ပွဲအပေါ် ချဉ်းကပ်မှုများတွင် လိုအပ်ချက်ရှိနေဟု ချဲလ်ဆီးနည်းပြ ပြော

ချဲလ်ဆီးကစားသမားတွေ အနေနဲ့ ပိုမိုကောင်းမွန်ရမယ့် အခိုက်အတန့်တွေ ရှိနေသေးတယ်လို့ အသင်းနည်းပြ ဖရန့်လမ်းပတ်က ဝန်ခံပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ လက်စတာအသင်းနဲ့ အိမ်ကွင်းမှာ တဂိုးစီ သရေကျသွားပါတယ်။
အဖွင့်ပွဲစဉ်တုန်းကလည်း မန်ယူအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၅ အထိ ရောက်ရှိသွားတာပါ။
လက်စတာအသင်းနဲ့ပွဲစဉ်မှာ လူငယ်တိုက်စစ်ကစားသမား မက်ဆန်မောင့်ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
ပွဲအပေါ်ချဉ်းကပ်ပုံတွေမှာ လိုအပ်ချက်ရှိသေးပြီး ခက်ခဲတဲ့ပွဲစဉ်တွေမှာ ဘောလုံးကို ကောင်းအောင်ကစားပြီး ပြန်လည်တုံ့ပြန်နိုင်ဖို့ လိုအပ်ကြောင်းလည်း လမ်းပတ်က ပြောပါတယ်။
ဒါပေမယ့်လည်း ကစားသမားတွေအနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ကြပြီး ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း လမ်းပတ်က ပြောကြားသွားခဲ့ပါတယ်။
Zawgyi Version
ပြဲအေပၚ ခ်ဥ္းကပ္မႈမ်ားတြင္ လိုအပ္ခ်က္ရွိေနဟု ခ်ဲလ္ဆီးနည္းျပ ေျပာ
DVB
ခ်ဲလ္ဆီးကစားသမားေတြ အေနနဲ႔ ပိုမိုေကာင္းမြန္ရမယ့္ အခိုက္အတန႔္ေတြ ရွိေနေသးတယ္လို႔ အသင္းနည္းျပ ဖရန႔္လမ္းပတ္က ဝန္ခံေျပာၾကားလိုက္ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ မွာ လက္စတာအသင္းနဲ႔ အိမ္ကြင္းမွာ တဂိုးစီ သေရက်သြားပါတယ္။
အဖြင့္ပြဲစဥ္တုန္းကလည္း မန္ယူအသင္းကို ၄ ဂိုး ဂိုးမရွိနဲ႔ ႐ႈံးနိမ့္ခဲ့တဲ့အတြက္ ၂ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့ၿပီး အမွတ္ေပးဇယား အဆင့္ ၁၅ အထိ ေရာက္ရွိသြားတာပါ။
လက္စတာအသင္းနဲ႔ပြဲစဥ္မွာ လူငယ္တိုက္စစ္ကစားသမား မက္ဆန္ေမာင့္ရဲ႕ဂိုးနဲ႔ ဦးေဆာင္ခဲ့ေပမယ့္လည္း ပြဲအၿပီးမွာေတာ့ သေရရလဒ္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။
ပြဲအေပၚခ်ဥ္းကပ္ပုံေတြမွာ လိုအပ္ခ်က္ရွိေသးၿပီး ခက္ခဲတဲ့ပြဲစဥ္ေတြမွာ ေဘာလုံးကို ေကာင္းေအာင္ကစားၿပီး ျပန္လည္တုံ႔ျပန္ႏိုင္ဖို႔ လိုအပ္ေၾကာင္းလည္း လမ္းပတ္က ေျပာပါတယ္။
ဒါေပမယ့္လည္း ကစားသမားေတြအေနနဲ႔ အေကာင္းဆုံး ႀကိဳးစားခဲ့ၾကၿပီး ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ေၾကာင္း လမ္းပတ္က ေျပာၾကားသြားခဲ့ပါတယ္။