Home
မြန်မာသတင်း
၇ ဇူလိုင်အထိမ်းအမှတ် စီတန်းလှည့်လည်ခဲ့သည့် ကျောင်းသား ၂ ဦးကို ထောင်ဒဏ် ၇ ရက်ချမှတ်
DVB
·
August 20, 2019
၇ ဇူလိုင်အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်သမဂ္ဂရင်ပြင်ထိ ချီတက်လမ်းလျောက်ခဲ့တဲ့ ကျောင်းသား ကိုဇင်မင်းဖြိုးနဲ့ ကိုမင်းဟန်ထက်တို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုပြီး တလအကြာမှာ ရန်ကုန် လှိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက် ချမှတ်လိုက်ပါတယ်။  အမှုစွဲဆိုခဲ့စဉ် ကျောင်းသားနှစ်ဦးက အမှုကိုအာမခံမလျောက်ဘဲ အချုပ်နဲ့တရားရင်ဆိုင်ခဲ့တာ ဖြစ်တဲ့အတွက် အခုချုပ်ရက်ထုတ်နှုတ်ခံစားခွင့်ပြုပြီး အမိန့်ချတဲ့အခါ ကျောင်းသားတွေက လွတ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ အမိန့်ကို တရားလိုပြသက်သေ၆ ဦးကို စစ်ဆေးပြီး ရုံးချိန်း ၇ ချိန်းမြောက်မှာ အပြီးသတ် အမိန့် ချမှတ်ခဲ့တာပါ။ ကျောင်းသားနှစ်ဦးထဲက ကိုမင်းဟန်ထက်ကတော့ သံချပ်အဖွဲ့ကို ဝန်းရံခဲ့တာနဲ့ပတ်သက်ပြီး ဗိုလ်တထောင်တရားရုံးမှာ အမှုလက်ကျန်ရှိနေသေးလို့ လတ်တလောလွတ်မြောက်ခြင်း မရှိသေးဘဲ အာမခံလျောက်ထားဖို့ ဆက်လက်လုပ်ဆောင် နေပါတယ်။ ချမ်းမြေ့မောင်
၇ ဇူလိုင္အထိမ္းအမွတ္ စီတန္းလွည့္လည္ခဲ့သည့္ ေက်ာင္းသား ၂ ဦးကို ေထာင္ဒဏ္ ၇ ရက္ခ်မွတ္ ခ်မ္းေျမ့ေမာင္ ၇ ဇူလိုင္အထိမ္းအမွတ္အျဖစ္ ရန္ကုန္တကၠသိုလ္သမဂၢရင္ျပင္ထိ ခ်ီတက္လမ္းေလ်ာက္ခဲ့တဲ့ ေက်ာင္းသား ကိုဇင္မင္းၿဖိဳးနဲ႔ ကိုမင္းဟန္ထက္တို႔ကို ၿငိမ္းစုစီဥပေဒပုဒ္မ ၁၉ နဲ႔ တရားစြဲဆိုၿပီး တလအၾကာမွာ ရန္ကုန္ လႈိင္ၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ ၇ ရက္ ခ်မွတ္လိုက္ပါတယ္။ အမႈစြဲဆိုခဲ့စဥ္ ေက်ာင္းသားႏွစ္ဦးက အမႈကိုအာမခံမေလ်ာက္ဘဲ အခ်ဳပ္နဲ႔တရားရင္ဆိုင္ခဲ့တာ ျဖစ္တဲ့အတြက္ အခုခ်ဳပ္ရက္ထုတ္ႏႈတ္ခံစားခြင့္ျပဳၿပီး အမိန႔္ခ်တဲ့အခါ ေက်ာင္းသားေတြက လြတ္ေျမာက္ခဲ့ၿပီ ျဖစ္ပါတယ္။ အမိန႔္ကို တရားလိုျပသက္ေသ၆ ဦးကို စစ္ေဆးၿပီး ႐ုံးခ်ိန္း ၇ ခ်ိန္းေျမာက္မွာ အၿပီးသတ္ အမိန႔္ ခ်မွတ္ခဲ့တာပါ။ ေက်ာင္းသားႏွစ္ဦးထဲက ကိုမင္းဟန္ထက္ကေတာ့ သံခ်ပ္အဖြဲ႕ကို ဝန္းရံခဲ့တာနဲ႔ပတ္သက္ၿပီး ဗိုလ္တေထာင္တရား႐ုံးမွာ အမႈလက္က်န္ရွိေနေသးလို႔ လတ္တေလာလြတ္ေျမာက္ျခင္း မရွိေသးဘဲ အာမခံေလ်ာက္ထားဖို႔ ဆက္လက္လုပ္ေဆာင္ ေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024