မြောက်ကိုရီးယားတွင် ပရိဘောဂနှင့် ဗိသုကာလက်ရာပြပွဲ ကျင်းပ

မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းက Sci-Tech Complex အဆောက်အအုံမှာ သြဂုတ် ၁၉ ရက်နေ့က ပရိဘောဂနဲ့ ဗိသုကာလက်ရာပြပွဲကို ဖွင့်လှစ် ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ ကေစီအန်အေက ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ပါတီအရာရှိတွေနဲ့ ဒေသခံတွေဟာ ပွဲတော်ခန်းမအတွင်း လှည့်လည်ကြည့်ရှုနေကြတဲ့ ရုပ်သံဖိုင်ကို ကေစီအန်အေ သတင်းဌာနက ထုတ်ဖော်ပြသခဲ့ပါတယ်။
ကလေးအသုံးအဆောင် ပရိဘောဂတွေ၊ အလိုအလျောက် ဖွင့်တဲ့ပိတ်တဲ့ တံခါးတွေနဲ့ ဆလိုက်မီးတွေကို ပြသထားပါတယ်။
အဲဒီပွဲတော်မှာ စက်ရုံနဲ့ ကုမ္ပဏီပေါင်း ၅၀ က သုတေသနပြု ထုတ်လုပ်တဲ့ ပစ္စည်းအမျိုးအစားပေါင်း ၃၀၀ ကျော်ကို ပြသထားပြီး သြဂုတ် ၂၆ ရက်အထိ ကျင်းပသွားမှာလို့ ကေစီအန်အေ သတင်းဌာနက ပြောပါတယ်။
Zawgyi Version
ေျမာက္ကိုရီးယားတြင္ ပရိေဘာဂႏွင့္ ဗိသုကာလက္ရာျပပြဲ က်င္းပ
DVB
ေျမာက္ကိုရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ ၿပဳံယမ္းက Sci-Tech Complex အေဆာက္အအုံမွာ ၾသဂုတ္ ၁၉ ရက္ေန႔က ပရိေဘာဂနဲ႔ ဗိသုကာလက္ရာျပပြဲကို ဖြင့္လွစ္ က်င္းပခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ ေကစီအန္ေအက ေဖာ္ျပပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ပါတီအရာရွိေတြနဲ႔ ေဒသခံေတြဟာ ပြဲေတာ္ခန္းမအတြင္း လွည့္လည္ၾကည့္ရႈေနၾကတဲ့ ႐ုပ္သံဖိုင္ကို ေကစီအန္ေအ သတင္းဌာနက ထုတ္ေဖာ္ျပသခဲ့ပါတယ္။
ကေလးအသုံးအေဆာင္ ပရိေဘာဂေတြ၊ အလိုအေလ်ာက္ ဖြင့္တဲ့ပိတ္တဲ့ တံခါးေတြနဲ႔ ဆလိုက္မီးေတြကို ျပသထားပါတယ္။
အဲဒီပြဲေတာ္မွာ စက္႐ုံနဲ႔ ကုမၸဏီေပါင္း ၅၀ က သုေတသနျပဳ ထုတ္လုပ္တဲ့ ပစၥည္းအမ်ိဳးအစားေပါင္း ၃၀၀ ေက်ာ္ကို ျပသထားၿပီး ၾသဂုတ္ ၂၆ ရက္အထိ က်င္းပသြားမွာလို႔ ေကစီအန္ေအ သတင္းဌာနက ေျပာပါတယ္။