Home
မြန်မာသတင်း
ပိတ်မိနေသူများအား ကူညီကယ်ဆယ်ခွင့်ပေးရန် လူမှုရေးအဖွဲ့များ တောင်းဆို
ပိုင်စိုး
·
August 19, 2019
တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့နယ်ထဲက ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ တိုင်ပင်နေကြပြီး သွားရောက်ကူညီခွင့်ပေးဖို့၊ နှောင့်ယှက် တိုက်ခိုက်တာတွေ မလုပ်ဖို့ လူမှုရေး အသင်းအဖွဲ့တွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဒီနေ့ သြဂုတ် ၁၉ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ်နေ့မှာ လူမှုရေးအဖွဲ့ ၁၁ ဖွဲ့ပါတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ထုတ်ပြန်လိုက်တာပါ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်၊ လူမှုရေးပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ၂၀၁၁ ခုနှစ်ကစလို့ လူပေါင်း ၉ သိန်းလောက်ဟာ အကူအညီတွေ လိုနေတယ်လို့ သူတို့က ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ၊ မန်တုံ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သီပေါ၊ သိန်းနီနဲ့ နမ့်ခမ်း စတဲ့မြို့တို့မှာ စစ်ပဋိပက္ခကြောင့် လူပေါင်း ၁၅၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။ စစ်ရှောင်စခန်းပေါင်း ၄၀ လောက်ရှိပြီး ၂၀၁၈- ၁၉ ခုနှစ်မှာ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးမှန်သူ ၁၀၀ လောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။  လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ မြောက်ပိုင်းပူးပေါင်း ၃ ဖွဲ့တို့ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသလို စစ်ဘေးရှောင်သူတွေလည်း ထပ်ပြီး တိုးလာခဲ့ပါတယ်။ ဒီနေ့မှာလည်း ကွတ်ခိုင်မြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်တယောက်ဖြစ်တဲ့ မမိုင်းမိုင်က “ကွတ်ခိုင်နဲ့ ၆ မိုင်လောက်ဝေးတဲ့ ဟူနောင်၊ နမ့်ကွတ်နဲ့ နောင်ဆွေရွာက လူတွေကို သွားခေါ်ဖို့ တိုင်ပင်နေပါတယ်။ မနေ့က နမ့်ကွတ်နဲ့ လွိုင်ဆမ်ဆစ်တောင်ခြေမှာ တပ်ကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်သွားတယ်။ ဒီနေ့လည်း ပစ်တာတွေရှိနေတော့ ရွာသားတွေလည်း စိုးရိမ်နေတာ။ ပြည်ထောင်စုလမ်းမကြီး ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လေ” လို့ ပြောပါတယ်။ ရွာသားတွေကို မနေ့ကတည်းက သွားခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ဖက်တပ်တွေက ပိတ်ထားတာကြောင့် မသွားနိုင်ခဲ့သလို မနေ့က မိုင်းယုလေးမှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့သူကို ဆေးရုံခေါ်မလာသေးဘူးလို့လည်း သူက ပြောပါတယ်။ “အေရှားဝေါလ်ဂိတ်ကလည်း ပိတ်ထားတယ်။ လွိုင်ဆမ်ဆစ်တောင်ခြေတလျှောက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ တာမိုးညဲဘက် အထွက်ကိုလည်း ပိတ်ထားတော့ ဘယ်မှ မသွားနိုင်ကြဘူးပေါ့” လို့ လည်း ပြောပါတယ်။ ပြည်တွင်းစစ်တွေရပ်ပေးဖို့၊ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းမသုံးဖို့၊ လက်နတ်တွေ ပရမ်းပတာမပစ်ဖို့ သူတို့က တောင်းဆိုပြီး အိမ်ခြံမြေ၊ အိမ်မွေးတိရစ္ဆာန်နဲ့ အဖိုးတန်ပစ္စည်း၊ စာရွက်စာတမ်းတွေ သိမ်းဆည်းတာ၊ ဖျက်ဆီးတာမလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။ ပြီးတော့ ကုန်စည်စီးဆင်းတာ ပြတ်တောက်နေချိန်မှာ ကုန်ဈေးနှုန်း အဆမတန်တက်တာကို လည်း သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေက ထိန်းကျောင်းဖို့ကိုလည်း အကြံပြုတိုက်တွန်းထား ပါတယ်။ ဓာတ်ပုံ - Ah Htoi Lasham Htoi
