အူဘာမီယန်းနှင့် လာကာဇက်တီတို့ကို စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ဆုကြေးပိုပေးမည်

1.4K
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးတွေဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တီတို့ကို စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ဆုကြေးပိုပေးသွားမယ်လို့ သိရပါတယ်။
အူဘာမီယန်းနဲ့ လာကာဇက်တီတို့ အနေနဲ့ အသင်းကို လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် များပြားတဲ့ ဆုကြေးပေးဖို့ အာဆင်နယ်က စာချုပ်သစ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
တိုက်စစ်မှူး လာကာဇက်တီဟာ လက်ရှိအချိန်မှာ တပတ်လုပ်ခ ပေါင် ၁ သိန်း ၄ သောင်း ရရှိနေပြီး အူဘာမီယန်းက တပတ် ပေါင် ၂ သိန်းခန့် ရရှိနေတာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ် ဆိုရင်တော့ အခုထက်ပိုများတဲ့ ဆုကြေးတွေကို တိုက်စစ်မှူးနှစ်ဦး ရရှိမှာဖြစ်ပါတယ်။
လာကာဇက်တီနဲ့ အူဘာမီယန်း တိုက်စစ်အတွဲဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် စုစုပေါင်း ၅၁ ဂိုးအထိ သွင်းယူခဲ့ပါတယ်။
Zawgyi Version အူဘာမီယန္းႏွင့္ လာကာဇက္တီတို႔ကို စြမ္းေဆာင္ရည္ေပၚ မူတည္ၿပီး ဆုေၾကးပိုေပးမည္ DVB အာဆင္နယ္အသင္းဟာ တိုက္စစ္မႉးေတြျဖစ္တဲ့ အူဘာမီယန္းနဲ႔ လာကာဇက္တီတို႔ကို စြမ္းေဆာင္ရည္အေပၚ မူတည္ၿပီး ဆုေၾကးပိုေပးသြားမယ္လို႔ သိရပါတယ္။ အူဘာမီယန္းနဲ႔ လာကာဇက္တီတို႔ အေနနဲ႔ အသင္းကို လာမယ့္ႏွစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိေအာင္ စြမ္းေဆာင္ႏိုင္မယ္ဆိုရင္ မ်ားျပားတဲ့ ဆုေၾကးေပးဖို႔ အာဆင္နယ္က စာခ်ဳပ္သစ္ခ်ဳပ္ခဲ့တာ ျဖစ္ပါတယ္။ တိုက္စစ္မႉး လာကာဇက္တီဟာ လက္ရွိအခ်ိန္မွာ တပတ္လုပ္ခ ေပါင္ ၁ သိန္း ၄ ေသာင္း ရရွိေနၿပီး အူဘာမီယန္းက တပတ္ ေပါင္ ၂ သိန္းခန႔္ ရရွိေနတာပါ။ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္မယ္ ဆိုရင္ေတာ့ အခုထက္ပိုမ်ားတဲ့ ဆုေၾကးေတြကို တိုက္စစ္မႉးႏွစ္ဦး ရရွိမွာျဖစ္ပါတယ္။ လာကာဇက္တီနဲ႔ အူဘာမီယန္း တိုက္စစ္အတြဲဟာ ၿပီးခဲ့တဲ့ရာသီက အသင္းအတြက္ စုစုေပါင္း ၅၁ ဂိုးအထိ သြင္းယူခဲ့ပါတယ္။