Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့၏ တိုက်ခိုက်မှု တရုတ်နိုင်ငံ ဆန့်ကျင် 
DVB
·
August 20, 2019
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရဲ့ တိုက်ခိုက်မှုဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့  ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောကြားလိုက်ပါတယ်။ သြဂုတ် ၁၉ ရက်က တရုတ်နိုင်ငံ ဘေးဂျင်းမြို့မှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂန်းရှောင်က ထုတ်ဖော်ပြောကြားလိုက် တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက AA၊ TNLA၊ MNDAA လက်နက်ကိုင်အဖွဲ့တွေက မြန်မာနိုင်ငံ တပ်မတော်ထိန်းချုပ်ရာနေရာတွေကို ဝင်ရောက်တိုက်ခိုက်လို့ လူသေကြေဒဏ်ရာရရှိ ခဲ့တာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ သဘောထားကို သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့ပါတယ်။ အဆိုပါမေးမြန်းချက်ကို   တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြန်လည် ဖြေဆိုရာမှာ လက်နက်ကိုင်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူသေကြေဒဏ်ရာရရှိစေခြင်းဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လို့ တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ငြိမ်းချမ်းမှုကို အလွန် အလေးထားပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစဉ်တစိုက်ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရဲ့ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်လိုကြောင်း၊ တရုတ်နိုင်ငံဟာ ဒီအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က တပ်မတော် နည်းပညာတက္ကသိုလ်နဲ့ နောင်ချို မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ် အပါအဝင် နေရာ ၅ ခုကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်မတော်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့ တွေအပါအဝင် ၁၅ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၀ လောက်ရှိခဲ့ပါတယ်။  ဓာတ်ပုံ- တရုတ်သံရုံး 
တိုင္းရင္းသားလက္နက္ကိုင္ ၃ ဖြဲ႕၏ တိုက္ခိုက္မႈ တ႐ုတ္ႏိုင္ငံ ဆန႔္က်င္ DVB တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၃ ဖြဲ႕ရဲ႕ တိုက္ခိုက္မႈဟာ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသ တည္ၿငိမ္ေအးခ်မ္းမႈကို ထိခိုက္ေစတဲ့အတြက္ တ႐ုတ္ႏိုင္ငံအေနနဲ႔  ျပတ္ျပတ္သားသား ဆန႔္က်င္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနက ေျပာၾကားလိုက္ပါတယ္။ ၾသဂုတ္ ၁၉ ရက္က တ႐ုတ္ႏိုင္ငံ ေဘးဂ်င္းၿမိဳ႕မွာက်င္းပတဲ့ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဂန္းေရွာင္က ထုတ္ေဖာ္ေျပာၾကားလိုက္ တာပါ။ ၿပီးခဲ့တဲ့ရက္ပိုင္းက AA၊ TNLA၊ MNDAA လက္နက္ကိုင္အဖြဲ႕ေတြက ျမန္မာႏိုင္ငံ တပ္မေတာ္ထိန္းခ်ဳပ္ရာေနရာေတြကို ဝင္ေရာက္တိုက္ခိုက္လို႔ လူေသေၾကဒဏ္ရာရရွိ ခဲ့တာနဲ႔ ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံရဲ႕ သေဘာထားကို သတင္းစာရွင္းလင္းပြဲမွာ ေမးျမန္းခဲ့ပါတယ္။ အဆိုပါေမးျမန္းခ်က္ကို   တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူက ျပန္လည္ ေျဖဆိုရာမွာ လက္နက္ကိုင္ဝင္ေရာက္တိုက္ခိုက္မႈေၾကာင့္ လူေသေၾကဒဏ္ရာရရွိေစျခင္းဟာ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသ တည္ၿငိမ္ေအးခ်မ္းမႈကို ထိခိုက္လို႔ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျပတ္ျပတ္သားသား ဆန႔္က်င္တယ္လို႔ ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ တ႐ုတ္ႏိုင္ငံအေနနဲ႔ တ႐ုတ္-ျမန္မာနယ္စပ္ေဒသ တည္ၿငိမ္ၿငိမ္းခ်မ္းမႈကို အလြန္ အေလးထားၿပီး ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို အစဥ္တစိုက္ေထာက္ခံေၾကာင္း၊ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသရဲ႕ အပစ္အခတ္ရပ္စဲေရးအေျခအေနကို ဆက္လက္ထိန္းသိမ္းရန္လိုေၾကာင္း၊ တ႐ုတ္ႏိုင္ငံဟာ ဒီအတြက္ အျပဳသေဘာေဆာင္တဲ့ အခန္းက႑မွ ဆက္လက္ပါဝင္မွာ ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဩဂုတ္ ၁၅ ရက္က တပ္မေတာ္ နည္းပညာတကၠသိုလ္နဲ႔ ေနာင္ခ်ိဳ မူးယစ္ေဆးဝါး စစ္ေဆးေရးဂိတ္ အပါအဝင္ ေနရာ ၅ ခုကို အလစ္အငိုက္ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာမွာ တပ္မေတာ္နဲ႔ ရဲလုံၿခဳံေရးတပ္ဖြဲ႕ ေတြအပါအဝင္ ၁၅ ဦးေသဆုံးၿပီး ဒဏ္ရာရသူ ၂၀ ေလာက္ရွိခဲ့ပါတယ္။ ဓာတ္ပုံ- တ႐ုတ္သံ႐ုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024