အသွင်ကူးပြောင်းရေးကာလ ဆူဒန်နိုင်ငံကို အုပ်ချုပ်ရန် အချုပ်အခြာ အာဏာပိုင်ကောင်စီ ဖွဲ့စည်း

ဆူဒန်နိုင်ငံကို အုပ်ချုပ်ဖို့ အချုပ်အခြာ အာဏာပိုင်ကောင်စီကို အဖွဲ့ဝင် ၁၁ ယောက်နဲ့ ဖွဲ့စည်းတာ သြဂုတ် ၂၀ ရက်မှာ ပြီးစီးသွားပြီလို့ အာဏာရစစ်ကောင်စီ ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။
ဆူဒန်နိုင်ငံမှာ ရွေးကောက်ပွဲတွေ ပြန်မကျင်းပခင် အသွင်ကူးပြောင်းရေးကာလ ၃ နှစ်မှာ နိုင်ငံကို အုပ်ချုပ်မယ့် အချုပ်အခြာပိုင်ကောင်စီကို ဒုဗိုလ်ချုပ်ကြီး အဘ်ဒယ် ဖာတာ အယ်လ် ဘာဟန်က ဦးဆောင်မှာပါ။
သူဟာ လက်ရှိ အသွင်ကူးပြောင်းရေး စစ်ကောင်စီရဲ့ အကြီးအကဲဖြစ်ပြီး စစ်တပ်က သမ္မတ အိုမာ ဟတ်ဆန် အယ်လ် ဘာရှားကို ဖြုတ်ချခဲ့တဲ့ ဧပြီလတည်းက ဆူဒန်နိုင်ငံကို အုပ်ချုပ်နေသူပါ။
အချုပ်အခြာပိုင် ကောင်စီဝင်တွေနဲ့ ဝန်ကြီးချုပ်တို့ ဗုဒ္ဓဟူးနေ့မှာ ကျမ်းသစ္စာကျိန်ဆိုဖို့ စီစဉ်ထားပါတယ်။
ကောင်စီဝင် ၅ ယောက်က စစ်တပ်ကဖြစ်ပြီး အရပ်ဘက်က ကောင်စီဝင် ၆ ယောက်ထဲမှာ အမျိုးသမီး ၂ ဦး ပါဝင်ပါတယ်။
အသွင်ကူးပြောင်းရေး အစိုးရမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ စီးပွားရေးပညာရှင် အဗ်ဒယ်လ် ဟမ်ဒေါ့ကို အဓိက အတိုက်အခံ မဟာမိတ်အဖွဲ့က အရင်အပတ်က နာမည်စာရင်း သွင်းထားပါတယ်။
ဆူဒန် အသွင်ပြောင်းစစ်ကောင်စီ ပြောခွင့်ရ ဒုဗိုလ်ချုပ်ကြီး ရှမ်း အယ်လ် ဒင် ခပ်ဘာရှီက "အချုပ်အခြာပိုင် ကောင်စီရဲ့ အကြီးအကဲဟာ တရားသူကြီးချုပ်ထက် အရင် ကျမ်းသစ္စာကျိန်ဆိုမယ်၊ အချုပ်အခြာပိုင် ကောင်စီဝင်တွေကတော့ ကောင်စီအကြီးအကဲနဲ့ တရားရေးအကြီးအကဲတို့အရင် ကျမ်းသစ္စာ ကျိန်ဆိုရမယ်၊ ဝန်ကြီးချုပ်ကို ဗုဒ္ဓဟူးနေ့မှာ ခန့်အပ်မယ်၊ သူက ည ၉ နာရီမှာ ကျမ်းသစ္စာ ကျိန်ဆိုမယ်" လို့ ပြောပါတယ်။
