Home
မြန်မာသတင်း
မီတာခ‌ တိုးမြှင့်ပြီးနောက် လျှပ်စစ်ကဏ္ဍကနေ ကျပ်ငွေ ၃၂ ဘီလီယံ အမြတ်ရနိုင် 
ပိုင်စိုး
·
August 21, 2019
မြန်မာပြည်တွင်းမှာ မီတာခ‌တွေ တိုးမြှင့်ပြီးတဲ့နောက် လျှပ်စစ်ကဏ္ဍကနေ ကျပ်  ၃၂ ဘီလီယံ(ကျပ်သန်းပေါင်း ၃၂၀၀၀) အမြတ်ရမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အထိ အရှုံးပေါ်နေတဲ့ လျှပ်စစ်ကဏ္ဍမှာ သုံးငွေရော ဝင်ငွေရော နှစ်ဆ တက်လာပြီးတဲ့နောက် အခုလို အမြတ်ရလာတယ်လို့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းမှာ ဖော်ပြထားတာပါ။  ဒီမူကြမ်းနဲ့ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ငွေကြေးဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို ရှင်းလင်းခဲ့ပါတယ်။ လျှပ်စစ်ကဏ္ဍရဲ့ ဝင်ငွေဟာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေစာရင်းအရ ကျပ် ဘီလီယံ ၆၂၆၉ ရှိလာပြီး အသုံးစရိတ်က ၆၂၃၇ ရှိနေတာကြောင့် အမြတ်ငွေ ကျပ် ၃၂ ဘီလီယံ (ကျပ်သန်းပေါင်း ၃၂၀၀၀) ရှိလာတာပါ။ ၂၀၁၆-၁၇ တုန်းက‌တော့ ဝင်ငွေ ကျပ်  ၂၀၁၂ ဘီလီယံနဲ့ သုံးငွေ ၂၃၅၂ ဘီလီယံ ရှိတာကြောင့် ဘီလီယံ ၃၄၀ အရှုံးပေါ်ခဲ့ပါတယ်။ ပြီးတော့ ၂၀၁၇-၁၈ မှာ ၃၄၆ ဘီလီယံ၊ ၂၀၁၈-၁၉ မှာ ၆၀၆ ဘီလီယံ အရှုံးပေါ်ခဲ့ပါတယ်။ လျှပ်စစ်ကဏ္ဍဟာ နှစ်တိုင်း ဝင်ငွေရော အသုံးစရိတ်ပါ တိုးလာခဲ့တာပါ။  ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဒုဥက္ကဋ္ဌ ဦးအောင်မင်းက “လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနမှာ တကယ် အမြတ်ရနေတာကတော့ စွမ်းအင်ကဏ္ဍပဲ ဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍရဲ့ အရှုံးအမြတ်စာရင်းကို ကြည့်မယ်ဆိုလို့ရှိရင် နှစ်စဉ် အမြတ်ရရှိပြီးတော့ ၂၀၁၉-၂၀ ခုနှစ်မှာ ၇၀၃ ဘီလီယံ အမြတ်ရရှိမယ်လို့ ရည်မှန်းရေးဆွဲထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ စွမ်းအင်ကဏ္ဍကတော့ နှစ်စဉ် မြတ်နေတာဖြစ်ပြီး ၂၀၁၆-၁၇ တုန်းက ၅၃၈  ဘီလီယံ (ကျပ်သန်းပေါင်း ၅ သိန်းကျော်)၊ ၂၀၁၇-၁၈ မှာ ၅၄၅ ဘီလီယံ၊ ၂၀၁၈-၁၉ မှာ ၉၇၄ ဘီလီယံမြတ်ခဲ့ပြီး ၂၀၁၉-၂၀ မှာတော့ ၇၀၃ ဘီလီယံ မြတ်မယ်လို့ ရည်မှန်းထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မီတာခ‌ တိုးျမႇင့္ၿပီးေနာက္ လွ်ပ္စစ္က႑ကေန က်ပ္ေငြ ၃၂ ဘီလီယံ အျမတ္ရႏိုင္  ျမန္မာျပည္တြင္းမွာ မီတာခ‌ေတြ တိုးျမႇင့္ၿပီးတဲ့ေနာက္ လွ်ပ္စစ္က႑ကေန က်ပ္  ၃၂ ဘီလီယံ(က်ပ္သန္းေပါင္း ၃၂၀၀၀) အျမတ္ရမယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ခန႔္မွန္းထားပါတယ္။ ၿပီးခဲ့တဲ့ဘ႑ာႏွစ္အထိ အရႈံးေပၚေနတဲ့ လွ်ပ္စစ္က႑မွာ သုံးေငြေရာ ဝင္ေငြေရာ ႏွစ္ဆ တက္လာၿပီးတဲ့ေနာက္ အခုလို အျမတ္ရလာတယ္လို႔ ျပည္ေထာင္စုရဲ႕ ဘ႑ာေငြအရ အသုံးဆိုင္ရာ ဥပေဒၾကမ္းမွာ ေဖာ္ျပထားတာပါ။ ဒီမူၾကမ္းနဲ႔ပတ္သက္ၿပီး ဒီေန႔က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီက ေငြေၾကးဆိုင္ရာ ေလ့လာေတြ႕ရွိခ်က္ေတြကို ရွင္းလင္းခဲ့ပါတယ္။ လွ်ပ္စစ္က႑ရဲ႕ ဝင္ေငြဟာ ၂၀၁၉-၂၀ ဘ႑ာႏွစ္ မူလခန႔္မွန္းေျခစာရင္းအရ က်ပ္ ဘီလီယံ ၆၂၆၉ ရွိလာၿပီး အသုံးစရိတ္က ၆၂၃၇ ရွိေနတာေၾကာင့္ အျမတ္ေငြ က်ပ္ ၃၂ ဘီလီယံ (က်ပ္သန္းေပါင္း ၃၂၀၀၀) ရွိလာတာပါ။ ၂၀၁၆-၁၇ တုန္းက‌ေတာ့ ဝင္ေငြ က်ပ္  ၂၀၁၂ ဘီလီယံနဲ႔ သုံးေငြ ၂၃၅၂ ဘီလီယံ ရွိတာေၾကာင့္ ဘီလီယံ ၃၄၀ အရႈံးေပၚခဲ့ပါတယ္။ ၿပီးေတာ့ ၂၀၁၇-၁၈ မွာ ၃၄၆ ဘီလီယံ၊ ၂၀၁၈-၁၉ မွာ ၆၀၆ ဘီလီယံ အရႈံးေပၚခဲ့ပါတယ္။ လွ်ပ္စစ္က႑ဟာ ႏွစ္တိုင္း ဝင္ေငြေရာ အသုံးစရိတ္ပါ တိုးလာခဲ့တာပါ။ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီက ဒုဥကၠ႒ ဦးေအာင္မင္းက “လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီး ဌာနမွာ တကယ္ အျမတ္ရေနတာကေတာ့ စြမ္းအင္က႑ပဲ ျဖစ္ပါတယ္။ စြမ္းအင္က႑ရဲ႕ အရႈံးအျမတ္စာရင္းကို ၾကည့္မယ္ဆိုလို႔ရွိရင္ ႏွစ္စဥ္ အျမတ္ရရွိၿပီးေတာ့ ၂၀၁၉-၂၀ ခုႏွစ္မွာ ၇၀၃ ဘီလီယံ အျမတ္ရရွိမယ္လို႔ ရည္မွန္းေရးဆြဲထားတာကို ေတြ႕ရွိရမွာ ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။ စြမ္းအင္က႑ကေတာ့ ႏွစ္စဥ္ ျမတ္ေနတာျဖစ္ၿပီး ၂၀၁၆-၁၇ တုန္းက ၅၃၈  ဘီလီယံ (က်ပ္သန္းေပါင္း ၅ သိန္းေက်ာ္)၊ ၂၀၁၇-၁၈ မွာ ၅၄၅ ဘီလီယံ၊ ၂၀၁၈-၁၉ မွာ ၉၇၄ ဘီလီယံျမတ္ခဲ့ၿပီး ၂၀၁၉-၂၀ မွာေတာ့ ၇၀၃ ဘီလီယံ ျမတ္မယ္လို႔ ရည္မွန္းထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024