Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
August 20, 2019
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဒုရဲတပ်ရင်းမှူးရဲ့ ယာဉ်တန်း သြဂုတ် ၂၀ ရက် မနက် ၁၀ နာရီကျော်လောက်က ပုဏ္ဏားကျွန်းမြို့နယ် အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်နယ်ခြားက ရွာနားမှာ မိုင်းဆွဲခံခဲ့ရတာလို့  နပခ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောပါတယ်။ "ဒုတပ်ရင်းမှူးယာဉ်တန်း မိုင်းတလုံး ဆွဲခံရတာမှန်တယ်။ ဒီနေ့မနက် ၁၀ နာရီကျော် လောက်မှာ အဆွဲခံရတာ။ ထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်။ သေဆုံးတာကတော့ မသိသေးပါဘူး" လို့ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်ခွက်ဆိပ်ရွာနဲ့ ပုဏ္ဏကျွန်းမြို့နယ်၊ ဗိုလ်တထောင် ကျေးရွာ အကြားမှာ မိုင်းတလုံးနဲ့  ဂဏန်းတောင်နဲ့ ပြိုင်တောကျေးရွာအကြားမှာ မိုင်းတလုံး စုစုပေါင်း ၂ လုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို မိုင်းတွေ ပေါက်ကွဲမှုကြောင့် ဒေသခံ ရွာသူရွာသားတွေ စိုးရိမ်မှု မြင့်တက် နေကြပါတယ်။ သြဂုတ် ၁၉ ရက်ကလည်း ကျောက်တော်မြို့နယ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဓားထိုးခံခဲ့ရပြီး စစ်တွေပြည်သူဆေးရုံကြီးမှာ  ဆေးကုသမှုခံယူနေရပါတယ်။ သတင်း- ကောင်းကောင်း
ပုဏၰားကြၽန္းၿမိဳ႕နယ္အဝင္၌ ဒုရဲတပ္ရင္းမႉး ယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံရ DVB ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္က ဒုရဲတပ္ရင္းမႉးရဲ႕ ယာဥ္တန္း ၾသဂုတ္ ၂၀ ရက္ မနက္ ၁၀ နာရီေက်ာ္ေလာက္က ပုဏၰားကြၽန္းၿမိဳ႕နယ္ အဝင္မွာ မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရပါတယ္။ ပုဏၰားကြၽန္းၿမိဳ႕နယ္နဲ႔ ေက်ာက္ေတာ္နယ္ျခားက ႐ြာနားမွာ မိုင္းဆြဲခံခဲ့ရတာလို႔ နပခ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက အတည္ျပဳေျပာပါတယ္။ "ဒုတပ္ရင္းမႉးယာဥ္တန္း မိုင္းတလုံး ဆြဲခံရတာမွန္တယ္။ ဒီေန႔မနက္ ၁၀ နာရီေက်ာ္ ေလာက္မွာ အဆြဲခံရတာ။ ထိခိုက္ဒဏ္ရာ ရတာေတြရွိတယ္။ ေသဆုံးတာကေတာ့ မသိေသးပါဘူး" လို႔ေျပာပါတယ္။ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ေပါက္ခြက္ဆိပ္႐ြာနဲ႔ ပုဏၰကြၽန္းၿမိဳ႕နယ္၊ ဗိုလ္တေထာင္ ေက်း႐ြာ အၾကားမွာ မိုင္းတလုံးနဲ႔ ဂဏန္းေတာင္နဲ႔ ၿပိဳင္ေတာေက်း႐ြာအၾကားမွာ မိုင္းတလုံး စုစုေပါင္း ၂ လုံးေပါက္ကြဲခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။ အခုလို မိုင္းေတြ ေပါက္ကြဲမႈေၾကာင့္ ေဒသခံ ႐ြာသူ႐ြာသားေတြ စိုးရိမ္မႈ ျမင့္တက္ ေနၾကပါတယ္။ ၾသဂုတ္ ၁၉ ရက္ကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ဓားထိုးခံခဲ့ရၿပီး စစ္ေတြျပည္သူေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနရပါတယ္။ သတင္း- ေကာင္းေကာင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024