အရည်ပျော်သွားသည့် အိုက်စ်လန်နိုင်ငံ၏ ပထမဆုံး ရေခဲမြစ်တွင် ကမ္ပည်းတင် မော်ကွန်းကျောက်ပြား စိုက်ထူ

အိုက်စ်လန်နိုင်ငံမှာ ရာသီဥတု ပြောင်းလဲမှုကြောင့် အရည်ပျော်သွားတဲ့ အိုက်စ်လန်ရဲ့ ပထမဆုံး ရေခဲမြစ် အော်ဂျော်ကူးလ်မှာ ကမ္ပည်းတင် မော်ကွန်းကျောက်ပြား စိုက်ထူတဲ့ အခမ်းအနားကို သြဂုတ် ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အိုက်စ်လန်နိုင်ငံမှာ ရေခဲမြစ်အရေအတွက် ရာချီရှိပါတယ်။ ကမ္ဘာ့ရာသီဥတုဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို ဦးတည်လာချိန်မှာ ရေခဲမြစ်တွေ အရည်ပျော်လာတာက ကမ္ဘာကြီးပူနွေးလာတဲ့ လက္ခဏာရပ်တွေထဲက တခုဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြပါတယ်။
တနင်္ဂနွေနေ့က အခမ်းအနားကို အိုက်စ်လန်နိုင်ငံ အနောက်အလယ်ပိုင်းမှာ ကျင်းပခဲ့ပြီး သိပ္ပံပညာရှင်တွေနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။
အော်ဂျော်ကူးလ် ရေခဲမြစ်က ပထမဆုံး အရည်ပျော်တဲ့ အိုက်စ်လန်ရေခဲမြစ်ပါ။ လာမယ့် နှစ်ပေါင်း ၂၀၀ အတွင်းမှာ ကျနော်တို့နိုင်ငံရဲ့ ရေခဲမြစ်တွေအားလုံး အလားတူ အရည်ပျော်သွားမယ်လို့ ခန့်မှန်းရကြောင်း အိုက်စ်လန်နိုင်ငံသား စာရေးဆရာ အန်ဒရီ စနဲ မက်ဂနက်ဆင်က ကမ္မည်းကျောက်ပြားပေါ်မှာ ရေးသားခဲ့ပါတယ်။
နာဆာရဲ့ ကမ္ဘာဂြိုဟ် လေ့လာစောင့်ကြည့်ရေးအဖွဲ့က ရိုက်ကူးထားတဲ့ ဂြိုဟ်တုပုံရိပ်တွေအရ ၁၉၈၆ ခုနှစ်မှာ အော်ဂျော်ကူးလ် ရေခဲမြစ်ဟာ အဖြူရောင်အစိုင်အခဲ တခုအဖြစ် ရှိနေသေးပေမယ့် အခုနှစ် သြဂုတ် ၁ ရက်နေ့က ရိုက်ကူးတဲ့ပုံအရ အသေးစား အဖြူရောင် ရေခဲအပိုင်းအစတွေသာ ကျန်ရှိပါတော့တယ်။
Zawgyi Version
အရည္ေပ်ာ္သြားသည့္ အိုက္စ္လန္ႏိုင္ငံ၏ ပထမဆုံး ေရခဲျမစ္တြင္ ကမၸည္းတင္ ေမာ္ကြန္းေက်ာက္ျပား စိုက္ထူ
DVB
အိုက္စ္လန္ႏိုင္ငံမွာ ရာသီဥတု ေျပာင္းလဲမႈေၾကာင့္ အရည္ေပ်ာ္သြားတဲ့ အိုက္စ္လန္ရဲ႕ ပထမဆုံး ေရခဲျမစ္ ေအာ္ေဂ်ာ္ကူးလ္မွာ ကမၸည္းတင္ ေမာ္ကြန္းေက်ာက္ျပား စိုက္ထူတဲ့ အခမ္းအနားကို ၾသဂုတ္ ၁၈ ရက္ေန႔က က်င္းပခဲ့ပါတယ္။
အိုက္စ္လန္ႏိုင္ငံမွာ ေရခဲျမစ္အေရအတြက္ ရာခ်ီရွိပါတယ္။ ကမာၻ႔ရာသီဥတုဟာ အႏၲရာယ္ရွိတဲ့ အဆင့္ကို ဦးတည္လာခ်ိန္မွာ ေရခဲျမစ္ေတြ အရည္ေပ်ာ္လာတာက ကမာၻႀကီးပူေႏြးလာတဲ့ လကၡဏာရပ္ေတြထဲက တခုျဖစ္တယ္လို႔ သိပၸံပညာရွင္ေတြက သုံးသပ္ၾကပါတယ္။
တနဂၤေႏြေန႔က အခမ္းအနားကို အိုက္စ္လန္ႏိုင္ငံ အေနာက္အလယ္ပိုင္းမွာ က်င္းပခဲ့ၿပီး သိပၸံပညာရွင္ေတြနဲ႔ ေဒသခံေတြ တက္ေရာက္ခဲ့ၾကပါတယ္။
ေအာ္ေဂ်ာ္ကူးလ္ ေရခဲျမစ္က ပထမဆုံး အရည္ေပ်ာ္တဲ့ အိုက္စ္လန္ေရခဲျမစ္ပါ။ လာမယ့္ ႏွစ္ေပါင္း ၂၀၀ အတြင္းမွာ က်ေနာ္တို႔ႏိုင္ငံရဲ႕ ေရခဲျမစ္ေတြအားလုံး အလားတူ အရည္ေပ်ာ္သြားမယ္လို႔ ခန႔္မွန္းရေၾကာင္း အိုက္စ္လန္ႏိုင္ငံသား စာေရးဆရာ အန္ဒရီ စနဲ မက္ဂနက္ဆင္က ကမၼည္းေက်ာက္ျပားေပၚမွာ ေရးသားခဲ့ပါတယ္။
နာဆာရဲ႕ ကမာၻၿဂိဳဟ္ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕က ႐ိုက္ကူးထားတဲ့ ၿဂိဳဟ္တုပုံရိပ္ေတြအရ ၁၉၈၆ ခုႏွစ္မွာ ေအာ္ေဂ်ာ္ကူးလ္ ေရခဲျမစ္ဟာ အျဖဴေရာင္အစိုင္အခဲ တခုအျဖစ္ ရွိေနေသးေပမယ့္ အခုႏွစ္ ၾသဂုတ္ ၁ ရက္ေန႔က ႐ိုက္ကူးတဲ့ပုံအရ အေသးစား အျဖဴေရာင္ ေရခဲအပိုင္းအစေတြသာ က်န္ရွိပါေတာ့တယ္။