ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူများနှင့် ဆွေးနွေးသွားမည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူး ပြော

884
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေနဲ့ ဟောင်ကောင်အစိုးရက ဆွေးနွေးသွားမှာဖြစ်ပြီး ရဲတပ်ဖွဲ့အပေါ် တိုင်တန်းချက်တွေက ဖြေရှင်းပေးသွားမယ်လို့ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က သြဂုတ် ၂၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။
သြဂုတ် ၁၈ ရက်နေ့က ဟောင်ကောင်ဆန္ဒပြသူ သိန်းချီပြီး မိုးထဲလေထဲမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ အဲဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့အပေါ်မှာလည်း ဟောင်ကောင်ရဲတပ်ဖွဲ့က ချီးကျူးပြောကြားခဲ့ပါတယ်။
ဟောင်ကောင်ကုမ္ပဏီတချို့ဟာ ပြည်မကြီးနိုင်ငံရေးဖိအားကို မလွန်ဆန်နိုင်ဘူးဆိုတာနဲ့ ပတ်သက်လို့ ကယ်ရီလမ်က မှတ်ချက်မပေးခဲ့ပါဘူး။
ဒါပေမယ့် ကယ်ရီလမ်က ဟောင်ကောင်မှာ နိုင်ငံရပ်ခြား ကုမ္ပဏီတွေကို ဆွဲဆောင်နိုင်တဲ့ ထူးထူးခြားခြား အခွင့်အလမ်းတွေ ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။
ဆန္ဒပြပွဲတွေမှာ Cathay Pacific လေကြောင်းလိုင်း ဝန်ထမ်းတွေ ပါဝင်ခဲ့တာနဲ့ ပတ်သက်လို့ တရုတ်အစိုးရက လေကြောင်းလိုင်းကို ပစ်မှတ်ထားခဲ့ပြီးနောက်မှာ လေကြောင်းလိုင်း စီအီးအို ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
ဒါ့အပြင် အဲဒီလေကြောင်းလိုင်းဟာ ဆန္ဒပြပွဲမှာ ပါခဲ့တဲ့ လေယာဉ်မှူးနှစ်ယောက်ကိုလည်း ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။
ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်က သီးခြားလွတ်လပ်တဲ့ ရဲတပ်ဖွဲ့ တိုင်ကြားရေးကောင်စီကို ဖွဲ့စည်းပြီး မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို စုံစမ်းသွားမယ်လို့ ပြောပါတယ်။
ဒါဟာ ဖြစ်သွားခဲ့တဲ့ ကိစ္စရပ်တွေကို ပိုမိုနားလည် သဘောပေါက်ဖို့ရာ တာဝန်ခံမှုရှိတဲ့ တုံ့ပြန်မှုပဲ ဖြစ်တယ်လို့လည်း ကယ်ရီလမ်က ပြောသွားခဲ့ပါတယ်။
Zawgyi Version ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပသူမ်ားႏွင့္ ေဆြးေႏြးသြားမည္ဟု ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႉး ေျပာ DVB ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပသူေတြနဲ႔ ေဟာင္ေကာင္အစိုးရက ေဆြးေႏြးသြားမွာျဖစ္ၿပီး ရဲတပ္ဖြဲ႔အေပၚ တိုင္တန္းခ်က္ေတြက ေျဖရွင္းေပးသြားမယ္လို႔ အုပ္ခ်ဳပ္ေရးမႉး ကယ္ရီလမ္က ၾသဂုတ္ ၂၀ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။ ၾသဂုတ္ ၁၈ ရက္ေန႔က ေဟာင္ေကာင္ဆႏၵျပသူ သိန္းခ်ီၿပီး မိုးထဲေလထဲမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ပါတယ္။ အဲဒီလို ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့တဲ့အေပၚမွာလည္း ေဟာင္ေကာင္ရဲတပ္ဖြဲ႔က ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။ ေဟာင္ေကာင္ကုမၸဏီတခ်ိဳ႕ဟာ ျပည္မႀကီးႏိုင္ငံေရးဖိအားကို မလြန္ဆန္ႏိုင္ဘူးဆိုတာနဲ႔ ပတ္သက္လို႔ ကယ္ရီလမ္က မွတ္ခ်က္မေပးခဲ့ပါဘူး။ ဒါေပမယ့္ ကယ္ရီလမ္က ေဟာင္ေကာင္မွာ ႏိုင္ငံရပ္ျခား ကုမၸဏီေတြကို ဆြဲေဆာင္ႏိုင္တဲ့ ထူးထူးျခားျခား အခြင့္အလမ္းေတြ ရွိတယ္လို႔ ေျဖၾကားခဲ့ပါတယ္။ ဆႏၵျပပြဲေတြမွာ Cathay Pacific ေလေၾကာင္းလိုင္း ဝန္ထမ္းေတြ ပါဝင္ခဲ့တာနဲ႔ ပတ္သက္လို႔ တ႐ုတ္အစိုးရက ေလေၾကာင္းလိုင္းကို ပစ္မွတ္ထားခဲ့ၿပီးေနာက္မွာ ေလေၾကာင္းလိုင္း စီအီးအို ရာထူးက ႏုတ္ထြက္ခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီေလေၾကာင္းလိုင္းဟာ ဆႏၵျပပြဲမွာ ပါခဲ့တဲ့ ေလယာဥ္မႉးႏွစ္ေယာက္ကိုလည္း ရာထူးက ထုတ္ပယ္ခဲ့ပါတယ္။ ေဟာင္ေကာင္ေခါင္းေဆာင္ ကယ္ရီလမ္က သီးျခားလြတ္လပ္တဲ့ ရဲတပ္ဖြဲ႔ တိုင္ၾကားေရးေကာင္စီကို ဖြဲ႔စည္းၿပီး မၾကာေသးခင္က ျဖစ္ခဲ့တဲ့ အၾကမ္းဖက္မႈေတြကို စုံစမ္းသြားမယ္လို႔ ေျပာပါတယ္။ ဒါဟာ ျဖစ္သြားခဲ့တဲ့ ကိစၥရပ္ေတြကို ပိုမိုနားလည္ သေဘာေပါက္ဖို႔ရာ တာဝန္ခံမႈရွိတဲ့ တုံ႔ျပန္မႈပဲ ျဖစ္တယ္လို႔လည္း ကယ္ရီလမ္က ေျပာသြားခဲ့ပါတယ္။