Home
မြန်မာသတင်း
တိုက်ပွဲအလွန် ကုန်ဈေးနှုန်း ကောလာဟလများကိစ္စ  ရှမ်းပြည်နယ်အစိုးရ ရှင်းလင်း
DVB
·
August 20, 2019
စစ်​​ရေးပဋိပက္ခဖြစ်​ပွား​နေတဲ့  ရှမ်းပြည်​နယ်​ ​မြောက်​ပိုင်​းမှာ ကုန်ဈေးနှုန်းနဲ့ ပတ်သက်တဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့    ပြည်​သူတွေ စိုးရိမ်​မှုမရှိကြဖို့ ရှမ်​းပြည်​နယ်​ အစိုးရက  သြဂုတ် ၁၉ ရက်ညနေပိုင်းမှာ သတင်​းစာရှင်းလင်း ပြောကြားလိုက်ပါတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က “အပြင်မှာ ဖြစ်နေတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေ၊ ဆန်ဈေးတွေ ဆီဈေးတွေ တက်နေပြီဆိုတဲ့ ကောလာဟလတွေ၊ ပြည်သူတွေ စားနပ်ရိက္ခာ ပြတ်လပ်နိုင်တယ် ဆိုပြီးတော့ ကောလာဟလတွေ အများကြီး ဖြစ်နေပါတယ်။ လက်ရှိ ကျနော်တို့ တင်ပြရမယ်ဆိုရင် လောက်ကိုင်တို့၊ ကွမ်းလုံတို့ စတဲ့ ချင်းရွှေယုံဘက် အခြမ်းမှာလည်း စားရေရိက္ခာ ပြတ်လပ်မှု မရှိအောင် အစိုးရအဖွဲ့က အဲဒီမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပေါင်းစပ်ပြီးတော့ စီမံနေပါတယ်။”လို့ပြောပါတယ်။  ဆန်နဲ့ပတ်သက်ပြီးတော့လည်း ဈေးနှုန်းတွေ မတက်အောင်လို့ ပြည်နယ်အစိုးရအနေနဲ့ တရုတ်ပြည်ကိုပို့တဲ့ ဆန်ကုန်သည်ကြီးများအသင်းနဲ့ ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က “လက်ရှိ အခြေအနေမှာ ချင်းရွှေယုံဘက်ကို မပို့ရသေးတဲ့ ဆန်အိတ်ပေါင်း နှစ်သောင်း ဆန်ကုန်သည်ကြီးများ ဆီမှာ ရှိနေတယ်လို့ သိရပါတယ်။ ဒါကိုလည်း ကုန်သည်ကြီးများနဲ့ ညှိနှိုင်းပြီး ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ စီမံဆောင်ရွက်နေပါတယ်။ မူဆယ်ဒေသမှာ ဆိုရင်လည်း ဆန်အိတ်ပေါင်း သုံးသောင်းလောက် ဆန်ကုန်သည်ကြီးများ ဂိုဒေါင်မှာ ရှိနေပါတယ်။ ဒါတွေကို ကျနော်တို့က လက်တလော ပဋိပက္ခကာလမှာ တဖက်ကို ပို့ဆောင်ခြင်း မပြုသေးဘဲနဲ့ ဆန်ကုန်သည်ကြီးများကို မေတ္တာရပ်ခံပြီး ဆောင်ရွက်ထားတဲ့အတွက် ဒေသစားနပ်ရိက္ခာနဲ့ပတ်သက်လို့ စိုးရိမ်ကြောင့်ကြစရာ သိပ်မရှိပါဘူး။ တကယ်လို့များ လိုအပ်ခဲ့မယ်ဆိုရင် တရုတ်ဘက်ကနေ အခြေခံစားကုန်တွေကို ဒေသခံ ပြည်သူတွေ ပြန်ဝယ်ယူစားသုံးနိုင်ဖို့အတွက် ကျနော်တို့ အစိုးရအဖွဲ့တွေက လမ်းညွှန်ပေး ပါမယ်။ တဖက်က အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကျနော်တို့ ညှိနှိုင်းထားပါတယ်။ လိုအပ်ခဲ့ရင် တဖက်က စားကုန်တွေ ပြန်သွင်းနိုင်အောင်လို့ ကျနော်တို့ ညှိနှိုင်းထားပါတယ်” လို့ ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့်  