Home
မြန်မာသတင်း
မင်းပြားတွင် လက်နက်ကြီးကျည် ကျရောက်ပြီး တပ်ကြပ်ကြီး ၁ ဦးသေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာရ
DVB
·
August 20, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဆင်ကြီးပြင်ကျေးရွာရဲ့ ဥယျာဉ်ခြံအတွင်း နေအိမ်တလုံး ထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာကြောင့် နေအိမ်မှာအိပ်နေကြတဲ့ တပ်မတော်က တပ်ကြပ်ကြီးတဦး သေဆုံးပြီး သူ့ရဲ့ဇနီး ဒဏ်ရာရသွားတယ်လို့  မိသားစုတွေက ဒီဗွီဘီကို ပြောပါတယ်။ သြဂုတ် ၁၉ ရက် ည ၉ နာရီကျော်လောက်မှာ မင်းပြားကျိန်းတောင်အနောက်က ဆင်ကြီးကျေးရွာက ကျော်လမ်းမှာ ဥယျာဉ်ခြံမှာနေထိုင်ကြတဲ့ မိသားစုဝင်တွေက ညအိပ်နေချိန်မှာ ကျည်စတွေ နေအိမ်အတွင်းကို ကျရောက်ခဲ့တာလို့ ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ ဒေါ်သန်းသန်းရဲ့ မောင်ဖြစ်သူ ကိုပေါက်စက ပြောပါတယ်။ “ကျနော်တို့က ည ၉ နာရီကျော်မှာဆိုတော့ အကုန်အိပ်နေကြတယ်။ အဲ့ဒီမှာအိမ်နဲ့ ကိုက် ၄၀၀ လောက်ရှိတဲ့ ကျိန်းတောင် တပ်ရင်း ၃၈၀ ကနေ လှမ်းပစ်လိုက်တဲ့ လက်နက်ကြီးကျည်စ၊ ကျည်ဆန်တွေ နေအိမ်အတွင်းကိုကျတယ်။ ကျနော်အပါအဝင်မိသားစုတွေ အိပ်နေကြတာပါ။ အဲ့ဒီ ကျည်စတွေကျလို့ ကျနော်အစ်မမှာ ဘယ်ဘက်မောင်းမှာ ဒဏ်ရာသွားတယ်။ ကျနော်ယောက်ဖ ကတော့ ဆီးခုံကို ဖောက်ကိုသွားတယ်။ ယောက်ဖကဒီကနေ့ မနက်ပိုင်း ၃ နာရီခွဲမှာ မင်းပြားဆေးရုံမှာ သေဆုံးသွားပါတယ်။” မင်းပြားကျိန်းတောင်နောက်ဖက် ဆင်ကြီးပြင်ကျေးရွာရဲ့အကျော်မှာ နေအိမ်တွေ ဆောက်လုပ်ပြီး ဥယျာဉ်ခြံတွေကို စောင့်ပြီးနေထိုင်ကြ တဲ့အိမ်ထောင်စု ၈ စုရှိပါတယ်။ အဲ့ဒီနေအိမ်အတွင်း ကိုပေါက်စမိသားစု အပါအဝင် သေဆုံးသွားတဲ့ တပ်ကြပ်ဇနီး လင်မယားနဲ့ ကိုပေါက်စ အမေဖြစ်သူ အစ်မဖြစ်သူသားသမီးတွေအပါအဝင် ၈ ဦးက အိပ်နေကြတာလို့ ဆိုပါတယ်။ ဆင်ကြီးပြင်ကျေးရွာက ဦးမောင်သာလှက “ကျေးရွာလူကြီး ကျနော်တို့က လက်ကြီးတွေ ပစ်ခတ်သံတွေကြားလို့ နေအိမ်တွေမှာ ပုန်းနေကြတယ်။ ပစ်တာက အဲ့ဒီလက်နက်ကြီးက ည ၉ နာရီကျော် လောက်မှာ အချက် ၄-၅ ချက်လောက်ပစ်တယ်။ သူတို့ကလည်း လက်နက်ကြီးတွေ ပစ်နေတဲ့ ၃၈၀ ကတပ်ရင်းကနဲ့ နီးနီးလေးပဲ၊ အဲ့ဒီမှာ မကြာခဏဆိုသလို လက်ကြီးတွေက လှမ်းပစ်နေတာတွေရှိတယ်။”လို့ပြောပါတယ်။ လက်နက်ကြီးကျည်စကျပြီး သေဆုံးသွားသူ တပ်ကြပ်ကြီး ဦးလှထွန်း အသက် ၅၂ နှစ်ဟာ ရသေ့တောင်မြို့ ၅၃၇ တပ်ရင်းမှာ တာဝန်ကျနေရင်း ခွင့်ယူပြီး မင်းပြားမြို့ ဆင်ကြီးပြင်ကျေးရွာကို လင်းမယားနှစ်ယောက်လုံး အလည်လာတာဖြစ်ပါတယ်။ ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ ဒေါ်သန်းသန်းရဲ့မောင်ဖြစ်သူ ကိုပေါက်စက “အခုက တိုက်ပွဲဖြစ်လို့ လက်နက်ကြီးတွေကျ တာမဟုတ်ဘဲ ကျိန်တောင်ကနေလှမ်းပစ်ခဲ့လက်ကြီးကျည်တွေကျည်စတွေ၊ ကျည်ဆန်တွေ ထိမှန်လို့ သေဆုံသွားတာဖြစ်တယ်။ ကျနော်တို့အခုလို လက်နက်ကြီးကျည်စတွေ ကျတာတွေ ယောက်ဖဆုံးသွားတာကို ကျိန်းတောင်တပ်ရင်း ၃၈၀ ကိုသွားပြောပါတယ်။ သူတို့အိမ်ကို လာကြည့်ပေးမယ်လို့ပြောသွားတယ်။ ဒါပေမယ့် အခုအချိန် အထိလာမကြည့်ဘူး။”လို့ ပြောပါတယ်။ လက်နက်ကြီးကျည် ကျရောက်ခဲ့တာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ကျနော်အဲ့ဒီကိစ္စ တကယ်မသိသေးဘူး။ တကယ်မကြားမိသေးဘူးဗျ၊ ဘယ်မှာဖြစ်တာလဲ၊ ကျနော်စုံစမ်းလိုက်ပါမယ်။”လို့ ပြောပါတယ်။ တပ်ကြပ်ကြီးဇနီးဖြစ်သူ ဒေါ်သန်းသန်းမှာ ဘယ်ဘက်လက်မောင်းဒဏ်ရာပြင်းထန်တာ ကြောင့် မင်းပြားဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေပြီး သေဆုံးသွားတဲ့ တပ်ကြပ်ကြီးကိုတော့ ရင်ခွဲရုံမှာ ခွဲစိတ်ဖို့လုပ်နေပါတယ်။  သတင်း-ဝဏ္ဏခွာညို
မင္းျပားတြင္ လက္ႀကီးက်ည္ က်ေရာက္ၿပီး တပ္ၾကပ္ႀကီး ၁ ဦးေသဆုံး၊ ဇနီးျဖစ္သူ ဒဏ္ရာရ ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ ဆင္ႀကီးျပင္ေက်း႐ြာရဲ႕ ဥယ်ာဥ္ၿခံအတြင္း ေနအိမ္တလုံး ထဲကို လက္နက္ႀကီးက်ည္ေတြ က်ေရာက္ခဲ့တာေၾကာင့္ ေနအိမ္မွာအိပ္ေနၾကတဲ့ တပ္မေတာ္က တပ္ၾကပ္ႀကီးတဦး ေသဆုံးၿပီး သူ႔ရဲ႕ဇနီး ဒဏ္ရာရသြားတယ္လို႔ မိသားစုေတြက ဒီဗြီဘီကို ေျပာပါတယ္။ ၾသဂုတ္ ၁၉ ရက္ ည ၉ နာရီေက်ာ္ေလာက္မွာ မင္းျပားက်ိန္းေတာင္အေနာက္က ဆင္ႀကီးေက်း႐ြာက ေက်ာ္လမ္းမွာ ဥယ်ာဥ္ၿခံမွာေနထိုင္ၾကတဲ့ မိသားစုဝင္ေတြက ညအိပ္ေနခ်ိန္မွာ က်ည္စေတြ ေနအိမ္အတြင္းကို က်ေရာက္ခဲ့တာလို႔ ဒဏ္ရာျပင္းထန္ရရွိခဲ့တဲ့ ေဒၚသန္းသန္းရဲ႕ ေမာင္ျဖစ္သူ ကိုေပါက္စက ေျပာပါတယ္။ “က်ေနာ္တို႔က ည ၉ နာရီေက်ာ္မွာဆိုေတာ့ အကုန္အိပ္ေနၾကတယ္။ အဲ့ဒီမွာအိမ္နဲ႔ ကိုက္ ၄၀၀ ေလာက္ရွိတဲ့ က်ိန္းေတာင္ တပ္ရင္း ၃၈၀ ကေန လွမ္းပစ္လိုက္တဲ့ လက္နက္ႀကီးက်ည္စ၊ က်ည္ဆန္ေတြ ေနအိမ္အတြင္းကိုက်တယ္။ က်ေနာ္အပါအဝင္မိသားစုေတြ အိပ္ေနၾကတာပါ။ အဲ့ဒီ က်ည္စေတြက်လို႔ က်ေနာ္အစ္မမွာ ဘယ္ဘက္ေမာင္းမွာ ဒဏ္ရာသြားတယ္။ က်ေနာ္ေယာက္ဖ ကေတာ့ ဆီးခုံကို ေဖာက္ကိုသြားတယ္။ ေယာက္ဖကဒီကေန႔ မနက္ပိုင္း ၃ နာရီခြဲမွာ မင္းျပားေဆး႐ုံမွာ ေသဆုံးသြားပါတယ္။” မင္းျပားက်ိန္းေတာင္ေနာက္ဖက္ ဆင္ႀကီးျပင္ေက်း႐ြာရဲ႕အေက်ာ္မွာ ေနအိမ္ေတြ ေဆာက္လုပ္ၿပီး ဥယ်ာဥ္ၿခံေတြကို ေစာင့္ၿပီးေနထိုင္ၾက တဲ့အိမ္ေထာင္စု ၈ စုရွိပါတယ္။ အဲ့ဒီေနအိမ္အတြင္း ကိုေပါက္စမိသားစု အပါအဝင္ ေသဆုံးသြားတဲ့ တပ္ၾကပ္ဇနီး လင္မယားနဲ႔ ကိုေပါက္စ အေမျဖစ္သူ အစ္မျဖစ္သူသားသမီးေတြအပါအဝင္ ၈ ဦးက အိပ္ေနၾကတာလို႔ ဆိုပါတယ္။ ဆင္ႀကီးျပင္ေက်း႐ြာက ဦးေမာင္သာလွက “ေက်း႐ြာလူႀကီး က်ေနာ္တို႔က လက္ႀကီးေတြ ပစ္ခတ္သံေတြၾကားလို႔ ေနအိမ္ေတြမွာ ပုန္းေနၾကတယ္။ ပစ္တာက အဲ့ဒီလက္နက္ႀကီးက ည ၉ နာရီေက်ာ္ ေလာက္မွာ အခ်က္ ၄-၅ ခ်က္ေလာက္ပစ္တယ္။ သူတို႔ကလည္း လက္နက္ႀကီးေတြ ပစ္ေနတဲ့ ၃၈၀ ကတပ္ရင္းကနဲ႔ နီးနီးေလးပဲ၊ အဲ့ဒီမွာ မၾကာခဏဆိုသလို လက္ႀကီးေတြက လွမ္းပစ္ေနတာေတြရွိတယ္။”လို႔ေျပာပါတယ္။ လက္နက္ႀကီးက်ည္စက်ၿပီး ေသဆုံးသြားသူ တပ္ၾကပ္ႀကီး ဦးလွထြန္း အသက္ ၅၂ ႏွစ္ဟာ ရေသ့ေတာင္ၿမိဳ႕ ၅၃၇ တပ္ရင္းမွာ တာဝန္က်ေနရင္း ခြင့္ယူၿပီး မင္းျပားၿမိဳ႕ ဆင္ႀကီးျပင္ေက်း႐ြာကို လင္းမယားႏွစ္ေယာက္လုံး အလည္လာတာျဖစ္ပါတယ္။ ဒဏ္ရာျပင္းထန္ရရွိခဲ့တဲ့ ေဒၚသန္းသန္းရဲ႕ေမာင္ျဖစ္သူ ကိုေပါက္စက “အခုက တိုက္ပြဲျဖစ္လို႔ လက္နက္ႀကီးေတြက် တာမဟုတ္ဘဲ က်ိန္ေတာင္ကေနလွမ္းပစ္ခဲ့လက္ႀကီးက်ည္ေတြက်ည္စေတြ၊ က်ည္ဆန္ေတြ ထိမွန္လို႔ ေသဆုံသြားတာျဖစ္တယ္။ က်ေနာ္တို႔အခုလို လက္နက္ႀကီးက်ည္စေတြ က်တာေတြ ေယာက္ဖဆုံးသြားတာကို က်ိန္းေတာင္တပ္ရင္း ၃၈၀ ကိုသြားေျပာပါတယ္။ သူတို႔အိမ္ကို လာၾကည့္ေပးမယ္လို႔ေျပာသြားတယ္။ ဒါေပမယ့္ အခုအခ်ိန္ အထိလာမၾကည့္ဘူး။”လို႔ ေျပာပါတယ္။ လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့တာနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက “က်ေနာ္အဲ့ဒီကိစၥ တကယ္မသိေသးဘူး။ တကယ္မၾကားမိေသးဘူးဗ်၊ ဘယ္မွာျဖစ္တာလဲ၊ က်ေနာ္စုံစမ္းလိုက္ပါမယ္။”လို႔ ေျပာပါတယ္။ တပ္ၾကပ္ႀကီးဇနီးျဖစ္သူ ေဒၚသန္းသန္းမွာ ဘယ္ဘက္လက္ေမာင္းဒဏ္ရာျပင္းထန္တာ ေၾကာင့္ မင္းျပားေဆး႐ုံမွာ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနၿပီး ေသဆုံးသြားတဲ့ တပ္ၾကပ္ႀကီးကိုေတာ့ ရင္ခြဲ႐ုံမွာ ခြဲစိတ္ဖို႔လုပ္ေနပါတယ္။ သတင္း-ဝဏၰခြာညိဳ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024