A d v e r t i s e m e n t With Us

အရက်နှင့် စီးကရက် အထူးကုန်စည်ခွန်များ တိုးမြှင့်ကောက်ခံရန် လွှတ်တော်တင်သွင်း

ပြည်ထောင်စုအခွန်ကောက်ဥပဒေမူကြမ်း ၂၀၁၉-၂၀၂၀မှာ အရက်နဲ့စီးကရက် အထူးကုန်စည်ခွန်တွေကို တိုးမြှင့်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကပြောပါတယ်။ ၂၀၁၉-၂၀၂၀ခုနှစ် ပြည်ထောင်စုအခွန်ကောက်ဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်ပြထားဆဲဖြစ်တယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာနထံက သိရပါတယ်။ အထူးကုန်စည်ခွန်ကို ၂၀၁၆ခုနှစ်ကစတင်ကောက်ခံခဲ့ပြီး ပြည်ပကတင်သွင်းသူ ပြည်တွင်းမှာထုတ်လုပ်သူနဲ့ ပြည်ပကိုတင်ပို့သူတို့ကို ကောက်ခံတဲ့စနစ်ပါ။ အဲဒီအထူးကုန်စည်ခွန် ၁၇မျိုးထဲမှာ အရက်နဲ့ စီးကရက်လည်းပါဝင်ပြီး အဲဒီအပေါ်တွေမှာ အခွန်တိုးမြှင့်ကောက်ခံဖို့ကို လွှတ်တော်မှာ တင်သွင်းထားပါတယ်။ အရင်က စီးကရက်အလိပ်၂၀ပါ တဘူး ရောင်းဈေးကျပ် ၆၀၀ထိကို ၆ကျပ်နှုန်းကောက်ခံပြီး အရက်တလီတာတန်ဖိုး ကျပ်၁၀၀၀ အထိကို တလီတာ ၁၂၂ ကျပ်ကနေစတင်ကောက်ခံပြီး  ရောင်းဈေးမြင့်လာတဲ့အတူ အခွန်နှုန်းထားလည်း တိုးလာပါတယ်။ အခုအသစ်ပြဋ္ဌာန်းထားတဲ့ ၂၀၁၉-၂၀၂၀ ပြည်ထောင်စုအခွန်ကောက်ဥပဒေကတော့ မူကြမ်း အဆင့်ပဲရှိသေးတာကြောင့် အရက်နဲ့စီးကရက်အပေါ်ကို အထူးကုန်စည်ခွန်အနေနဲ့ ဘယ်လောက်တိုးမြှင့်ကောက်ခံမယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ အခုနှစ်မေလကုန်ထိ စာရင်းတွေအရ အရက် အထူးကုန်စည်ခွန် ကျပ် ၉၂.၇၂၂ ဘီလီယံကောက်ခံရရှိပြီး စီးကရက် အထူးကုန်စည်ခွန်ကျပ် ၅၄.၃၄၃ ဘီလီယံထိ ကောက်ခံရရှိထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကပြောပါတယ်။  စုစု
အရက္ႏွင့္ စီးကရက္ အထူးကုန္စည္ခြန္မ်ား တိုးျမႇင့္ေကာက္ခံရန္ လႊတ္ေတာ္တင္သြင္း စုစု ျပည္ေထာင္စုအခြန္ေကာက္ဥပေဒမူၾကမ္း ၂၀၁၉-၂၀၂၀မွာ အရက္နဲ႔စီးကရက္ အထူးကုန္စည္ခြန္ေတြကို တိုးျမႇင့္ထားတယ္လို႔ ျပည္တြင္းအခြန္မ်ားဦးစီးဌာနကေျပာပါတယ္။ ၂၀၁၉-၂၀၂၀ခုႏွစ္ ျပည္ေထာင္စုအခြန္ေကာက္ဥပေဒမူၾကမ္းကို လႊတ္ေတာ္မွာ တင္ျပထားဆဲျဖစ္တယ္လို႔ ျပည္တြင္း အခြန္မ်ားဦးစီးဌာနထံက သိရပါတယ္။ အထူးကုန္စည္ခြန္ကို ၂၀၁၆ခုႏွစ္ကစတင္ေကာက္ခံခဲ့ၿပီး ျပည္ပကတင္သြင္းသူ ျပည္တြင္းမွာထုတ္လုပ္သူနဲ႔ ျပည္ပကိုတင္ပို႔သူတို႔ကို ေကာက္ခံတဲ့စနစ္ပါ။ အဲဒီအထူးကုန္စည္ခြန္ ၁၇မ်ိဳးထဲမွာ အရက္နဲ႔ စီးကရက္လည္းပါဝင္ၿပီး အဲဒီအေပၚေတြမွာ အခြန္တိုးျမႇင့္ေကာက္ခံဖို႔ကို လႊတ္ေတာ္မွာ တင္သြင္းထားပါတယ္။ အရင္က စီးကရက္အလိပ္၂၀ပါ တဘူး ေရာင္းေဈးက်ပ္ ၆၀၀ထိကို ၆က်ပ္ႏႈန္းေကာက္ခံၿပီး အရက္တလီတာတန္ဖိုး က်ပ္၁၀၀၀ အထိကို တလီတာ ၁၂၂ က်ပ္ကေနစတင္ေကာက္ခံၿပီး  ေရာင္းေဈးျမင့္လာတဲ့အတူ အခြန္ႏႈန္းထားလည္း တိုးလာပါတယ္။ အခုအသစ္ျပ႒ာန္းထားတဲ့ ၂၀၁၉-၂၀၂၀ ျပည္ေထာင္စုအခြန္ေကာက္ဥပေဒကေတာ့ မူၾကမ္း အဆင့္ပဲရွိေသးတာေၾကာင့္ အရက္နဲ႔စီးကရက္အေပၚကို အထူးကုန္စည္ခြန္အေနနဲ႔ ဘယ္ေလာက္တိုးျမႇင့္ေကာက္ခံမယ္ဆိုတာကိုေတာ့ အတိအက်မသိရေသးပါဘူး။ အခုႏွစ္ေမလကုန္ထိ စာရင္းေတြအရ အရက္ အထူးကုန္စည္ခြန္ က်ပ္ ၉၂.၇၂၂ ဘီလီယံေကာက္ခံရရွိၿပီး စီးကရက္ အထူးကုန္စည္ခြန္က်ပ္ ၅၄.၃၄၃ ဘီလီယံထိ ေကာက္ခံရရွိထားတယ္လို႔ ျပည္တြင္းအခြန္မ်ားဦးစီးဌာနကေျပာပါတယ္။ စုစု

A d v e r t i s e m e n t With Us

More News
Up