လာမည့်အပတ်အတွင်း ဆန်းချက်ဇ်၏အနာဂတ် သိရမည်ဟု မန်ယူနည်းပြ ပြော

ဆန်းချက်ဇ်ရဲ့အနာဂတ်ကို လာမယ့်တပတ်အတွင်း သိရမယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။
ဆန်းချက်ဇ်ဟာ ဒဏ်ရာအခြေအနေ အကင်းမပျောက်သေးတာကြောင့် အသင်းရဲ့ အဖွင့်ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ပါတယ်။
ဝုဗ်အသင်းနဲ့ တဂိုးစီ သရေကျခဲ့တဲ့ပွဲ အပြီးမှာတော့ ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့က လာမယ့်တပတ်အတွင်းမှာ သိရမှာဖြစ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက အတည်ပြုခဲ့တာပါ။
တခြား ဥရောပလိဂ် ကလပ်တွေအတွက် အပြောင်းအရွှေ့ပိတ်သိမ်းဖို့ ၂ ပတ်လောက် ကျန်ရှိသေးပြီး ဆန်းချက်ဇ်ကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိတယ်လို့ ဆိုးလ်ရှားက အတည်ပြုပါတယ်။
ဒါကြောင့် အပြောင်းအရွှေ့ မပိတ်ခင်မှာ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပြီး အဲဒီထက်ပိုပြီး ပြောလို့မရသေးဘူးလို့ ဆိုးလ်ရှားက ဆိုပါတယ်။
ဆန်းချက်ဇ်ကို ခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတာကြောင့် အသင်းတိုက်စစ်မှူးဟောင်း လူကာကူနဲ့ ပြန်လည်ပေါင်းစည်းဖို့လည်း ရှိနေပါတယ်။
Zawgyi Version
လာမည့္အပတ္အတြင္း ဆန္းခ်က္ဇ္၏အနာဂတ္ သိရမည္ဟု မန္ယူနည္းျပ ေျပာ
DVB
ဆန္းခ်က္ဇ္ရဲ႕အနာဂတ္ကို လာမယ့္တပတ္အတြင္း သိရမယ္လို႔ မန္ယူနည္းျပ ဆိုးလ္ရွားက အတည္ျပဳလိုက္ပါတယ္။
ဆန္းခ်က္ဇ္ဟာ ဒဏ္ရာအေျခအေန အကင္းမေပ်ာက္ေသးတာေၾကာင့္ အသင္းရဲ႕ အဖြင့္ပြဲစဥ္ ၂ ပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။
ဝုဗ္အသင္းနဲ႔ တဂိုးစီ သေရက်ခဲ့တဲ့ပြဲ အၿပီးမွာေတာ့ ဆန္းခ်က္ဇ္ရဲ႕ အေျပာင္းအေ႐ႊ႕က လာမယ့္တပတ္အတြင္းမွာ သိရမွာျဖစ္တယ္လို႔ မန္ယူနည္းျပ ဆိုးလ္ရွားက အတည္ျပဳခဲ့တာပါ။
တျခား ဥေရာပလိဂ္ ကလပ္ေတြအတြက္ အေျပာင္းအေ႐ႊ႕ပိတ္သိမ္းဖို႔ ၂ ပတ္ေလာက္ က်န္ရွိေသးၿပီး ဆန္းခ်က္ဇ္ကိုေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ရွိတယ္လို႔ ဆိုးလ္ရွားက အတည္ျပဳပါတယ္။
ဒါေၾကာင့္ အေျပာင္းအေ႐ႊ႕ မပိတ္ခင္မွာ ဘာျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ၿပီး အဲဒီထက္ပိုၿပီး ေျပာလို႔မရေသးဘူးလို႔ ဆိုးလ္ရွားက ဆိုပါတယ္။
ဆန္းခ်က္ဇ္ကို ေခၚယူဖို႔အတြက္ အင္တာမီလန္အသင္းက ေခၚယူဖို႔ ခ်ိတ္ဆက္ေနတာေၾကာင့္ အသင္းတိုက္စစ္မႉးေဟာင္း လူကာကူနဲ႔ ျပန္လည္ေပါင္းစည္းဖို႔လည္း ရွိေနပါတယ္။