ဟောလိဝုဒ် နာမည်ကြီး Fallen Film Series တွေရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကားတကားဖြစ်တဲ့ Angel Has Fallen ရုပ်ရှင်ကို လာမယ့် သြဂုတ် ၂၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
Action Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ Snitch, Shot Caller စတဲ့ ဟောလိဝုဒ် ရုပ်ရှင်ကားတွေနဲ့ နာမည်ကြီးတဲ့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Ric Roman Waugh က ရိုက်ကူး ပုံဖော်ပေးထားတာပါ။
Fallen ရုပ်ရှင် Series တွေကို ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်မယ် ထင်ပါတယ်။ ပထမဆုံး ရုပ်ရှင်ဖြစ်တဲ့ Olympus Has Fallen ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တာပါ။ ဒုတိယမြောက်ရုပ်ရှင် London Has Fallen ကတော့ ၂၀၁၆ ခုနှစ် မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Angel Has Fallen ကလည်း ထုံးစံအတိုင်း ၃ နှစ်စီခြားပြီး ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားတွေထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ် စူပါသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Gerard Butler နဲ့ Morgan Freeman တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဒီတခေါက်မှာလည်း Morgan Freeman က အမေရိကန်သမ္မတ Allan Trumbull အဖြစ် ပါဝင်ထားပြီး Gerard Butler ကတော့ Secret Service Agent Mike Banning အနေနဲ့ ပါဝင်ထားတာပါ။ ဒီကားထဲမှာ အရင်ရုပ်ရှင်ကားတွေနဲ့ မတူညီတာကတော့ Angel Has Fallen ဆိုတဲ့အတိုင်း တသက်လုံး အသက်စွန့်ပြီး သမ္မတကို ကာကွယ်ခဲ့တဲ့ Gerard Butler ကို သစ္စာဖောက်ဇာတ်သွင်းလိုက်တာပါပဲ။ Mike Banning တယောက် သမ္မတကို ဒီတခေါက်မှာရော ကယ်တင်နိုင်ပါဦးမလား၊ သူ့ဂုဏ်သိက္ခာအတွက် နာမည်ကောင်းပြန်ရဖို့ ကြိုးစားနိုင်ပါ့မလား၊ ဘယ်လိုအလှည့်အပြောင်း ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန် တီးထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
ကြာမြင့်ချိန် ၁၂၁ မိနစ်ရှိတဲ့ Angel Has Fallen ရုပ်ရှင်ကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၈၀ အကုန်အကျခံ ရိုက်ကူးထားတာပါ။
အရင်ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကား ၂ ကားဟာ ဝင်ငွေစံချိန်တင်ရရှိခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်ခဲ့တာမို့ ခုနောက်ဆုံး ထွက်ရှိလာတဲ့ ဒီရုပ်ရှင်ကားကရော Box Office ဝင်ငွေ စံချိန်တင်နိုင်ပါ့မလား ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
Zawgyi Version
နာမည္ေက်ာ္ Fallen Film Series မ်ား၏ တတိယေျမာက္ ေနာက္ဆက္တြဲ႐ုပ္ရွင္ - Angel Has Fallen (နမူနာ)
DVB
ေဟာလိဝုဒ္ နာမည္ႀကီး Fallen Film Series ေတြရဲ႕ ေနာက္ဆက္တြဲ ႐ုပ္ရွင္ကားတကားျဖစ္တဲ့ Angel Has Fallen ႐ုပ္ရွင္ကို လာမယ့္ ၾသဂုတ္ ၂၃ ရက္ေန႔ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။
Action Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ Snitch, Shot Caller စတဲ့ ေဟာလိဝုဒ္ ႐ုပ္ရွင္ကားေတြနဲ႔ နာမည္ႀကီးတဲ့ အေမရိကန္ ႐ုပ္ရွင္ဒါ႐ိုက္တာ Ric Roman Waugh က ႐ိုက္ကူး ပုံေဖာ္ေပးထားတာပါ။
Fallen ႐ုပ္ရွင္ Series ေတြကို ပရိသတ္ေတြ ရင္းႏွီးၾကၿပီးျဖစ္မယ္ ထင္ပါတယ္။ ပထမဆုံး ႐ုပ္ရွင္ျဖစ္တဲ့ Olympus Has Fallen ကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့တာပါ။ ဒုတိယေျမာက္႐ုပ္ရွင္ London Has Fallen ကေတာ့ ၂၀၁၆ ခုႏွစ္ မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး Angel Has Fallen ကလည္း ထုံးစံအတိုင္း ၃ ႏွစ္စီျခားၿပီး ထြက္ရွိလာခဲ့တာ ျဖစ္ပါတယ္။
ဒီ႐ုပ္ရွင္ကားေတြထဲမွာေတာ့ နာမည္ႀကီး ေဟာလိဝုဒ္ စူပါသ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Gerard Butler နဲ႔ Morgan Freeman တို႔က ေခါင္းေဆာင္ပါဝင္ထားၾကပါတယ္။ ဒီတေခါက္မွာလည္း Morgan Freeman က အေမရိကန္သမၼတ Allan Trumbull အျဖစ္ ပါဝင္ထားၿပီး Gerard Butler ကေတာ့ Secret Service Agent Mike Banning အေနနဲ႔ ပါဝင္ထားတာပါ။ ဒီကားထဲမွာ အရင္႐ုပ္ရွင္ကားေတြနဲ႔ မတူညီတာကေတာ့ Angel Has Fallen ဆိုတဲ့အတိုင္း တသက္လုံး အသက္စြန္႔ၿပီး သမၼတကို ကာကြယ္ခဲ့တဲ့ Gerard Butler ကို သစၥာေဖာက္ဇာတ္သြင္းလိုက္တာပါပဲ။ Mike Banning တေယာက္ သမၼတကို ဒီတေခါက္မွာေရာ ကယ္တင္ႏိုင္ပါဦးမလား၊ သူ႔ဂုဏ္သိကၡာအတြက္ နာမည္ေကာင္းျပန္ရဖို႔ ႀကိဳးစားႏိုင္ပါ့မလား၊ ဘယ္လိုအလွည့္အေျပာင္း ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ဖန္ တီးထားမလဲ ဆိုတာကိုေတာ့ ပရိသတ္ေတြ ႐ႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။
ဒီ႐ုပ္ရွင္ကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ အပစ္အခတ္ ဇာတ္ဝင္ခန္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္႐ႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္႐ႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။
ၾကာျမင့္ခ်ိန္ ၁၂၁ မိနစ္ရွိတဲ့ Angel Has Fallen ႐ုပ္ရွင္ကားကိုေတာ့ ဘတ္ဂ်က္ အေမရိကန္ေဒၚလာ သန္း ၈၀ အကုန္အက်ခံ ႐ိုက္ကူးထားတာပါ။
အရင္ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ကား ၂ ကားဟာ ဝင္ေငြစံခ်ိန္တင္ရရွိခဲ့တဲ့ ႐ုပ္ရွင္ေတြ ျဖစ္ခဲ့တာမို႔ ခုေနာက္ဆုံး ထြက္ရွိလာတဲ့ ဒီ႐ုပ္ရွင္ကားကေရာ Box Office ဝင္ေငြ စံခ်ိန္တင္ႏိုင္ပါ့မလား ဆိုတာကလည္း စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။