စပိန်တွင် လောင်ကျွမ်းနေသည့် တောမီးကြောင့် လူ ၉၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း

748
စပိန်နိုင်ငံ ကနေရီကျွန်းပေါ်က ဂရန်း ကနာရီယာမှာ သြဂုတ် ၁၉ ရက်နေ့အထိ တောမီး ဆက်လောင်နေပြီး လူပေါင်း ၉,၀၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးတောက်တွေဟာ မီတာ ၅၀ လောက် မြင့်မားပြီး တောမီးကို လေယာဉ်နဲ့ ရဟတ်ယာဉ် ၁၆ စီး၊ မီးသတ်သမား ၁,၀၀၀ ကျော်နဲ့ ငြှိမ်းသတ်နေတယ်လို့ သိရပါတယ်။
အဲဒီတောမီးဟာ သြဂုတ် ၁၇ ရက်နေ့က တဟဲဒါမြို့အနီးမှာ စတင်လောင်ခဲ့ပြီး အပူူချိန်မြင့်မားတာ၊ လေပြင်းတိုက်တာနဲ့ စိုထိုင်းစ နည်းတာကြောင့် အဘက်ဘက်ကို ပျံ့နှံ့သွားပါတယ်။
အခုချိန်မှာတော့ တောမီးဟာ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားတဲ့ ကမ်းရိုးတန်း ဧရိယာထက် တောင်ထူထပ်ရာအပိုင်းမှာ လောင်ကျွမ်းနေပါတယ်။
တောမီးကြောင့် သစ်တောဟက်တာ ၆၀၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး အခုဆိုရင် တောမီးဟာ အနောက်မြောက်ပိုင်း တမ်မာဒါဘာ အမျိုးသားဥယျာဉ်ကို ကူးစက်နေပါတယ်။
အဲဒီ အမျိုးသားဥယျာဉ်မှာ သက်တမ်းအရင့်ဆုံး ထင်းရှူးတောတွေရှိပြီး မီးငြှိမ်းသတ်ဖို့ ရှုပ်ထွေးတဲ့ နေရာတခုအဖြစ် ရှုမြင်ထားပါတယ်။
Zawgyi Version စပိန္တြင္ ေလာင္ကၽြမ္းေနသည့္ ေတာမီးေၾကာင့္ လူ ၉၀၀၀ ေက်ာ္ ေဘးလြတ္ရာေရႊ႕ေျပာင္း DVB စပိန္ႏိုင္ငံ ကေနရီကြၽန္းေပၚက ဂရန္း ကနာရီယာမွာ ၾသဂုတ္ ၁၉ ရက္ေန႔အထိ ေတာမီး ဆက္ေလာင္ေနၿပီး လူေပါင္း ၉,၀၀၀ ေက်ာ္ကို ေဘးလြတ္ရာ ေျပာင္းေရႊ႕ခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ မီးေတာက္ေတြဟာ မီတာ ၅၀ ေလာက္ ျမင့္မားၿပီး ေတာမီးကို ေလယာဥ္နဲ႔ ရဟတ္ယာဥ္ ၁၆ စီး၊ မီးသတ္သမား ၁,၀၀၀ ေက်ာ္နဲ႔ ၿငႇိမ္းသတ္ေနတယ္လို႔ သိရပါတယ္။ အဲဒီေတာမီးဟာ ၾသဂုတ္ ၁၇ ရက္ေန႔က တဟဲဒါၿမိဳ႕အနီးမွာ စတင္ေလာင္ခဲ့ၿပီး အပူူခ်ိန္ျမင့္မားတာ၊ ေလျပင္းတိုက္တာနဲ႔ စိုထိုင္းစ နည္းတာေၾကာင့္ အဘက္ဘက္ကို ပ်ံ႔ႏွံ႔သြားပါတယ္။ အခုခ်ိန္မွာေတာ့ ေတာမီးဟာ ကမာၻလွည့္ခရီးသည္ေတြနဲ႔ စည္ကားတဲ့ ကမ္း႐ိုးတန္း ဧရိယာထက္ ေတာင္ထူထပ္ရာအပိုင္းမွာ ေလာင္ကြၽမ္းေနပါတယ္။ ေတာမီးေၾကာင့္ သစ္ေတာဟက္တာ ၆၀၀၀ ေက်ာ္ ေလာင္ကြၽမ္းခဲ့ၿပီး အခုဆိုရင္ ေတာမီးဟာ အေနာက္ေျမာက္ပိုင္း တမ္မာဒါဘာ အမ်ိဳးသားဥယ်ာဥ္ကို ကူးစက္ေနပါတယ္။ အဲဒီ အမ်ိဳးသားဥယ်ာဥ္မွာ သက္တမ္းအရင့္ဆုံး ထင္း႐ႉးေတာေတြရွိၿပီး မီးၿငႇိမ္းသတ္ဖို႔ ႐ႈပ္ေထြးတဲ့ ေနရာတခုအျဖစ္ ႐ႈျမင္ထားပါတယ္။