ဆူဒန်နိုင်ငံက အဓိက အတိုက်အခံ ညွန့်ပေါင်းအဖွဲ့နဲ့ လက်ရှိအုပ်ချုပ်နေတဲ့ စစ်ကောင်စီတို့ အာဏာမျှဝေရေး သဘောတူညီချက် နောက်ဆုံးအဆင့်ကို သြဂုတ် ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါဟာ အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ ဖွဲ့ချိန်မှာ ဘယ်သူက အာဏာဘယ်လောက်ယူမယ် ဆိုတာ သတ်မှတ်ဖွဲ့စည်းဖို့ လမ်းဖောက်လိုက်တာလည်း ဖြစ်ပါတယ်။
သဘောတူစာချုပ်ထဲမှာ အချုပ်အခြာပိုင် ကောင်စီအတွက် အဖွဲ့ဝင်တွေကို အတိုက်အခံ ညွန့်ပေါင်းက ၅ ယောက်၊ အသွင်ပြောင်းစစ်ကောင်စီက ၅ ယောက်နဲ့ နှစ်ဖက်လုံးကတယောက် ရွေးချယ်ဖို့ သဘောတူခဲ့ကြတာပါ။
အသွင်ကူးပြောင်းရေး ကာလအတွင်း လွှတ်တော်အမတ် အယောက် ၃၀၀ ပါတဲ့ လွှတ်တော်ကို ဖွဲ့စည်းဖို့၊ နိုင်ငံရေးနဲ့ စက်မှုလက်မှု လုပ်ငန်းတွေမှာ အရှိန်အဝါ ကြီးသူတွေပါတဲ့ အစိုးရအဖွဲ့ ဖွဲ့ဖို့လည်း သဘောတူထားပါတယ်။
အစိုးရအသစ်အတွက် အဓိက စိန်ခေါ်ချက်ကတော့ နိုင်ငံခြားငွေ ပြတ်လပ်နေတဲ့ စီးပွားရေး အကျပ်အတည်းပါ။ ဒါကြောင့် လောင်စာဆီနဲ့ စားနပ်ရိက္ခာ ကာလကြာရှည် ရှားပါးနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။
Zawgyi Version
အသြင္ကူးေျပာင္းေရးကာလ ဆူဒန္ႏိုင္ငံကို အုပ္ခ်ဳပ္ရန္ အခ်ဳပ္အျခာ အာဏာပိုင္ေကာင္စီ ဖြဲ႔စည္း
DVB
ဆူဒန္ႏိုင္ငံကို အုပ္ခ်ဳပ္ဖို႔ အခ်ဳပ္အျခာ အာဏာပိုင္ေကာင္စီကို အဖြဲ႔ဝင္ ၁၁ ေယာက္နဲ႔ ဖြဲ႔စည္းတာ ၾသဂုတ္ ၂၀ ရက္မွာ ၿပီးစီးသြားၿပီလို႔ အာဏာရစစ္ေကာင္စီ ေျပာခြင့္ရက သတင္းစာရွင္းလင္းပြဲမွာ ေျပာ ပါတယ္။
ဆူဒန္ႏိုင္ငံမွာ ေ႐ြးေကာက္ပြဲေတြ ျပန္မက်င္းပခင္ အသြင္ကူးေျပာင္းေရးကာလ ၃ ႏွစ္မွာ ႏိုင္ငံကို အုပ္ခ်ဳပ္မယ့္ အခ်ဳပ္အျခာပိုင္ေကာင္စီကို ဒုဗိုလ္ခ်ဳပ္ႀကီး အဘ္ဒယ္ ဖာတာ အယ္လ္ ဘာဟန္က ဦးေဆာင္မွာပါ။
သူဟာ လက္ရွိ အသြင္ကူးေျပာင္းေရး စစ္ေကာင္စီရဲ႕ အႀကီးအကဲျဖစ္ၿပီး စစ္တပ္က သမၼတ အိုမာ ဟတ္ဆန္ အယ္လ္ ဘာရွားကို ျဖဳတ္ခ်ခဲ့တဲ့ ဧၿပီလတည္းက ဆူဒန္ႏိုင္ငံကို အုပ္ခ်ဳပ္ေနသူပါ။
အခ်ဳပ္အျခာပိုင္ ေကာင္စီဝင္ေတြနဲ႔ ဝန္ႀကီးခ်ဳပ္တို႔ ဗုဒၶဟူးေန႔မွာ က်မ္းသစၥာက်ိန္ဆိုဖို႔ စီစဥ္ထားပါတယ္။