ပိတ္မိေနသူမ်ားအား ကူညီကယ္ဆယ္ခြင့္ေပးရန္ လူမႈေရးအဖြဲ႕မ်ား ေတာင္းဆို ပိုင္စိုး တိုက္ပြဲေတြေၾကာင့္ ကြတ္ခိုင္ၿမိဳ႕နယ္ထဲက ပိတ္မိေနသူေတြကို ကယ္ထုတ္ဖို႔ တိုင္ပင္ေနၾကၿပီး သြားေရာက္ကူညီခြင့္ေပးဖို႔၊ ေႏွာင့္ယွက္ တိုက္ခိုက္တာေတြ မလုပ္ဖို႔ လူမႈေရး အသင္းအဖြဲ႕ေတြက ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။ ဒီေန႔ ၾသဂုတ္ ၁၉ ကမာၻ႔လူသားခ်င္းစာနာေထာက္ထားမႈ အထိမ္းအမွတ္ေန႔မွာ လူမႈေရးအဖြဲ႕ ၁၁ ဖြဲ႕ပါတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း လူသားခ်င္းစာနာေထာက္ထားမႈ ပူးေပါင္းေဆာင္႐ြက္ေရး အဖြဲ႕က ထုတ္ျပန္လိုက္တာပါ။ ျမန္မာႏိုင္ငံမွာ ျပည္တြင္းစစ္၊ လူမႈေရးပဋိပကၡနဲ႔ သဘာဝေဘးအႏၲရာယ္ေတြေၾကာင့္ ၂၀၁၁ ခုႏွစ္ကစလို႔ လူေပါင္း ၉ သိန္းေလာက္ဟာ အကူအညီေတြ လိုေနတယ္လို႔ သူတို႔က ထုတ္ျပန္ပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူ၊ မန္တုံ၊ ေက်ာက္မဲ၊ ကြတ္ခိုင္၊ သီေပါ၊ သိန္းနီနဲ႔ နမ့္ခမ္း စတဲ့ၿမိဳ႕တို႔မွာ စစ္ပဋိပကၡေၾကာင့္ လူေပါင္း ၁၅၀၀၀ ေက်ာ္ စစ္ေဘးေရွာင္ေနရပါတယ္။ စစ္ေရွာင္စခန္းေပါင္း ၄၀ ေလာက္ရွိၿပီး ၂၀၁၈- ၁၉ ခုႏွစ္မွာ ေျမျမႇဳပ္မိုင္းနဲ႔ လက္နက္ႀကီးမွန္သူ ၁၀၀ ေလာက္ရွိခဲ့တယ္လို႔ ဆိုပါတယ္။ လက္ရွိမွာလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းပူးေပါင္း ၃ ဖြဲ႕တို႔ တိုက္ပြဲေတြေၾကာင့္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနသလို စစ္ေဘးေရွာင္သူေတြလည္း ထပ္ၿပီး တိုးလာခဲ့ပါတယ္။ ဒီေန႔မွာလည္း ကြတ္ခိုင္ၿမိဳ႕ ပတ္ဝန္းက်င္မွာ တိုက္ပြဲေတြ ဆက္ျဖစ္ေနတာပါ။ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဝင္တေယာက္ျဖစ္တဲ့ မမိုင္းမိုင္က “ကြတ္ခိုင္နဲ႔ ၆ မိုင္ေလာက္ေဝးတဲ့ ဟူေနာင္၊ နမ့္ကြတ္နဲ႔ ေနာင္ေဆြ႐ြာက လူေတြကို သြားေခၚဖို႔ တိုင္ပင္ေနပါတယ္။ မေန႔က နမ့္ကြတ္နဲ႔ လြိဳင္ဆမ္ဆစ္ေတာင္ေျခမွာ တပ္ကေန ရဟတ္ယာဥ္ေတြနဲ႔ ပစ္သြားတယ္။ ဒီေန႔လည္း ပစ္တာေတြရွိေနေတာ့ ႐ြာသားေတြလည္း စိုးရိမ္ေနတာ။ ျပည္ေထာင္စုလမ္းမႀကီး ပတ္ဝန္းက်င္မွာ တိုက္ပြဲေတြ ျဖစ္ေနတယ္ေလ” လို႔ ေျပာပါတယ္။ ႐ြာသားေတြကို မေန႔ကတည္းက သြားေခၚဖို႔ ႀကိဳးစားခဲ့ေပမယ့္ ႏွစ္ဖက္တပ္ေတြက ပိတ္ထားတာေၾကာင့္ မသြားႏိုင္ခဲ့သလို မေန႔က မိုင္းယုေလးမွာ ေသနတ္ထိမွန္ ဒဏ္ရာရခဲ့သူကို ေဆး႐ုံေခၚမလာေသးဘူးလို႔လည္း သူက ေျပာပါတယ္။ “ေအရွားေဝါလ္ဂိတ္ကလည္း ပိတ္ထားတယ္။ လြိဳင္ဆမ္ဆစ္ေတာင္ေျခတေလွ်ာက္မွာ တိုက္ပြဲေတြ ျဖစ္တယ္။ တာမိုးညဲဘက္ အထြက္ကိုလည္း ပိတ္ထားေတာ့ ဘယ္မွ မသြားႏိုင္ၾကဘူးေပါ့” လို႔ လည္း ေျပာပါတယ္။ ျပည္တြင္းစစ္ေတြရပ္ေပးဖို႔၊ ပဋိပကၡျဖစ္တဲ့ေနရာေတြမွာ ေျမျမႇဳပ္မိုင္းမသုံးဖို႔၊ လက္နတ္ေတြ ပရမ္းပတာမပစ္ဖို႔ သူတို႔က ေတာင္းဆိုၿပီး အိမ္ၿခံေျမ၊ အိမ္ေမြးတိရစာၦန္နဲ႔ အဖိုးတန္ပစၥည္း၊ စာ႐ြက္စာတမ္းေတြ သိမ္းဆည္းတာ၊ ဖ်က္ဆီးတာမလုပ္ဖို႔လည္း ေတာင္းဆိုထားပါတယ္။ ၿပီးေတာ့ ကုန္စည္စီးဆင္းတာ ျပတ္ေတာက္ေနခ်ိန္မွာ ကုန္ေဈးႏႈန္း အဆမတန္တက္တာကို လည္း သက္ဆိုင္ရာ အစိုးရဝန္ႀကီးဌာနေတြက ထိန္းေက်ာင္းဖို႔ကိုလည္း အႀကံျပဳတိုက္တြန္းထား ပါတယ္။ ဓာတ္ပုံ - Ah Htoi Lasham Htoi
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024