Home
မြန်မာသတင်း
ရန်ကုန်မြို့ လူစည်ကားရာ ဘတ်စ်ကား မှတ်တိုင်များတွင် ဈေးဆိုင်ခန်းငယ်များဖွင့်မည်
သူဇာလင်း
·
August 20, 2019

ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ မှတ်တိုင်နေရာတွေမှာ အကျယ် ၅ ပေပတ်လည် ဈေးဆိုင်ခန်းတွေ တည်ဆောက်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။ 

လက်ရှိမှာတော့ အဲဒီဈေးဆိုင်ခန်းတွေကို ကြက်ခြေနီအဖွဲ့အစည်းတွေ၊ ကင်းထောက်အဖွဲ့နဲ့ ပရဟိတအဖွဲ့အစည်းတွေကို ရောင်းချခွင့် ပေးဖို့ယာထားတယ်လို့ သြဂုတ် ၁၈ ရက်နေ့က ကျင်းပတဲ့ အပတ်စဉ်သတင်းစာရှင်းလင်းပွဲမှာ မြို့တော်ဝန်က ပြောခဲ့တာပါ။ 

အဲဒီဆိုင်ခန်းတွေကိုတော့ စည်ပင်ကနေ မှန်လုံခန်းပုံစံမျိုးဆောက်လုပ်ပေးမှာဖြစ်ပြီး အဓိကတော့ YBS ကတ်စနစ်ပြောင်းလဲတဲ့အချိန်မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ဖို့ တည်ဆောက်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ 

အဲဒီဆိုင်ခန်းတွေမှာ ကွမ်းယာနဲ့ ဆေးလိပ်ရောင်းချခွင့် ပြုမှာမဟုတ်သလို လက်ရှိမှာတော့ ဈေးဆိုင်ခန်းငယ်တွေတည်ဆောက်ဖို့အတွက် စီစဉ်နေဆဲဖြစ်တာကြောင့် ဆိုင်ခန်းကုန်ကျစရိတ် ဘယ်လောက်ရှိမယ်ဆိုတာနဲ့ ဘယ်အချိန်မှာ စတင်လုပ်ဆောင်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ ရန်ကုန်မြို့တော်စည်ပင်က ပြောပါတယ်။


ရန်ကုန်မြို့ လူစည်ကားရာ ဘတ်စ်ကား မှတ်တိုင်များတွင် ဈေးဆိုင်ခန်းငယ်များဖွင့်မည် သူဇာလင်း ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ မှတ်တိုင်နေရာတွေမှာ အကျယ် ၅ ပေပတ်လည် ဈေးဆိုင်ခန်းတွေ တည်ဆောက်ပေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024