Home
မြန်မာသတင်း
Miss Universe Mandalay 2019 ရွေးချယ်ပွဲကို ဩဂုတ်လကုန် ကျင်းပမည်
DVB
·
August 20, 2019
Miss Universe Mandalay 2019 ရဲ့ Winner ရွေးချယ်ပွဲကို ဩဂုတ်လ၃၁ရက်နေ့မှာ ပြုလုပ်မယ်လို့ Miss Universe Organization ကနေ သိရပါတယ်။ ပြိုင်ပွဲကို မန္တ​လေးမြို့ ဟိုတယ်ရွှေပြည်သာမှာ ကျင်းပမှာဖြစ်ပြီး Final ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရမယ့် ဆန်ကာတင် အလှမယ် ၂၀ ဦးကိုလည်း ဩဂုတ် ၁၉ရက်နေ့က မီဒီယာ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင် အလှမယ်တွေရဲ့ လူမှုဆက်ဆံရေး၊ ပြိုင်ပွဲဝင်အချင်ချင်း ဖေးမကူညီမှု၊ စိတ်နေစိတ်ထား၊ အပြုအမူ၊ အနေအထိုင်တွေပေါ်မှာလည်း အမှတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရရှိတဲ့အလှမယ်ဟာ ၂၀၂၀ပြည့်နှစ်မှာ ပြုလုပ်မယ့် Miss Universe Myanmar 2020 အတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ပွဲစီစဉ်သူ ကိုမျိုးမင်းက "Miss Universe Myanmar 2020 အတွက်ပါ၊ အဲ့တော့ နိုင့်ငံကိုယ်စားပြု တက်ရောက်ဖြစ်ဖို့အတွက်က ပြည်နယ်နဲ့ တိုင်းအသီးသီးက လာပါ့မယ်။ ဒါကတော့ မန္တ​လေး ကိုယ်စားပြုပေါ့။ ကျနော်တို့ ၂၀၂၀ မှာ ဆိုရင်တော့ Miss Universe Myanmar ဆိုတဲ့ Winner တစ်ယောက်ကို ရွေးချယ်မှာပါဗျ''လို့ ပြောပါတယ်။ ပွဲကျင်းပမယ့် နေ့မှာတော့ အနုပညာရှင်တွေနဲ့ အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
Miss Universe Mandalay 2019 ေ႐ြးခ်ယ္ပြဲကို ဩဂုတ္လကုန္ က်င္းပမည္ DVB Miss Universe Mandalay 2019 ရဲ႕ Winner ေ႐ြးခ်ယ္ပြဲကို ဩဂုတ္လ၃၁ရက္ေန႔မွာ ျပဳလုပ္မယ္လို႔ Miss Universe Organization ကေန သိရပါတယ္။ ၿပိဳင္ပြဲကို မႏၲ​ေလးၿမိဳ႕ ဟိုတယ္ေ႐ႊျပည္သာမွာ က်င္းပမွာျဖစ္ၿပီး Final ပြဲမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ရမယ့္ ဆန္ကာတင္ အလွမယ္ ၂၀ ဦးကိုလည္း ဩဂုတ္ ၁၉ရက္ေန႔က မီဒီယာ မိတ္ဆက္ပြဲ ျပဳလုပ္ခဲ့ပါတယ္။ ၿပိဳင္ပြဲဝင္ အလွမယ္ေတြရဲ႕ လူမႈဆက္ဆံေရး၊ ၿပိဳင္ပြဲဝင္အခ်င္ခ်င္း ေဖးမကူညီမႈ၊ စိတ္ေနစိတ္ထား၊ အျပဳအမူ၊ အေနအထိုင္ေတြေပၚမွာလည္း အမွတ္ေပးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒီၿပိဳင္ပြဲမွာ အႏိုင္ရရွိတဲ့အလွမယ္ဟာ ၂၀၂၀ျပည့္ႏွစ္မွာ ျပဳလုပ္မယ့္ Miss Universe Myanmar 2020 အတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိမွာ ျဖစ္ပါတယ္။ ပြဲစီစဥ္သူ ကိုမ်ိဳးမင္းက "Miss Universe Myanmar 2020 အတြက္ပါ၊ အဲ့ေတာ့ ႏိုင့္ငံကိုယ္စားျပဳ တက္ေရာက္ျဖစ္ဖို႔အတြက္က ျပည္နယ္နဲ႔ တိုင္းအသီးသီးက လာပါ့မယ္။ ဒါကေတာ့ မႏၲ​ေလး ကိုယ္စားျပဳေပါ့။ က်ေနာ္တို႔ ၂၀၂၀ မွာ ဆိုရင္ေတာ့ Miss Universe Myanmar ဆိုတဲ့ Winner တစ္ေယာက္ကို ေ႐ြးခ်ယ္မွာပါဗ်''လို႔ ေျပာပါတယ္။ ပြဲက်င္းပမယ့္ ေန႔မွာေတာ့ အႏုပညာရွင္ေတြနဲ႔ အဆိုေတာ္ေတြရဲ႕ ေဖ်ာ္ေျဖမႈေတြလည္း ပါဝင္မယ္လို႔ သိရပါတယ္။ သတင္း- ထိန္ထိန္လင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024