A d v e r t i s e m e n t With Us

မင်္ဂလာဦးညတွင် သွေးပျက်ထိတ်လန့်ဖွယ် အဖြစ်အပျက်များနှင့် ရင်ဆိုင်ခဲ့ရသည့် သတို့သမီး ရုပ်ရှင် – Ready Or Not (နမူနာ)

ဒါပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာ တထိတ်ထိတ်နဲ့ သွေးပျက်ထိတ်လန့်စရာတွေ၊ ရင်ခုန်စရာ ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားတဲ့ Ready Or Not အမည်ရ ဟောလိဝုဒ် ရုပ်ရှင်ကားကို လာမယ့် သြဂုတ် ၂၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Black Comedy Horror Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ Fox Searchlight Pictures က တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Matt Bettinelli-Olpin နဲ့ Tyler Gillett က တွဲဖက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Ready Or Not ဆိုတဲ့ စကားက မြန်မာလိုဆိုရင်တော့ တူတူပုန်းတမ်း ကစားတဲ့အခါ အသင့်ပဲလား။ တူပြီလားဆိုတဲ့ အဓိပ္ပါယ်မျိုးပါပဲ။ အသစ်စက်စက် သတို့သမီး တယောက်အဖို့ မင်္ဂလာဦးညဟာ ရင်ခုန် စိတ်လှုပ်ရှားစရာ ဖြစ်နေမှာပါ။ Grace ဆိုတဲ့ ခပ်ချောချော ကောင်မလေးတယောက်ဟာ စိတ်ကူးထဲက ဖူးစာရှင် ချမ်းသာကြွယ်ဝတဲ့ အမျိုးသားတယောက်နဲ့ လက်ထပ်ခဲ့ပြီးချိန်မှာတော့ ထူးဆန်းတဲ့ ဓလေ့ထုံးစံတခုနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတော့တယ်။ အသစ်စက်စက် ခင်ပွန်းနဲ့အတူ မိသားစုဝင်တွေ နေထိုင်ရာ စံအိမ်ကြီးမှာ သူ့ရဲ့ မင်္ဂလာဦးညဟာ ဘာတွေ ဖြစ်လာခဲ့သလဲ။ အဲဒီညမှာပဲ မိသားစုထုံးစံဆိုပြီး ညဉ့်နက်သန်းခေါင် တူတူပုန်းတမ်း ကစားကြချိန်မှာတော့ ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်။ ပုန်းတဲ့သူက Grace တယောက်တည်း၊ လိုက်ရှာနေတဲ့သူတွေကတော့ သေနတ်တွေ၊ မြားတွေ လက်နက်အပြည့်အစုံနဲ့ ခင်ပွန်းဖြစ်သူနဲ့ သူ့ရဲ့မိသားစုတွေ ဖြစ်နေတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ။ ပျော်ရွှင်ရင်ဖိုရမယ့် မင်္ဂလာဦးညကနေ သွေးပျက်ထိတ်လန့်စရာ အမဲလိုက်ပွဲတခုရဲ့ သားကောင်လို ဖြစ်ခဲ့ရချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာတွေကို ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ သြစတြေးလျ သရုပ်ဆောင်မင်းသမီး Samara Weaving က Grace အဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Adam Brody၊ Mark O'Brien၊ Henry Czerny၊ Andie MacDowell တို့လည်း ပါဝင်ထားကြပါတယ်။ေ သွးပျက်ထိတ်လန့်စရာ ကောင်းတဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၉၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့က Fantasia International Film Festival မှာ ကနဦးပြသခဲ့ပါတယ်။ နာမည်ကျော် ရုပ်ရှင်ဝေဖန်ရေး Review Website တခုဖြစ်တဲ့ Rotten Tomatoes မှာတော့ ဒီရုပ်ရှင်ကားက 100 % ရရှိထားပြီး IMDb မှာတော့ Rating 6.7 အထိ ရရှိထားပါတယ်။ ဒီရုပ်ရှင်ကား နမူနာဟာ ယူကျုပေါ်မှာတော့ လတ်တလောအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေပါတယ်။
