တူရကီ စစ်ဘက်ယာဉ်တန်းတခုကို ဆီးရီးယားအစိုးရ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၃ ဦးသေဆုံး

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ သြဂုတ် ၁၉ ရက်နေ့က တူရကီစစ်ဘက်ယာဉ်တန်းတခုကို ဆီးရီးယားအစိုးရက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အီဒလစ်ပြည်နယ် ရှေ့တန်းကို ချီတက်လာတဲ့ တူရကီ စစ်ဘက်ယာဉ်တန်းနားကို လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့တာလို့ တူရကီ ကျောထောက်နောက်ခံပေးထားတဲ့ သူပုန်အဖွဲ့နဲ့ စစ်ပွဲစောင့်ကြည့်ရေး အဖွဲ့တဖွဲ့က ပြောပါတယ်။
အီဒလစ်ပြည်နယ်မှာ တူရကီ စစ်ဘက်ယာဉ်တန်းရပ်နေတဲ့ နေရာအနီး မီးခိုးငွေ့တွေ ထွက်နေတဲ့ ရုပ်သံဖိုင်ဟာ တနင်္လာနေ့က အင်တာနက်စာမျက်နှာ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
တူရကီအစိုးဟာ ဆီးရီးယား အနောက်မြောက်ဘက် အခြေစိုက် သူပုန်အဖွဲ့တချို့ကို ကျောထောက်နောက်ခံ ပေးထားတာပါ။
ဒါ့အပြင် ဆီးရီးယားသမ္မတ အာဆတ်ရဲ့ အင်အားအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ ရုရှားနဲ့ သဘောတူညီချက်အရ တူရကီဟာ သူ့ရဲ့တပ်ဖွဲ့တွေကို အီဒလစ်ပြည်နယ်မှာ နေရာချထားခဲ့တာပါ။
ဆီးရီးယားနိုင်ငံထဲကို တူရကီ စစ်ဘက်ယာဉ်တန်း စေလွှတ်တာက ရန်လိုတဲ့အပြုအမူဖြစ်ပြီး သူတို့ဟာ ဆီးရီးယားစစ်တပ်နဲ့ တိုက်နေတဲ့ သူပုန်တွေကို ကူညီဖို့ ဝင်လာတာလို့ ဆီးရီးယားနိုင်ငံပိုင် မီဒီယာက ပြောပါတယ်။
Zawgyi Version
တူရကီ စစ္ဘက္ယာဥ္တန္းတခုကို ဆီးရီးယားအစိုးရ ေလေၾကာင္းတိုက္ခိုက္၊ အရပ္သား ၃ ဦးေသဆုံး
DVB
ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ၾသဂုတ္ ၁၉ ရက္ေန႔က တူရကီစစ္ဘက္ယာဥ္တန္းတခုကို ဆီးရီးယားအစိုးရက ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာေၾကာင့္ အရပ္သားသုံးေယာက္ ေသဆုံးၿပီး ၁၂ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။
အီဒလစ္ျပည္နယ္ ေရွ႕တန္းကို ခ်ီတက္လာတဲ့ တူရကီ စစ္ဘက္ယာဥ္တန္းနားကို ေလေၾကာင္းတိုက္ခိုက္မႈ ထိမွန္ခဲ့တာလို႔ တူရကီ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ သူပုန္အဖြဲ႔နဲ႔ စစ္ပြဲေစာင့္ၾကည့္ေရး အဖြဲ႔တဖြဲ႔က ေျပာပါတယ္။
အီဒလစ္ျပည္နယ္မွာ တူရကီ စစ္ဘက္ယာဥ္တန္းရပ္ေနတဲ့ ေနရာအနီး မီးခိုးေငြ႔ေတြ ထြက္ေနတဲ့ ႐ုပ္သံဖိုင္ဟာ တနလၤာေန႔က အင္တာနက္စာမ်က္ႏွာ္ေပၚမွာ ပ်ံ႔ႏွံ႔ခဲ့ပါတယ္။
တူရကီအစိုးဟာ ဆီးရီးယား အေနာက္ေျမာက္ဘက္ အေျခစိုက္ သူပုန္အဖြဲ႔တခ်ိဳ႕ကို ေက်ာေထာက္ေနာက္ခံ ေပးထားတာပါ။
ဒါ့အျပင္ ဆီးရီးယားသမၼတ အာဆတ္ရဲ႕ အင္အားအႀကီးဆုံး မဟာမိတ္ျဖစ္တဲ့ ႐ုရွားနဲ႔ သေဘာတူညီခ်က္အရ တူရကီဟာ သူ႔ရဲ႕တပ္ဖြဲ႔ေတြကို အီဒလစ္ျပည္နယ္မွာ ေနရာခ်ထားခဲ့တာပါ။
ဆီးရီးယားႏိုင္ငံထဲကို တူရကီ စစ္ဘက္ယာဥ္တန္း ေစလႊတ္တာက ရန္လိုတဲ့အျပဳအမူျဖစ္ၿပီး သူတို႔ဟာ ဆီးရီးယားစစ္တပ္နဲ႔ တိုက္ေနတဲ့ သူပုန္ေတြကို ကူညီဖို႔ ဝင္လာတာလို႔ ဆီးရီးယားႏိုင္ငံပိုင္ မီဒီယာက ေျပာပါတယ္။