ ဝန်​ထမ်းတွေလည်း အဆင်သင့်ပါပဲ”လို့ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ​ပြောကြားပါတယ်​။ သိန်းနဲ့ချီတဲ့ ဒုက္ခသည်​တွေဟာ ၂၀၁၇ သြဂုတ်​ ၂၅ ရက်​​က အကြမ်းဖက်​ဖြစ်​စဉ်​​တွေ အပြီး နေရပ်စွန့်ထွက်ခွာသွမြန်​မာအစိုးရနဲ့ ဘင်္ဂလား​ဒေ့ရှ်အစိုးရတို့ရဲ့ နှစ်​နိုင်​ငံ သ​ဘောတူညီချက်​နဲ့ ပြန်​လည်​လက်​ခံရာမှာ မြန်​မာနိုင်​ငံဘက်​က UEHRD အစီအစဉ်​နဲ့ ပြန်​လည်​လက်​ခံ​ရေးလုပ်​ငန်းတွေကို အ​ကောင်​အထည်​​ဖော်​​ ဆောင်​ရွက်​ထားရှိပေမယ့်လည်း နေရပ်စွန့်ခွာ ထွက်သွားသူတွေထဲက တဦးမှ တရားဝင်​ပြန်​လာတာ မရှိ​သေး​ပါ။ ပြန်​လည်​လက်​ခံ​ရေးအစီအစဉ်​အဖြစ် ​ကုန်းလမ်းမှ ဝင်​​ရောက်​လာသူတွေကို တောင်ပြိုလက်ဝဲ ပြန်​လည်​လက်​ခံ​ရေး စခန်းအမှတ် (၁) နဲ့  ရေကြောင်းမှ ဝင်ရောက်​လာသူတွေအတွက်​ ငါးခူရ ပြန်​လည်​လက်​ခံ​ရေးစခန်း အမှတ်​ (၂) ဆိုပြီး စခန်း ၂ ခု ဖွင့်လှစ်​ထားရှိခဲ့တာပါ။ ထိုပြန်​လည်​လက်​ခံ​ရေးအစီအစဉ်အရ  ၂၀၁၈ ဇန်​နဝါရီလ ၂၃ ရက်​ မှာ ပထမတကြိမ် ပြန်လည်လက်ခံဖို့ ပြင်ဆင်ထားခဲ့ပေမယ့်လည်း ထွက်ပြေးသွားသူတွေ  ပြန်​လည်​ဝင်​​ရောက်​လာခြင်း မရှိခဲ့ပါဘူး။ ၂၀၁၈ နိုဝင်​ဘာလ ၁၅ ရက်​မှာ ဒုတိယအကြိမ်​ ပြန်​လည်​လက်​ခံရဖို့ မြန်မာဘက်က အဆင်​သင့် ပြင်​ဆင်​ထားခဲ့​ပေမယ့်လည်း ယ​နေ့အထိ နေရပ်စွန်ခွာ ထွက်ပြေးသွားသူတွေ တ​ဦးတယောက်​မှ ပြန်​လည်​ဝင်​​ရောက်​လာတာ မရှိ​သေးပါဘူး။ သတင်း- ကောင်းကောင်း
ေနရပ္စြန႔္ထြက္ေျပးသြားသူမ်ားကို ေတာင္​ၿပိဳလက္​ဝဲစခန္းမွ တေန႔ လူဦးေရ ၁၅၀ လက္​ခံသြားမည္​ DVB ရခိုင္ျပည္နယ္၊ ေမာင္ေတာေဒသမွာ ၂၀၁၇ ခုႏွစ္ အၾကမ္းဖက္ျဖစ္စဥ္ေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့တဲ့သူေတြအတြက္ ေတာင္ၿပိဳလက္ဝဲၿမိဳ႕ ျပန္လည္လက္ခံေရးစခန္းမွာ ၾသဂုတ္ ၂၂ ရက္က စတင္ၿပီး ျပန္လည္လက္ခံေဆာင္႐ြက္ ေပးသြားမယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ တေန႔ကို လူဦးေရ ၁၅၀ ေလာက္ ျပန္လည္ လက္ခံေဆာင္႐ြက္ေပးသြားဖို႔ အဆင္သင့္ ျပင္ဆင္ထားၿပီး အေရအတြက္ ဘယ္ေလာက္လာမယ္ဆိုတာကိုေတာ့ တိတိက်က် မသိရေသးဘူးလို႔ ေမာင္ေတာခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။ "​ေတာင္​ၿပိဳလက္​ခံ​ေရးစခန္းက လက္​ခံသြားမွာပါ။ ဘယ္​​ေလာက္​လာမလဲ အ​ေရအတြက္​ မ​ေပး​ေသးဘူး။ က်ေနာ္​တို႔က​ေတာ့ တ​ေန႔ ၁၅၀ လက္​ခံသြားမွာပါ။ ဒီဘက္​ကေတာ့ အဆင္​သင့္ ျဖစ္​​ေနပါၿပီ။ ဟိႏၵဴေတြ ဝင္​မွာလား ဆို​တာကေတာ့ ဟိႏၵဴလား၊ ဘဂၤါလီလား ဆိုတာကို ဟိုဘက္က တိတိက်က် ခြဲမ‌ေပးေသးဘူးဗ်။ ဒီကစစ္​​ေဆးၿပီးတဲ့သူ​ေတြကို​ေတာ့ ပို႔မယ္​လို႔​ေတာ့ ​ေျပာတယ္​။ ဟိႏၵဴ​​ေတြကို ​ပို႔မွာလား။ ဘဂၤါလီပဲ ပို႔မွာလားေတာ့ မ​ေျပာတတ္​ဘူး။” ျပန္ဝင္ေရာက္လာမယ့္သူေတြကို ျမန္မာဘက္က လက္ခံဖို႔ အဆင့္သင့္ျပင္ဆင္ထားေပမယ့္ ဟိုဘက္​က ျပန္​မလာဘူးဆိုတဲ့ သတင္းေတြ ထြက္​​ေပၚ​ေနပါတယ္။ “က်ေနာ္တို႔ဘက္ကလည္း ဟိုဘက္​အစိုးရက ျပန္​ပို႔မွ လက္​ခံလို႔ရမွာကို ဟိုဘက္​အစိုးရက မပို႔ဘူး။ သူတို႔ မလာဘူးဆိုရင္ ​ျပန္​လက္​ခံလို႔မရဘူးေပါ့။ ႏွစ္​ႏိုင္​ငံ သ​ေဘာတူစာခ်ဳပ္​အရလည္း ကာယကံရွင္​ရဲ႕ ဆႏၵအ​ေလ်ာက္ လာမွသာ ျပန္​လည္​လက္​ခံသြားမွာ ျဖစ္​​တယ္​လို႔ ပါရွိတယ္​​ေလ။ က်ေနာ္တို႔ဘက္ကေတာ့ ႏႈိးေဆာင္ ထားၿပီးသားပါ ပုံမွန္​ပါပဲ။ ဝန္​ထမ္းေတြလည္း အဆင္သင့္ပါပဲ”လို႔ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ​ေျပာၾကားပါတယ္​။ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္​ေတြဟာ ၂၀၁၇ ၾသဂုတ္​ ၂၅ ရက္​​က အၾကမ္းဖက္​ျဖစ္​စဥ္​​ေတြ အၿပီး ေနရပ္စြန္႔ထြက္ခြာသြျမန္​မာအစိုးရနဲ႔ ဘဂၤလား​ေဒ့ရွ္အစိုးရတို႔ရဲ႕ ႏွစ္​ႏိုင္​ငံ သ​ေဘာတူညီခ်က္​နဲ႔ ျပန္​လည္​လက္​ခံရာမွာ ျမန္​မာႏိုင္​ငံဘက္​က UEHRD အစီအစဥ္​နဲ႔ ျပန္​လည္​လက္​ခံ​ေရးလုပ္​ငန္းေတြကို အ​ေကာင္​အထည္​​ေဖာ္​​ ေဆာင္​႐ြက္​ထားရွိေပမယ့္လည္း ေနရပ္စြန႔္ခြာ ထြက္သြားသူေတြထဲက တဦးမွ တရားဝင္​ျပန္​လာတာ မရွိ​ေသး​ပါ။ ျပန္​လည္​လက္​ခံ​ေရးအစီအစဥ္​အျဖစ္ ​ကုန္းလမ္းမွ ဝင္​​ေရာက္​လာသူေတြကို ေတာင္ၿပိဳလက္ဝဲ ျပန္​လည္​လက္​ခံ​ေရး စခန္းအမွတ္ (၁) နဲ႔ ေရေၾကာင္းမွ ဝင္ေရာက္​လာသူေတြအတြက္​ ငါးခူရ ျပန္​လည္​လက္​ခံ​ေရးစခန္း အမွတ္​ (၂) ဆိုၿပီး စခန္း ၂ ခု ဖြင့္လွစ္​ထားရွိခဲ့တာပါ။ ထိုျပန္​လည္​လက္​ခံ​ေရးအစီအစဥ္အရ ၂၀၁၈ ဇန္​နဝါရီလ ၂၃ ရက္​ မွာ ပထမတႀကိမ္ ျပန္လည္လက္ခံဖို႔ ျပင္ဆင္ထားခဲ့ေပမယ့္လည္း ထြက္ေျပးသြားသူေတြ ျပန္​လည္​ဝင္​​ေရာက္​လာျခင္း မရွိခဲ့ပါဘူး။ ၂၀၁၈ ႏိုဝင္​ဘာလ ၁၅ ရက္​မွာ ဒုတိယအႀကိမ္​ ျပန္​လည္​လက္​ခံရဖို႔ ျမန္မာဘက္က အဆင္​သင့္ ျပင္​ဆင္​ထားခဲ့​ေပမယ့္လည္း ယ​ေန႔အထိ ေနရပ္စြန္ခြာ ထြက္ေျပးသြားသူေတြ တ​ဦးတေယာက္​မွ ျပန္​လည္​ဝင္​​ေရာက္​လာတာ မရွိ​ေသးပါဘူး။ သတင္း- ေကာင္းေကာင္း

A d v e r t i s e m e n t With Us

More News
Up