Home
မြန်မာသတင်း
မုံရွာပညာရေးကောလိပ်တွင် ဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်
Aung Ko Latt
·
August 19, 2019
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာပညာရေးကောလိပ်မှာ မုံရွာ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက ဦးဆောင်ကာ  ဖဲကြိုးစိမ်းကမ်ပိန်းကို သြဂုတ် ၁၉ ရက်က ပြုလုပ်ပါတယ်။ ဒီလှုပ်ရှားမှုကို ပညာရေးတာဝန် ထမ်းဆောင်နေစဉ်အတွင်း အဝေးသင်တက်ရောက်ရာမှာ လုံလောက်တဲ့ ခွင့်ကာလ ရရှိရေး၊ ဆရာအတတ်ပညာ ဆက်လက်သင်ယူနိုင်ဖို့ ပညာရေး တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပေါင်းကူးမှု ပိုမိုကောင်းမွန်စေရေး၊ ကျောင်းသားသမဂ္ဂတွေကို ဖိနှိပ်မှု ရပ်တန့်ရေး၊ ပညာရေးဘွဲ့တွေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မုံရွာပညာရေးကောလိပ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုညီညီမင်းထက်ဝေက "ပြီးခဲ့တဲ့ ရက်ပိုင်းက ပညာရေးဝန်ကြီးဌာနကနေ တက္ကသိုလ်၊ ကောလိပ်တွေက ကျောင်းသားကျောင်းသူတွေ ဆန္ဒဖော်ထုတ်ရင် ခွင့်ပြုမိန့််တင်ရမယ်။ မတင်ရင် အရေးယူမယ် ဆိုတာတွေက ကျောင်းသားတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်တာလို့ မြင်တယ်။ ပြီးတော့ ပညာ ဆက်လက်သင်ယူတဲ့အခါမှာ ခွင့်လုံလောက်စွာပေးဖို့၊ ရာထူးတိုးဖို့ ဘွဲ့ရဖို့ လိုတယ်။ ဘွဲ့ရဖို့ အဝေးသင်သွားတက်ရင် လစာတွေ အဖြတ်ခံရတယ်။ လစာမဲ့ခွင့်တွေ ဖြစ်သွားတယ်။ အဲလို အကြောင်းအရာတွေကြောင့် အခုလို ကမ်ပိန်းပြုလုပ်ရတာ ဖြစ်တယ်"လို့  ပြောပါတယ်။ ကျောင်းတွင်းဖဲကြိုးစိမ်းကမ်ပိန်း ပြုလုပ်တာနဲ့ပတ်သက်လို့ ကျောင်းသားတွေ တောင်းဆိုတဲ့ အချက်တွေထဲမှာ ကျောင်းသားသမဂ္ဂတွေကို ဖိနှိပ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး မုံရွာပညာရေး ကောလိပ်မှာတော့ မရှိဘူးလို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။  ဒါ့အပြင် ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ ကြိုတင်ခွင့်ပြုမိန့် တင်ဖို့ ပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။  မုံရွာပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်က "ကျမတို့ကတော့ တာဝန်ရှိတဲ့အတိုင်း အထက်ကို ဦးစီးဌာနကို တင်ပြပါတယ်။ ဦးစီးဌာနက ညှိနှိုင်းဆွေးနွေးပါတယ်။ သို့သော်လည်း သူတို့က လက်မခံပါဘူး။ သူတို့ကျောင်းသားသမဂ္ဂအဖွဲ့ကနေပြီးတော့ ဆုံးဖြတ်ထားပြီး ဖြစ်တဲ့အတွက်ကြောင့် လုပ်ပါမယ်လို့ပဲ ပြောပါတယ်။ ကြိုတင်ခွင့်ပြုချက်မရဘဲနဲ့ လုပ်တာဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာကနေ ဆက်ပြီးတော့ သူတို့ကို ဘာလုပ်မလဲဆိုတာ မပြောနိုင်ဘူးနော်။ ဆရာမကြီးတို့ကတော့ သတိပေးတယ်နော်။ ကြိုတင်ခွင့်ပြုချက်တောင်းပြီးမှ လုပ်ရတယ်နော်လို့ သူတို့ကို ပြောထားပါတယ်။ ဘယ်လောက်ထိ လုပ်မှာလည်း မေးတဲ့အခါကျတော့ ကျောင်းထဲတင် ဖဲကြိုးတပ်မယ်။ လက်ကမ်းစာစောင် ဝေမယ်လို့ ပြောတယ်။ ကျမတို့ကတော့ ခွင့်ပြုတယ်၊ ခွင့်မပြုဘူးလို့ မပြောပါဘူး။ သူတို့ကို တခုခုဆို ကျမတို့ဆီ စာနဲ့တင်ပါလို့လည်း ပြောလေ့ပြောထ ရှိပါတယ်။ သူတို့ တောင်းဆိုတဲ့အထဲက သမဂ္ဂတွေကို ဖိနှိပ်တယ်ဆိုတာ မရှိပါဘူး"လို့ ပြောပါတယ်။ မုံရွာပညာရေးကောလိပ်မှာ ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ကျောင်းသားထုအခွင့်အရေးတွေအတွက် ကျောင်းတွင်းဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။  ဒီဆန္ဒပြပွဲကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာအောင်အောင်မင်းကိုယ်တိုင် လာာရောက်ကာ တွေ့ဆုံညှိနှိုင်းတာတွေ ပြုလုပ်ခဲ့ပါသေး တယ်။ တနိုင်ငံလုံးမှာရှိတဲ့ ပညာရေးကောလိပ်၊ တက္ကသိုလ်တွေက ဆန္ဒပြတာတွေ ဖြစ်ပေါ်ခဲ့လို့ ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ လက်ရှိ ဖဲကြိုးစိမ်းလှုပ်ရှားမှု ရက်သတ္တတပတ်ကိုလည်း မုံရွာပညာရေးကောလိပ်အပြင် တခြားပညာရေးကောလိပ်တွေမှာလည်း တရက်ကို နှစ်ကျောင်းနှုန်းနဲ့ လုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မုံ႐ြာပညာေရးေကာလိပ္တြင္ ဖဲႀကိဳးစိမ္းကမ္ပိန္း ျပဳလုပ္ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ရွိ မုံ႐ြာပညာေရးေကာလိပ္မွာ မုံ႐ြာ ပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢက ဦးေဆာင္ကာ  ဖဲႀကိဳးစိမ္းကမ္ပိန္းကို ၾသဂုတ္ ၁၉ ရက္က ျပဳလုပ္ပါတယ္။ ဒီလႈပ္ရွားမႈကို ပညာေရးတာဝန္ ထမ္းေဆာင္ေနစဥ္အတြင္း အေဝးသင္တက္ေရာက္ရာမွာ လုံေလာက္တဲ့ ခြင့္ကာလ ရရွိေရး၊ ဆရာအတတ္ပညာ ဆက္လက္သင္ယူႏိုင္ဖို႔ ပညာေရး တကၠသိုလ္ေတြနဲ႔ ခ်ိတ္ဆက္ေပါင္းကူးမႈ ပိုမိုေကာင္းမြန္ေစေရး၊ ေက်ာင္းသားသမဂၢေတြကို ဖိႏွိပ္မႈ ရပ္တန႔္ေရး၊ ပညာေရးဘြဲ႕ေတြနဲ႔ပတ္သက္လို႔ ပြင့္လင္းျမင္သာစြာ ထုတ္ျပန္ေပးရန္ စတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ မုံ႐ြာပညာေရးေကာလိပ္ ေက်ာင္းသားသမဂၢဥကၠ႒ ကိုညီညီမင္းထက္ေဝက "ၿပီးခဲ့တဲ့ ရက္ပိုင္းက ပညာေရးဝန္ႀကီးဌာနကေန တကၠသိုလ္၊ ေကာလိပ္ေတြက ေက်ာင္းသားေက်ာင္းသူေတြ ဆႏၵေဖာ္ထုတ္ရင္ ခြင့္ျပဳမိန္႔္တင္ရမယ္။ မတင္ရင္ အေရးယူမယ္ ဆိုတာေတြက ေက်ာင္းသားေတြရဲ႕ လြတ္လပ္ခြင့္ကို ပိတ္ပင္တာလို႔ ျမင္တယ္။ ၿပီးေတာ့ ပညာ ဆက္လက္သင္ယူတဲ့အခါမွာ ခြင့္လုံေလာက္စြာေပးဖို႔၊ ရာထူးတိုးဖို႔ ဘြဲ႕ရဖို႔ လိုတယ္။ ဘြဲ႕ရဖို႔ အေဝးသင္သြားတက္ရင္ လစာေတြ အျဖတ္ခံရတယ္။ လစာမဲ့ခြင့္ေတြ ျဖစ္သြားတယ္။ အဲလို အေၾကာင္းအရာေတြေၾကာင့္ အခုလို ကမ္ပိန္းျပဳလုပ္ရတာ ျဖစ္တယ္"လို႔  ေျပာပါတယ္။ ေက်ာင္းတြင္းဖဲႀကိဳးစိမ္းကမ္ပိန္း ျပဳလုပ္တာနဲ႔ပတ္သက္လို႔ ေက်ာင္းသားေတြ ေတာင္းဆိုတဲ့ အခ်က္ေတြထဲမွာ ေက်ာင္းသားသမဂၢေတြကို ဖိႏွိပ္တယ္ဆိုတာနဲ႔ ပတ္သက္ၿပီး မုံ႐ြာပညာေရး ေကာလိပ္မွာေတာ့ မရွိဘူးလို႔ ေက်ာင္းအုပ္ဆရာမႀကီးက ေျပာပါတယ္။ ဒါ့အျပင္ ဒီလႈပ္ရွားမႈနဲ႔ပတ္သက္လို႔ ႀကိဳတင္ခြင့္ျပဳမိန႔္ တင္ဖို႔ ေျပာဆိုထားတယ္လို႔လည္း ဆိုပါတယ္။ မုံ႐ြာပညာေရးေကာလိပ္ ေက်ာင္းအုပ္ႀကီး ေဒၚဝင္းသိဂႌေက်ာ္က "က်မတို႔ကေတာ့ တာဝန္ရွိတဲ့အတိုင္း အထက္ကို ဦးစီးဌာနကို တင္ျပပါတယ္။ ဦးစီးဌာနက ညႇိႏႈိင္းေဆြးေႏြးပါတယ္။ သို႔ေသာ္လည္း သူတို႔က လက္မခံပါဘူး။ သူတို႔ေက်ာင္းသားသမဂၢအဖြဲ႕ကေနၿပီးေတာ့ ဆုံးျဖတ္ထားၿပီး ျဖစ္တဲ့အတြက္ေၾကာင့္ လုပ္ပါမယ္လို႔ပဲ ေျပာပါတယ္။ ႀကိဳတင္ခြင့္ျပဳခ်က္မရဘဲနဲ႔ လုပ္တာျဖစ္တဲ့အတြက္ေၾကာင့္ သက္ဆိုင္ရာကေန ဆက္ၿပီးေတာ့ သူတို႔ကို ဘာလုပ္မလဲဆိုတာ မေျပာႏိုင္ဘူးေနာ္။ ဆရာမႀကီးတို႔ကေတာ့ သတိေပးတယ္ေနာ္။ ႀကိဳတင္ခြင့္ျပဳခ်က္ေတာင္းၿပီးမွ လုပ္ရတယ္ေနာ္လို႔ သူတို႔ကို ေျပာထားပါတယ္။ ဘယ္ေလာက္ထိ လုပ္မွာလည္း ေမးတဲ့အခါက်ေတာ့ ေက်ာင္းထဲတင္ ဖဲႀကိဳးတပ္မယ္။ လက္ကမ္းစာေစာင္ ေဝမယ္လို႔ ေျပာတယ္။ က်မတို႔ကေတာ့ ခြင့္ျပဳတယ္၊ ခြင့္မျပဳဘူးလို႔ မေျပာပါဘူး။ သူတို႔ကို တခုခုဆို က်မတို႔ဆီ စာနဲ႔တင္ပါလို႔လည္း ေျပာေလ့ေျပာထ ရွိပါတယ္။ သူတို႔ ေတာင္းဆိုတဲ့အထဲက သမဂၢေတြကို ဖိႏွိပ္တယ္ဆိုတာ မရွိပါဘူး"လို႔ ေျပာပါတယ္။ မုံ႐ြာပညာေရးေကာလိပ္မွာ ေက်ာင္းသားသမဂၢက ဦးေဆာင္ၿပီး ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ ၁၁ ရက္ေန႔ကလည္း ေက်ာင္းသားထုအခြင့္အေရးေတြအတြက္ ေက်ာင္းတြင္းဆႏၵျပပြဲေတြ ျပဳလုပ္ခဲ့ပါေသးတယ္။ ဒီဆႏၵျပပြဲကို ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာေအာင္ေအာင္မင္းကိုယ္တိုင္ လာာေရာက္ကာ ေတြ႕ဆုံညႇိႏႈိင္းတာေတြ ျပဳလုပ္ခဲ့ပါေသး တယ္။ တႏိုင္ငံလုံးမွာရွိတဲ့ ပညာေရးေကာလိပ္၊ တကၠသိုလ္ေတြက ဆႏၵျပတာေတြ ျဖစ္ေပၚခဲ့လို႔ ေခၚယူေတြ႕ဆုံညႇိႏႈိင္းခဲ့ပါတယ္။ လက္ရွိ ဖဲႀကိဳးစိမ္းလႈပ္ရွားမႈ ရက္သတၱတပတ္ကိုလည္း မုံ႐ြာပညာေရးေကာလိပ္အျပင္ တျခားပညာေရးေကာလိပ္ေတြမွာလည္း တရက္ကို ႏွစ္ေက်ာင္းႏႈန္းနဲ႔ လုပ္ေဆာင္ဖို႔ ရွိတယ္လို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024