အူဘာမီယန်းနှင့် လာကာဇက်တီတို့ကို လစာတိုးပြီး စာချုပ်သစ် ချုပ်ဆိုရန် အာဆင်နယ် ပြင်ဆင်

အာဆင်နယ်အသင်းဟာ လာမယ့်နှစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေးအတွက် ခြေစွမ်းပြ တိုက်စစ်စုံတွဲ အူဘာမီယန်းနဲ့ လာကာဇက်တီတို့ကို လုပ်ခလစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပါတယ်။
လတ်တလော အသင်းရဲ့ လုပ်ခလစာ အများဆုံးရရှိတဲ့ ကစားသမားတွေထဲ ထိပ်ဆုံးကပါနေတဲ့ လာကာဇက်တီဟာ တပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ ကျော် ရရှိနေပြီးတော့ အူဘာမီယန်းကတော့ ပေါင် ၂၀၀၀၀၀ လောက် ရရှိနေပါတယ်။
ပြီးခဲတဲ့ရာသီက သွင်းဂိုးပေါင်း ၅၁ ဂိုးထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်အတွဲဟာ လုပ်ခလစာ တိုးမြင့်ရရှိဖို့ သေချာနေပေမယ့် တပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ကျော် ရရှိနေတဲ့ အိုဇေးလ်ရဲ့ လစာကိုတော့ မီနိုင်ဖို့ အာမ မခံကြောင်း ပေါက်ကြားလာတဲ့ သတင်းတွေအရ သိရပါတယ်။
အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်လောက်ပဲ ကျန်ရှိတော့သလို လာကာဇက်တီကတော့ ၃ နှစ်ပဲ ကျန်ရှိတော့တာ ဖြစ်တာကြောင့် ခြေစွမ်းပြ ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အတွက်လည်း အသင်းရဲ့ အကြီးအကဲ ရာအူးလ်ဆန်ဟီလီက လိုလားနေတယ်လို့ သိရပါတယ်။
အူဘာမီယန်းနဲ့ လာကာဇက်တီတို့ဟာ ပြီးခဲ့တဲ့ရာသီကတည်းက အတွဲအဖက်ညီညီနဲ့ ဂိုးတွေသွင်းယူပေးခဲ့သလို အခုရာသီ အစမှာလည်း နှစ်ပွဲကစားပြီးချိန်မှာ နှစ်ဦးပေါင်း ၃ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။
Zawgyi Version
အူဘာမီယန္းႏွင့္ လာကာဇက္တီတို႔ကို လစာတိုးၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္ အာဆင္နယ္ ျပင္ဆင္
DVB
အာဆင္နယ္အသင္းဟာ လာမယ့္ႏွစ္မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိေရးအတြက္ ေျခစြမ္းျပ တိုက္စစ္စုံတြဲ အူဘာမီယန္းနဲ႔ လာကာဇက္တီတို႔ကို လုပ္ခလစာတိုးေပးၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားဖို႔ ျပင္ဆင္ေနပါတယ္။
လတ္တေလာ အသင္းရဲ႕ လုပ္ခလစာ အမ်ားဆုံးရရွိတဲ့ ကစားသမားေတြထဲ ထိပ္ဆုံးကပါေနတဲ့ လာကာဇက္တီဟာ တပတ္လုပ္ခ ေပါင္ ၁၄၀၀၀၀ ေက်ာ္ ရရွိေနၿပီးေတာ့ အူဘာမီယန္းကေတာ့ ေပါင္ ၂၀၀၀၀၀ ေလာက္ ရရွိေနပါတယ္။
ၿပီးခဲတဲ့ရာသီက သြင္းဂိုးေပါင္း ၅၁ ဂိုးထိ သြင္းယူေပးခဲ့တဲ့ တိုက္စစ္အတြဲဟာ လုပ္ခလစာ တိုးျမင့္ရရွိဖို႔ ေသခ်ာေနေပမယ့္ တပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ ေက်ာ္ ရရွိေနတဲ့ အိုေဇးလ္ရဲ႕ လစာကိုေတာ့ မီႏိုင္ဖို႔ အာမ မခံေၾကာင္း ေပါက္ၾကားလာတဲ့ သတင္းေတြအရ သိရပါတယ္။
အူဘာမီယန္းဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ေလာက္ပဲ က်န္ရွိေတာ့သလို လာကာဇက္တီကေတာ့ ၃ ႏွစ္ပဲ က်န္ရွိေတာ့တာ ျဖစ္တာေၾကာင့္ ေျခစြမ္းျပ ကစားသမားေတြကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ အတြက္လည္း အသင္းရဲ႕ အႀကီးအကဲ ရာအူးလ္ဆန္ဟီလီက လိုလားေနတယ္လို႔ သိရပါတယ္။
အူဘာမီယန္းနဲ႔ လာကာဇက္တီတို႔ဟာ ၿပီးခဲ့တဲ့ရာသီကတည္းက အတြဲအဖက္ညီညီနဲ႔ ဂိုးေတြသြင္းယူေပးခဲ့သလို အခုရာသီ အစမွာလည္း ႏွစ္ပြဲကစားၿပီးခ်ိန္မွာ ႏွစ္ဦးေပါင္း ၃ ဂိုး သြင္းယူေပးထားႏိုင္ပါတယ္။