စစ်ဘေးရှောင်တွေ များလာသလို ကုန်စည်စီးဆင်းမှု အခက်အခဲတွေနဲ့ တံတားတည်ဆောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့လည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြသွားပါတယ်။ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းတံတားကို ပြန်လည်ပြုပြင်ပြီး သြဂုတ်လ ၂၀ ရက်နေ့မှာ စမ်းသပ်နိုင်ဖို့ လုပ်ဆောင်နေကာ တံတားခံနိုင်ဝန် ၃၆ တန် ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တံတားပျက်စီးပြီး ကုန်စည်စီးဆင်းမှု ရပ်ထားတာကြောင့် ကုန်ဈေးနှုန်း မြင့်တက်မှု မရှိအောင် ရှမ်းပြည်နယ် အစိုးရအဖွဲ့က လုပ်ဆောင်သွားမယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ဆက်လက်ပြောပါတယ်။ “ကျနော်တို့ ကွန်ကရစ်တံတားက မနက်ဖြန် မနက်လောက်ဆို စတင်စမ်းသပ်တာလုပ်ပါမယ်။ တံတားပေါ်မှာ ချဉ်းကပ်လမ်း ပြီးတဲ့အချိန်မှာ တံတားရဲ့ ခံနိုင်ဝန်ကို စမ်းသပ်တာပေါ့နော်။ အဲဒါ ပြီးရင်တော့ ကွန်ကရစ်တံတားပေါ်ကနေ လူစီးကားတွေ၊ ကုန်တင်ကားတွေကို ဖြတ်သန်းခွင့် စပြုမှာ ဖြစ်ပါတယ်။ နောင်ပိန်လောက်အထိ ကုန်ကားကြီးတွေ တန်းစီနေတယ်လို့ ကျနော်တို့ သိရပါတယ်။ အတက်ရော အဆင်းရော အကုန်လုံးက တန်းစီနေကြတာ ဖြစ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် ကျနော်တို့က ရဲတပ်ဖွဲ့တို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့၊ အဲဒီမှာရှိတဲ့ ယာဉ်ထိန်းတပ်ဖွဲ့တွေနဲ့ ပေါင်းပြီးတော့ အလှည့်ကျ အတက်အဆင်း ကားတွေ ကို နှစ်နာရီ အလှည့်ကျ လွှတ်လိုက်မယ်ဆိုရင် စနစ်တကျ ပိတ်ဆို့မှုမဖြစ်အောင်လို့ သွားနိုင်မယ့် အနေအထားမျိုး ဖြစ်အောင်လို့ပါ။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဂုတ်တွင်းမှာ ရှိနေပြီးတော့ ကျောက်မဲခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့တွေ ဦးစီးပြီးတော့ စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။” ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် လားရှိုး မန်ဆူကျောင်းတိုက်မှာ စစ်ဘေးရှောင် ၁၂၀၀ ဝန်းကျင်၊ သိန္နီမြို့နဲ့ ကွမ်လုံကြား ကက်သလစ်ကျောင်းမှာ စစ်ဘေးရှောင် ၃၃၀ ဝန်းကျင် တိမ်းရှောင်နေရတာပါ။ တိုက်ပွဲကြောင့် ရဲတပ်ဖွဲ့ ၃ ဦး သေဆုံး၊ အရပ်ဘက်ပြည်သူ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၀ ဦး ရှိနေပြီလို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့က သိရပါတယ်။ သတင်း- ခွန်ရာဇာ