ေကာင္စီဝင္ ၅ ေယာက္က စစ္တပ္ကျဖစ္ၿပီး အရပ္ဘက္က ေကာင္စီဝင္ ၆ ေယာက္ထဲမွာ အမ်ိဳးသမီး ၂ ဦး ပါဝင္ပါတယ္။
အသြင္ကူးေျပာင္းေရး အစိုးရမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ဖို႔ စီးပြားေရးပညာရွင္ အဗ္ဒယ္လ္ ဟမ္ေဒါ့ကို အဓိက အတိုက္အခံ မဟာမိတ္အဖြဲ႔က အရင္အပတ္က နာမည္စာရင္း သြင္းထားပါတယ္။
ဆူဒန္ အသြင္ေျပာင္းစစ္ေကာင္စီ ေျပာခြင့္ရ ဒုဗိုလ္ခ်ဳပ္ႀကီး ရွမ္း အယ္လ္ ဒင္ ခပ္ဘာရွီက "အခ်ဳပ္အျခာပိုင္ ေကာင္စီရဲ႕ အႀကီးအကဲဟာ တရားသူႀကီးခ်ဳပ္ထက္ အရင္ က်မ္းသစၥာက်ိန္ဆိုမယ္၊ အခ်ဳပ္အျခာပိုင္ ေကာင္စီဝင္ေတြကေတာ့ ေကာင္စီအႀကီးအကဲနဲ႔ တရားေရးအႀကီးအကဲတို႔အရင္ က်မ္းသစၥာ က်ိန္ဆိုရမယ္၊ ဝန္ႀကီးခ်ဳပ္ကို ဗုဒၶဟူးေန႔မွာ ခန္႔အပ္မယ္၊ သူက ည ၉ နာရီမွာ က်မ္းသစၥာ က်ိန္ဆိုမယ္" လို႔ ေျပာပါတယ္။
ဆူဒန္ႏိုင္ငံက အဓိက အတိုက္အခံ ၫြန္႔ေပါင္းအဖြဲ႔နဲ႔ လက္ရွိအုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီတို႔ အာဏာမွ်ေဝေရး သေဘာတူညီခ်က္ ေနာက္ဆုံးအဆင့္ကို ၾသဂုတ္ ၁၇ ရက္က လက္မွတ္ေရးထိုးခဲ့ပါတယ္။
ဒါဟာ အသြင္ကူးေျပာင္းေရး အစိုးရအဖြဲ႔ ဖြဲ႔ခ်ိန္မွာ ဘယ္သူက အာဏာဘယ္ေလာက္ယူမယ္ ဆိုတာ သတ္မွတ္ဖြဲ႔စည္းဖို႔ လမ္းေဖာက္လိုက္တာလည္း ျဖစ္ပါတယ္။
သေဘာတူစာခ်ဳပ္ထဲမွာ အခ်ဳပ္အျခာပိုင္ ေကာင္စီအတြက္ အဖြဲ႔ဝင္ေတြကို အတိုက္အခံ ၫြန္႔ေပါင္းက ၅ ေယာက္၊ အသြင္ေျပာင္းစစ္ေကာင္စီက ၅ ေယာက္နဲ႔ ႏွစ္ဖက္လုံးကတေယာက္ ေရြးခ်ယ္ဖို႔ သေဘာတူခဲ့ၾကတာပါ။
အသြင္ကူးေျပာင္းေရး ကာလအတြင္း လႊတ္ေတာ္အမတ္ အေယာက္ ၃၀၀ ပါတဲ့ လႊတ္ေတာ္ကို ဖြဲ႔စည္းဖို႔၊ ႏိုင္ငံေရးနဲ႔ စက္မႈလက္မႈ လုပ္ငန္းေတြမွာ အရွိန္အဝါ ႀကီးသူေတြပါတဲ့ အစိုးရအဖြဲ႔ ဖြဲ႔ဖို႔လည္း သေဘာတူထားပါတယ္။
အစိုးရအသစ္အတြက္ အဓိက စိန္ေခၚခ်က္ကေတာ့ ႏိုင္ငံျခားေငြ ျပတ္လပ္ေနတဲ့ စီးပြားေရး အက်ပ္အတည္းပါ။ ဒါေၾကာင့္ ေလာင္စာဆီနဲ႔ စားနပ္ရိကၡာ ကာလၾကာရွည္ ရွားပါးႏိုင္တယ္လို႔ မီဒီယာေတြက သုံးသပ္ထားပါတယ္။