Home
ရုပ်သံ
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် “သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်”သီချင်းလိုဖြစ်နေဟု ဝန်ကြီးဟောင်း ဦးအောင်မင်းပြော (ရုပ်သံ) 
ပြည့်ဘုန်းအောင်
·
August 21, 2019
လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ လွယ်နေတာကို ခက်အောင်လုပ်နေ ကြတယ် ဆိုပြီး သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်းက စိုင်းထီးဆိုင်ရဲ့ နာမည်ကြီး သီချင်းတပုဒ် ဖြစ်တဲ့ “သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်” သီချင်းကို သီဆိုကာ ဥပမာပေး ပြောကြားလိုက်ပါတယ်။ ဩဂုတ် ၂၀ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြိုင်မှာ ကျင်းပတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အမှတ် (၃) တပ်နယ် နယ်ခြားစောင့်တပ် (၉) နှစ်မြောက် တပ်နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်လာစဉ်မှာ  ဦးအောင်မင်းက မီဒီယာတွေကို ပြောကြားသွားတာပါ။ “ကျနော်ဆိုနေကျ သီချင်းရှိတယ်။ သိပ် သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်ဆိုတာ။ လွယ်နေတာကို ခက်အောင် လုပ်တတ်ကျတယ်။ လောကကြီးရဲ့ သဘာ၀ပဲဆိုတာ။ အဲဒါအစစ်ပဲ အားလုံးက လွယ်လွယ်လေးတွေ၊ လုပ်မယ်ဆိုရင်၊ လုပ်ချင်တဲ့စိတ်ရှိရင် အဖြေရှိပြီးသားပဲ။ ဒါကို ကြံဆပြီးတော့ လုပ်ဖို့ပဲလိုတယ်။ လွယ်နေတာကို ခက်အောင်လုပ်နေတော့ ဒါတော့ လောကကြီးရဲ့ သဘာ၀ပေါ့ဗျာ သီချင်းတပုဒ်တော့ ဆုံးအောင် ဆိုပြလိုက်မယ်” ဦးအောင်မင်းဟာ သမ္မတဟောင်း ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ သမ္မတရုံး ဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်သလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနရဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌတာဝန်တွေ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ 
ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္ “သိပ္သိပ္ခ်စ္ရတဲ့ ႏြဲ႕တင္ရယ္”သီခ်င္းလိုျဖစ္ေနဟု ဝန္ႀကီးေဟာင္း ဦးေအာင္မင္းေျပာ (႐ုပ္သံ) ျပည့္ဘုန္းေအာင္ လက္ရွိ ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြဟာ လြယ္ေနတာကို ခက္ေအာင္လုပ္ေန ၾကတယ္ ဆိုၿပီး သမၼတ႐ုံးဝန္ႀကီးေဟာင္း ဦးေအာင္မင္းက စိုင္းထီးဆိုင္ရဲ႕ နာမည္ႀကီး သီခ်င္းတပုဒ္ ျဖစ္တဲ့ “သိပ္သိပ္ခ်စ္ရတဲ့ ႏြဲ႕တင္ရယ္” သီခ်င္းကို သီဆိုကာ ဥပမာေပး ေျပာၾကားလိုက္ပါတယ္။ ဩဂုတ္ ၂၀ ရက္က ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ ေ႐ႊကုကၠိဳလ္ၿမိဳင္မွာ က်င္းပတဲ့ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ အမွတ္ (၃) တပ္နယ္ နယ္ျခားေစာင့္တပ္ (၉) ႏွစ္ေျမာက္ တပ္ႏွစ္ပတ္လည္ေန႔အခမ္းအနားကို တက္ေရာက္လာစဥ္မွာ ဦးေအာင္မင္းက မီဒီယာေတြကို ေျပာၾကားသြားတာပါ။ “က်ေနာ္ဆိုေနက် သီခ်င္းရွိတယ္။ သိပ္ သိပ္ခ်စ္ရတဲ့ ႏြဲ႕တင္ရယ္ဆိုတာ။ လြယ္ေနတာကို ခက္ေအာင္ လုပ္တတ္က်တယ္။ ေလာကႀကီးရဲ႕ သဘာ၀ပဲဆိုတာ။ အဲဒါအစစ္ပဲ အားလုံးက လြယ္လြယ္ေလးေတြ၊ လုပ္မယ္ဆိုရင္၊ လုပ္ခ်င္တဲ့စိတ္ရွိရင္ အေျဖရွိၿပီးသားပဲ။ ဒါကို ႀကံဆၿပီးေတာ့ လုပ္ဖို႔ပဲလိုတယ္။ လြယ္ေနတာကို ခက္ေအာင္လုပ္ေနေတာ့ ဒါေတာ့ ေလာကႀကီးရဲ႕ သဘာ၀ေပါ့ဗ်ာ သီခ်င္းတပုဒ္ေတာ့ ဆုံးေအာင္ ဆိုျပလိုက္မယ္” ဦးေအာင္မင္းဟာ သမၼတေဟာင္း ဦးသိန္းစိန္ေခါင္းေဆာင္တဲ့ အစိုးရလက္ထက္မွာ သမၼတ႐ုံး ဝန္ႀကီးဌာနရဲ႕ ဝန္ႀကီးအျဖစ္ တာဝန္ထမ္းခဲ့သူျဖစ္သလို ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရး ျပန္လည္ထူေထာင္ေရး လုပ္ငန္းဗဟိုဌာနရဲ႕ ဥကၠ႒၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရး လုပ္ငန္းအဖြဲ႕ရဲ႕ ဒုဥကၠ႒တာဝန္ေတြ ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024