Zawgyi Version မဂၤလာဦးညတြင္ ေသြးပ်က္ထိတ္လန္႔ဖြယ္ အျဖစ္အပ်က္မ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည့္ သတို႔သမီး ႐ုပ္ရွင္ - Ready Or Not (နမူနာ) DVB ဒါၿပီးရင္ ဘာဆက္ျဖစ္မလဲဆိုတာ တထိတ္ထိတ္နဲ႔ ေသြးပ်က္ထိတ္လန္႔စရာေတြ၊ ရင္ခုန္စရာ ဒရာမာဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ဖန္တီးထားတဲ့ Ready Or Not အမည္ရ ေဟာလိဝုဒ္ ႐ုပ္ရွင္ကားကို လာမယ့္ ၾသဂုတ္ ၂၁ ရက္ေန႔ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ Black Comedy Horror Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကိုေတာ့ Fox Searchlight Pictures က တင္ဆက္လိုက္တာျဖစ္ၿပီး အေမရိကန္ ႐ုပ္ရွင္ဒါ႐ိုက္တာ Matt Bettinelli-Olpin နဲ႔ Tyler Gillett က တြဲဖက္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Ready Or Not ဆိုတဲ့ စကားက ျမန္မာလိုဆိုရင္ေတာ့ တူတူပုန္းတမ္း ကစားတဲ့အခါ အသင့္ပဲလား။ တူၿပီလားဆိုတဲ့ အဓိပၸါယ္မ်ိဳးပါပဲ။ အသစ္စက္စက္ သတို႔သမီး တေယာက္အဖို႔ မဂၤလာဦးညဟာ ရင္ခုန္ စိတ္လႈပ္ရွားစရာ ျဖစ္ေနမွာပါ။ Grace ဆိုတဲ့ ခပ္ေခ်ာေခ်ာ ေကာင္မေလးတေယာက္ဟာ စိတ္ကူးထဲက ဖူးစာရွင္ ခ်မ္းသာႂကြယ္ဝတဲ့ အမ်ိဳးသားတေယာက္နဲ႔ လက္ထပ္ခဲ့ၿပီးခ်ိန္မွာေတာ့ ထူးဆန္းတဲ့ ဓေလ့ထုံးစံတခုနဲ႔ ရင္ဆိုင္ ႀကဳံေတြ႔ခဲ့ရပါေတာ့တယ္။ အသစ္စက္စက္ ခင္ပြန္းနဲ႔အတူ မိသားစုဝင္ေတြ ေနထိုင္ရာ စံအိမ္ႀကီးမွာ သူ႔ရဲ႕ မဂၤလာဦးညဟာ ဘာေတြ ျဖစ္လာခဲ့သလဲ။ အဲဒီညမွာပဲ မိသားစုထုံးစံဆိုၿပီး ညဥ့္နက္သန္းေခါင္ တူတူပုန္းတမ္း ကစားၾကခ်ိန္မွာေတာ့ ထင္မွတ္မထားတာေတြ ျဖစ္လာခဲ့ပါေတာ့တယ္။ ပုန္းတဲ့သူက Grace တေယာက္တည္း၊ လိုက္ရွာေနတဲ့သူေတြကေတာ့ ေသနတ္ေတြ၊ ျမားေတြ လက္နက္အျပည့္အစုံနဲ႔ ခင္ပြန္းျဖစ္သူနဲ႔ သူ႔ရဲ႕မိသားစုေတြ ျဖစ္ေနတဲ့အခါ ဘယ္လိုေတြ ဆက္ျဖစ္လာမလဲ။ ေပ်ာ္႐ႊင္ရင္ဖိုရမယ့္ မဂၤလာဦးညကေန ေသြးပ်က္ထိတ္လန္႔စရာ အမဲလိုက္ပြဲတခုရဲ႕ သားေကာင္လို ျဖစ္ခဲ့ရခ်ိန္မွာ ဘာေတြ ဆက္ျဖစ္လာမလဲ ဆိုတာေတြကို ပရိသတ္ေတြ ႐ႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ၾသစေၾတးလ် သ႐ုပ္ေဆာင္မင္းသမီး Samara Weaving က Grace အျဖစ္ ေခါင္းေဆာင္ပါဝင္ထားၿပီး တျခားသ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Adam Brody၊ Mark O'Brien၊ Henry Czerny၊ Andie MacDowell တို႔လည္း ပါဝင္ထားၾကပါတယ္။ေ သြးပ်က္ထိတ္လန္႔စရာ ေကာင္းတဲ့ ဇာတ္ဝင္ခန္း ျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္႐ႈဖို႔ မသင့္ေတာ္တာမို႔ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ ၾကာျမင့္ခ်ိန္ ၉၅ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္ ၂၇ ရက္ေန႔က Fantasia International Film Festival မွာ ကနဦးျပသခဲ့ပါတယ္။ နာမည္ေက်ာ္ ႐ုပ္ရွင္ေဝဖန္ေရး Review Website တခုျဖစ္တဲ့ Rotten Tomatoes မွာေတာ့ ဒီ႐ုပ္ရွင္ကားက 100 % ရရွိထားၿပီး IMDb မွာေတာ့ Rating 6.7 အထိ ရရွိထားပါတယ္။ ဒီ႐ုပ္ရွင္ကား နမူနာဟာ ယူက်ဳေပၚမွာေတာ့ လတ္တေလာအခ်ိန္ထိ ဝင္ေရာက္ၾကည့္႐ႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနပါတယ္။

A d v e r t i s e m e n t With Us

More News
Up