A d v e r t i s e m e n t With Us

ဗင်နီဇွဲလား ဒုက္ခသည်များကို ပိုမိုကူညီကြရန် ကုလ မေတ္တာရပ်ခံ

ပြည်တွင်းစီးပွားရေး အကျပ်အတည်းကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေကြရတဲ့ ဗင်နီဇွဲလား ဒုက္ခသည်တွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပိုပြီး ထောက်ပံ့ကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာ ဖီလစ်ပိုဂရန်ဒီက သြဂုတ် ၁၈ ရက်မှာ မေတ္တာရပ်ခံခဲ့ပါတယ်။ ဖီလစ်ပိုဂရန်ဒီဟာ အခုသီတင်းပတ်ကုန်မှာ ဘရာဇီးနယ်စပ်မြို့ ပက်ခ်ကာရီမာမြို့ကို သွားရောက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် တနေ့ကို ဗင်နီဇွဲလားဒုက္ခသည် အယောက် ၅၀၀ ကျော်လောက် ရောက်လာတာကို မနှစ်မြို့ကြတဲ့ ပက်ခ်ကာရီမာမြို့ ဒေသခံတွေက ဆန္ဒပြနေတာကြောင့် ခရီးစဉ်ပယ်ဖျက်ဖို့ ဘရာဇီးအာဏာပိုင်တွေက ဂရန်ဒီကို အကြုံပြုခဲ့ကြပါတယ်။ ပက်ခ်ကာရီမာမြို့ ဒေသခံတွေဟာ စနေနေ့က ဆိုင်တွေပိတ်ပြီး လမ်းပေါ်ထွက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ “ဗင်နီဇွဲလားနိုင်ငံသားတွေ ထွက်သွား”၊ “ဘရာဇီးဟာ ဘရာဇီးနိုင်ငံသားတွေအတွက်” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ အကူအညီတွေ မရှိရင် ဗင်နီဇွဲလား နိုင်ငံသားတွေကို ရန်လိုတာတွေ ပိုတိုးလာနိုင်တယ်လို့လည်း ဂရန်ဒီက သတိပေးခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံတွင်း စီးပွားရေး အကျပ်အတည်းနဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ဗင်နီဇွဲလားနိုင်ငံသား ၄ ဒသမ ၃ သန်းလောက်ဟာ ကိုလံဘီယာ၊ ပီရူး၊ ချီလီ၊ အီကွေဒေါနဲ့ ဘရာဇီးနိုင်ငံတွေဆီ ထွက်ပြေးလာခဲ့ကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ခန့်မှန်းပါသည်။ လက်ရှိ ဘရာဇီးနိုင်ငံမှာ ဗင်နီဇွဲလား ဒုက္ခသည် ၁ သိန် း၈ သောင်‌းလောက် ရှိပါတယ်။ UNHCR နဲ့ အန်ဂျီအိုအဖွဲ့တွေဟာ ၂၀၁၉ နှစ်စမှာ ဗင်နီဇွဲလား ဒုက္ခသည်တွေကို ကူညီဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၇၇၀ တောင်းခံခဲ့ပြီး လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ သန်း ၁၈၀ နီးပါး လက်ခံရရှိထားတယ်လို့ ဖိလစ်ပိုဂရန်ဒီရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။
Zawgyi Version ဗင္နီဇြဲလား ဒုကၡသည္မ်ားကို ပိုမိုကူညီၾကရန္ ကုလ ေမတၱာရပ္ခံ DVB ျပည္တြင္းစီးပြားေရး အက်ပ္အတည္းေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံေတြဆီ ထြက္ေျပးေနၾကရတဲ့ ဗင္နီဇြဲလား ဒုကၡသည္ေတြကို လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေတြ ပိုၿပီး ေထာက္ပံ့ၾကဖို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေကာ္မရွင္နာ ဖီလစ္ပိုဂရန္ဒီက ၾသဂုတ္ ၁၈ ရက္မွာ ေမတၱာရပ္ခံခဲ့ပါတယ္။ ဖီလစ္ပိုဂရန္ဒီဟာ အခုသီတင္းပတ္ကုန္မွာ ဘရာဇီးနယ္စပ္ၿမိဳ႕ ပက္ခ္ကာရီမာၿမိဳ႕ကို သြားေရာက္ဖို႔ စီစဥ္ခဲ့ပါတယ္။ ဒါေပမယ့္ တေန႔ကို ဗင္နီဇြဲလားဒုကၡသည္ အေယာက္ ၅၀၀ ေက်ာ္ေလာက္ ေရာက္လာတာကို မႏွစ္ၿမိဳ႕ၾကတဲ့ ပက္ခ္ကာရီမာၿမိဳ႕ ေဒသခံေတြက ဆႏၵျပေနတာေၾကာင့္ ခရီးစဥ္ပယ္ဖ်က္ဖို႔ ဘရာဇီးအာဏာပိုင္ေတြက ဂရန္ဒီကို အႀကဳံျပဳခဲ့ၾကပါတယ္။ ပက္ခ္ကာရီမာၿမိဳ႕ ေဒသခံေတြဟာ စေနေန႔က ဆိုင္ေတြပိတ္ၿပီး လမ္းေပၚထြက္ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ “ဗင္နီဇြဲလားႏိုင္ငံသားေတြ ထြက္သြား”၊ “ဘရာဇီးဟာ ဘရာဇီးႏိုင္ငံသားေတြအတြက္” လို႔ ေႂကြးေၾကာ္ခဲ့ၾကပါတယ္။ အကူအညီေတြ မရွိရင္ ဗင္နီဇြဲလား ႏိုင္ငံသားေတြကို ရန္လိုတာေတြ ပိုတိုးလာႏိုင္တယ္လို႔လည္း ဂရန္ဒီက သတိေပးခဲ့ပါတယ္။ ဗင္နီဇြဲလားႏိုင္ငံတြင္း စီးပြားေရး အက်ပ္အတည္းနဲ႔ ႏိုင္ငံေရး ျပႆနာေတြေၾကာင့္ ဗင္နီဇြဲလားႏိုင္ငံသား ၄ ဒသမ ၃ သန္းေလာက္ဟာ ကိုလံဘီယာ၊ ပီ႐ူး၊ ခ်ီလီ၊ အီေကြေဒါနဲ႔ ဘရာဇီးႏိုင္ငံေတြဆီ ထြက္ေျပးလာခဲ့ၾကတယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) က ခန႔္မွန္းပါသည္။ လက္ရွိ ဘရာဇီးႏိုင္ငံမွာ ဗင္နီဇြဲလား ဒုကၡသည္ ၁ သိန္ း၈ ေသာင္‌းေလာက္ ရွိပါတယ္။ UNHCR နဲ႔ အန္ဂ်ီအိုအဖြဲ႔ေတြဟာ ၂၀၁၉ ႏွစ္စမွာ ဗင္နီဇြဲလား ဒုကၡသည္ေတြကို ကူညီဖို႔ ရန္ပုံေငြ အေမရိကန္ေဒၚလာ သန္း ၇၇၀ ေတာင္းခံခဲ့ၿပီး လက္ရွိအခ်ိန္ထိ အေမရိကန္ေဒၚလာ သန္း ၁၈၀ နီးပါး လက္ခံရရွိထားတယ္လို႔ ဖိလစ္ပိုဂရန္ဒီရဲ႕ ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနမွာ ေဖာ္ျပပါတယ္။

A d v e r t i s e m e n t With Us

More News
Up