ပြည်မြို့နယ်တွင် ကျောင်သား ၃ ဦး ရေနစ်ပျောက်ဆုံး
DVB
·
August 19, 2019
ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ ဆည်အတွင်း ရေဆင်းကူးတဲ့ ကျောင်းသား ၃ ဦး ရေနစ်ပြီး ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲက ပြည်မြို့၊ ရွှေတံခါးရပ်ကွက်နေ ကျောင်းသား ၁၁ ဦး ဟာ ပြည်မြို့နယ်၊ ပိန်းတောကျေးရွာအနီးရှိ သာစည်ဆည် မြောင်းလက်တံအတွင်း ရေကူးနေချိန်မှာ ရန်နိုင်ဘုန်းထက် (၁၆-နှစ်) ရေနစ်သွားလို့ မျိုးမင်းသူ (၁၆-နှစ်)ပါ နှစ်ဦးက လိုက်လံဆယ်ယူ ကယ်ဆယ်ရာမှာ ၃ ဦးလုံး ရေစီးနဲ့ မျောပါပျောက်ဆုံးသွားခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ပျောက်ဆုံး ကျောင်းသား ၃ ဦးကို ပြည်နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းထွန်းနိုင် ဦးစီးပူးပေါင်းအဖွဲ့က ဆည်မြောင်းတလျှောက် လိုက်လံရှာဖွေနေပါတယ်။