တိုက္ပြဲအလြန္ ကုန္ေဈးႏႈန္း ေကာလာဟလမ်ားကိစၥ ရွမ္းျပည္နယ္အစိုးရ ရွင္းလင္း DVB စစ္​​ေရးပဋိပကၡျဖစ္​ပြား​ေနတဲ့ ရွမ္းျပည္​နယ္​ ​ေျမာက္​ပိုင္​းမွာ ကုန္ေဈးႏႈန္းနဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြနဲ႔ ပတ္သက္လို႔ ျပည္​သူေတြ စိုးရိမ္​မႈမရွိၾကဖို႔ ရွမ္​းျပည္​နယ္​ အစိုးရက ၾသဂုတ္ ၁၉ ရက္ညေနပိုင္းမွာ သတင္​းစာရွင္​းလင္​း ေျပာၾကားလိုက္ပါတယ္။ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္က “အျပင္မွာ ျဖစ္ေနတဲ့ ကုန္ေဈးႏႈန္း ႀကီးျမင့္တာေတြ၊ ဆန္ေဈးေတြ ဆီေဈးေတြ တက္ေနၿပီဆိုတဲ့ ေကာလာဟလေတြ၊ ျပည္သူေတြ စားနပ္ရိကၡာ ျပတ္လပ္ႏိုင္တယ္ ဆိုၿပီးေတာ့ ေကာလာဟလေတြ အမ်ားႀကီး ျဖစ္ေနပါတယ္။ လက္ရွိ က်ေနာ္တို႔ တင္ျပရမယ္ဆိုရင္ ေလာက္ကိုင္တို႔၊ ကြမ္းလုံတို႔ စတဲ့ ခ်င္းေ႐ႊယုံဘက္ အျခမ္းမွာလည္း စားေရရိကၡာ ျပတ္လပ္မႈ မရွိေအာင္ အစိုးရအဖြဲ႕က အဲဒီမွာရွိတဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႕ ေတြနဲ႔ ေပါင္းစပ္ၿပီးေတာ့ စီမံေနပါတယ္။”လို႔ေျပာပါတယ္။ ဆန္နဲ႔ပတ္သက္ၿပီးေတာ့လည္း ေဈးႏႈန္းေတြ မတက္ေအာင္လို႔ ျပည္နယ္အစိုးရအေနနဲ႔ တ႐ုတ္ျပည္ကိုပို႔တဲ့ ဆန္ကုန္သည္ႀကီးမ်ားအသင္းနဲ႔ ညႇိႏႈိင္းေနတယ္လို႔လည္း သိရပါတယ္။ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္က “လက္ရွိ အေျခအေနမွာ ခ်င္းေ႐ႊယုံဘက္ကို မပို႔ရေသးတဲ့ ဆန္အိတ္ေပါင္း ႏွစ္ေသာင္း ဆန္ကုန္သည္ႀကီးမ်ား ဆီမွာ ရွိေနတယ္လို႔ သိရပါတယ္။ ဒါကိုလည္း ကုန္သည္ႀကီးမ်ားနဲ႔ ညႇိႏႈိင္းၿပီး ေဒသလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးဖို႔ စီမံေဆာင္႐ြက္ေနပါတယ္။ မူဆယ္ေဒသမွာ ဆိုရင္လည္း ဆန္အိတ္ေပါင္း သုံးေသာင္းေလာက္ ဆန္ကုန္သည္ႀကီးမ်ား ဂိုေဒါင္မွာ ရွိေနပါတယ္။ ဒါေတြကို က်ေနာ္တို႔က လက္တေလာ ပဋိပကၡကာလမွာ တဖက္ကို ပို႔ေဆာင္ျခင္း မျပဳေသးဘဲနဲ႔ ဆန္ကုန္သည္ႀကီးမ်ားကို ေမတၱာရပ္ခံၿပီး ေဆာင္႐ြက္ထားတဲ့အတြက္ ေဒသစားနပ္ရိကၡာနဲ႔ပတ္သက္လို႔ စိုးရိမ္ေၾကာင့္ၾကစရာ သိပ္မရွိပါဘူး။ တကယ္လို႔မ်ား လိုအပ္ခဲ့မယ္ဆိုရင္ တ႐ုတ္ဘက္ကေန အေျခခံစားကုန္ေတြကို ေဒသခံ ျပည္သူေတြ ျပန္ဝယ္ယူစားသုံးႏိုင္ဖို႔အတြက္ က်ေနာ္တို႔ အစိုးရအဖြဲ႕ေတြက လမ္းၫႊန္ေပး ပါမယ္။ တဖက္က အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြနဲ႔ က်ေနာ္တို႔ ညႇိႏႈိင္းထားပါတယ္။ လိုအပ္ခဲ့ရင္ တဖက္က စားကုန္ေတြ ျပန္သြင္းႏိုင္ေအာင္လို႔ က်ေနာ္တို႔ ညႇိႏႈိင္းထားပါတယ္” လို႔ ေျပာပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ေတြ မ်ားလာသလို ကုန္စည္စီးဆင္းမႈ အခက္အခဲေတြနဲ႔ တံတားတည္ေဆာက္မႈ အေျခအေနေတြနဲ႔ ပတ္သက္လို႔လည္း ရွမ္းျပည္နယ္ အစိုးရအဖြဲ႕က သတင္းစာရွင္းလင္းပြဲမွာ ရွင္းျပသြားပါတယ္။ တိုက္ပြဲေၾကာင့္ ပ်က္စီးသြားတဲ့ ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္တြင္းတံတားကို ျပန္လည္ျပဳျပင္ၿပီး ၾသဂုတ္လ ၂၀ ရက္ေန႔မွာ စမ္းသပ္ႏိုင္ဖို႔ လုပ္ေဆာင္ေနကာ တံတားခံႏိုင္ဝန္ ၃၆ တန္ ရွိတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ တံတားပ်က္စီးၿပီး ကုန္စည္စီးဆင္းမႈ ရပ္ထားတာေၾကာင့္ ကုန္ေဈးႏႈန္း ျမင့္တက္မႈ မရွိေအာင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕က လုပ္ေဆာင္သြားမယ္လို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္က ဆက္လက္ေျပာပါတယ္။ “က်ေနာ္တို႔ ကြန္ကရစ္တံတားက မနက္ျဖန္ မနက္ေလာက္ဆို စတင္စမ္းသပ္တာလုပ္ပါမယ္။ တံတားေပၚမွာ ခ်ဥ္းကပ္လမ္း ၿပီးတဲ့အခ်ိန္မွာ တံတားရဲ႕ ခံႏိုင္ဝန္ကို စမ္းသပ္တာေပါ့ေနာ္။ အဲဒါ ၿပီးရင္ေတာ့ ကြန္ကရစ္တံတားေပၚကေန လူစီးကားေတြ၊ ကုန္တင္ကားေတြကို ျဖတ္သန္းခြင့္ စျပဳမွာ ျဖစ္ပါတယ္။ ေနာင္ပိန္ေလာက္အထိ ကုန္ကားႀကီးေတြ တန္းစီေနတယ္လို႔ က်ေနာ္တို႔ သိရပါတယ္။ အတက္ေရာ အဆင္းေရာ အကုန္လုံးက တန္းစီေနၾကတာ ျဖစ္တဲ့အတြက္ ယာဥ္ေၾကာပိတ္ဆို႔မႈ မျဖစ္ေအာင္ က်ေနာ္တို႔က ရဲတပ္ဖြဲ႕တို႔၊ ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး ဌာနတို႔၊ အဲဒီမွာရွိတဲ့ ယာဥ္ထိန္းတပ္ဖြဲ႕ေတြနဲ႔ ေပါင္းၿပီးေတာ့ အလွည့္က် အတက္အဆင္း ကားေတြ ကို ႏွစ္နာရီ အလွည့္က် လႊတ္လိုက္မယ္ဆိုရင္ စနစ္တက် ပိတ္ဆို႔မႈမျဖစ္ေအာင္လို႔ သြားႏိုင္မယ့္ အေနအထားမ်ိဳး ျဖစ္ေအာင္လို႔ပါ။ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးက ဂုတ္တြင္းမွာ ရွိေနၿပီးေတာ့ ေက်ာက္မဲခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ခ႐ိုင္ရဲတပ္ဖြဲ႕ေတြ ဦးစီးၿပီးေတာ့ စနစ္တက်ျဖစ္ေအာင္ ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။” ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ လားရႈိး မန္ဆူေက်ာင္းတိုက္မွာ စစ္ေဘးေရွာင္ ၁၂၀၀ ဝန္းက်င္၊ သိႏၷီၿမိဳ႕နဲ႔ ကြမ္လုံၾကား ကက္သလစ္ေက်ာင္းမွာ စစ္ေဘးေရွာင္ ၃၃၀ ဝန္းက်င္ တိမ္းေရွာင္ေနရတာပါ။ တိုက္ပြဲေၾကာင့္ ရဲတပ္ဖြဲ႕ ၃ ဦး ေသဆုံး၊ အရပ္ဘက္ျပည္သူ ၃ ဦး ေသဆုံးၿပီး ဒဏ္ရာရသူ ၂၀ ဦး ရွိေနၿပီလို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕က သိရပါတယ္။ သတင္း- ခြန္ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024