အီရန် ခြိမ်းခြောက်မှုရန်မှ ကာကွယ်မည့် ညွန့်ပေါင်းနိုင်ငံများနှင့် သြစတြေးလျ ပူးပေါင်းမည်

592
ဟော်မုဇ် ရေလက်ကြားမှာ ဖြတ်သန်းသွားလာနေတဲ့ ရေနံတင်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေကို အီရန်ရဲ့ ခြိမ်းခြောက်မှုရန်ကနေ ကာကွယ်မယ့် ညွန့်ပေါင်းနိုင်ငံတွေ စာရင်းမှာ အမေရိကန်နဲ့အတူ သြစတြေးလျက ပူးပေါင်းမယ်လိ့ု သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က သြဂုတ် ၂၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့ နိုဝင်ဘာလမှာ P-8A ပိုဆိုက်ဒွန် စောင့်ကြည့်ရေး လေယာဉ်တစီးနဲ့ ၂၀၂၀ ဇန်နဝါရီလမှာ စစ်သင်္ဘောတစီးကို ဟော်မုဇ် ရေလက်ကြားဆီ ပို့သွားမယ်လို့ ဝန်ကြီးချုပ် မော်ရစ်ဆင်က ပြောပါတယ်။
သြစတြေးလျရဲ့ ခြေလှမ်းသစ်က ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် အမေရိကန် ဦးဆောင်တဲ့ စီမံကိန်းကို ပိုကျယ်ပြန့်သွားစေလိမ့်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အိုမန်နဲ့ အီရန်နိုင်ငံကြားမှာ တည်ရှိတဲ့ ဟော်မုဇ် ရေလက်ကြားဟာ ကမ္ဘာ့ရေနံ ငါးပုံတပုံလောက်ရဲ့ အဓိက ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းပါ။
ဒါ့ကြောင့် ဟော်မုဇ် ရေလက်ကြားမှာ ရေကြောင်းသွားလာရေး စောင့်ကြည့်မယ့် စီမံကိန်းမှာ ပူးပေါင်းပါဝင်ကြဖို့ အမေရိကန်က သူ့ရဲ့မဟာမိတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
ဒါပေမယ့် အီရန်အပေါ် အရေးယူပိတ်ဆို့တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ ဥရောပနိုင်ငံတွေကတော့ အမေရိကန်ဦးဆောင်တဲ့ အဲဒီစီမံကိန်းမှာ ပူးပေါင်းဖို့ တုံ့ဆိုင်းနေကြပါတယ်။
ဒါ့အပြင် ဒေသတွင်း တင်းမာမှုတွေ ထပ်ပြီး တိုးလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
Zawgyi Version အီရန္ ၿခိမ္းေျခာက္မႈရန္မွ ကာကြယ္မည့္ ၫြန္႔ေပါငး္ႏိုင္ငံမ်ားႏွင့္ ၾသစေၾတးလ် ပူးေပါင္းမည္ DVB ေဟာ္မုဇ္ ေရလက္ၾကားမွာ ျဖတ္သန္းသြားလာေနတဲ့ ေရနံတင္သေဘၤာေတြနဲ႔ ကုန္တင္သေဘၤာေတြကို အီရန္ရဲ႕ ၿခိမ္းေျခာက္မႈရန္ကေန ကာကြယ္မယ့္ ၫြန္႔ေပါငး္ႏိုင္ငံေတြ စာရင္းမွာ အေမရိကန္န႔ဲအတူ ၾသစေၾတးလ်က ပူးေပါင္းမယ္လိ႔ု ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ စေကာ့ ေမာ္ရစ္ဆင္က ၾသဂုတ္ ၂၁ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။ ၾသစေၾတးလ်ႏိုင္ငံအေနနဲ႔ ႏိုဝင္ဘာလမွာ P-8A ပိုဆိုက္ဒြန္ ေစာင့္ၾကည့္ေရး ေလယာဥ္တစီးနဲ႔ ၂၀၂၀ ဇန္နဝါရီလမွာ စစ္သေဘၤာတစီးကို ေဟာ္မုဇ္ ေရလက္ၾကားဆီ ပို႔သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ ေမာ္ရစ္ဆင္က ေျပာပါတယ္။ ၾသစေၾတးလ်ရဲ႕ ေျခလွမ္းသစ္က ေဟာ္မုဇ္ ေရလက္ၾကား လုံၿခံဳေရးအတြက္ အေမရိကန္ ဦးေဆာင္တဲ့ စီမံကိန္းကို ပိုက်ယ္ျပန္႔သြားေစလိမ့္မယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ အိုမန္နဲ႔ အီရန္ႏိုင္ငံၾကားမွာ တည္ရွိတဲ့ ေဟာ္မုဇ္ ေရလက္ၾကားဟာ ကမာၻ႕ေရနံ ငါးပုံတပုံေလာက္ရဲ႕ အဓိက ေရေၾကာင္းကုန္သြယ္ေရး လမ္းေၾကာင္းပါ။ ဒါ့ေၾကာင့္ ေဟာ္မုဇ္ ေရလက္ၾကားမွာ ေရေၾကာင္းသြားလာေရး ေစာင့္ၾကည့္မယ့္ စီမံကိန္းမွာ ပူးေပါင္းပါဝင္ၾကဖို႔ အေမရိကန္က သူ႔ရဲ႕မဟာမိတ္ေတြကို တိုက္တြန္းခဲ့ပါတယ္။ ဒါေပမယ့္ အီရန္အေပၚ အေရးယူပိတ္ဆို႔တဲ့ အေမရိကန္ရဲ႕ ဆုံးျဖတ္ခ်က္ကို သေဘာမတူတဲ့ ဥေရာပႏိုင္ငံေတြကေတာ့ အေမရိကန္ဦးေဆာင္တဲ့ အဲဒီစီမံကိန္းမွာ ပူးေပါင္းဖို႔ တုံ႔ဆိုင္းေနၾကပါတယ္။ ဒါ့အျပင္ ေဒသတြင္း တင္းမာမႈေတြ ထပ္ၿပီး တိုးလာမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။