Home
မြန်မာသတင်း
မန္တလေး-မူဆယ်လမ်းမပေါ်ရှိ စားသောက်ဆိုင်နှင့် စက်သုံးဆီဆိုင်များပိတ်ထား
ခွန်ဇော်ဦး
·
August 19, 2019
မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးရဲ့ အဓိကပင်မလမ်းကြောင်းပေါ်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီမြို့တွေရဲ့ လမ်းဘေးတလျှောက်က စားသောက်ဆိုင်နဲ့ စက်သုံးဆီဆိုင်တွေအားလုံးနီးပါး ပိတ်ထားပါတယ်။ ဒါ့အပြင် လမ်းတလျှောက်က လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းအားလုံးနီးပါးလည်း ရပ်ဆိုင်းထားတာကို တွေ့မြင်ရပါတယ်။ နေ့စဉ်ကားနဲ့ ဆိုင်ကယ် အစီးရေ သိန်းချီသွားလာနေတဲ့ လမ်းမကြီးပေါ်မှာ အရေးပေါ်ကိစ္စနဲ့ ခရီးသွားလာတဲ့ အိမ်စီးကားတွေကလွဲလို့ ပုံမှန်ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ယာဉ်တွေ ခရီးသည်တင်ယာဉ်လိုင်းတွေ ဖြတ်သန်းသွားလာတာ လုံးဝမရှိသလောက်ပါပဲ။ အရင်က စက္ကန့်မလပ် ကားမျိုးစုံသွားလာနေတဲ့ လမ်းမပေါ်မှာ အခုဆိုရင် ၁၅ မိနစ်နေလို့ ကားတစ်စီး ဆိုင်ကယ်တစီးမှ ဖြတ်သန်းသွားတာ မတွေ့ပါဘူး။ လမ်းတလျောက်က မြို့တိုင်း နေရာအနှံ့မှာ တပ်မတော်၊ ရဲ၊ ပြည်သူစစ်နဲ့ ကိုယ့်မြို့ ကိုယ့်ရွာအတွင်းလုံခြုံရေးအလေးထားတဲ့ ရပ်မိရပ်ဖတွေက မြို့၊ ရွာလုံခြုံရေးကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေကြတာလည်းတွေ့မြင်ရပါတယ်။ အဓိက အခုလို ဈေးဆိုင်တွေနဲ့ ဆီဆိုင်တွေပိတ်ထားရတဲ့အကြောင်းရင်းကတော့ သြဂုတ်လ ၁၅ ရက်က ဂုတ်တွင်းတံတားကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးပြီး နောက်ပိုင်း မန္တလေး၊ မူဆယ်ကုန်သွယ်မှု ရပ်ဆိုင်းသွားတာကြောင့်ဖြစ်ပါတယ်။ လမ်းတလျောက်က စစ်ရေးအခြေအနေမကောင်းတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေ လည်း သြဂုတ် ၁၅ ကနေစပြီး ဒီကနေ့ ၁၉ ရက်အထိပိတ်ထားရပါတယ်။
မႏၲေလး-မူဆယ္လမ္းမေပၚရွိ စားေသာက္ဆိုင္ႏွင့္ စက္သုံးဆီဆိုင္မ်ားပိတ္ထား ခြန္ေဇာ္ဦး ျမန္မာ-တ႐ုတ္ႏွစ္ႏိုင္ငံကုန္သြယ္ေရးရဲ႕ အဓိကပင္မလမ္းေၾကာင္းေပၚက ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါ၊ လားရႈိး၊ သိႏၷီၿမိဳ႕ေတြရဲ႕ လမ္းေဘးတေလွ်ာက္က စားေသာက္ဆိုင္နဲ႔ စက္သုံးဆီဆိုင္ေတြအားလုံးနီးပါး ပိတ္ထားပါတယ္။ ဒါ့အျပင္ လမ္းတေလွ်ာက္က လမ္းတံတားတည္ေဆာက္ေရး လုပ္ငန္းအားလုံးနီးပါးလည္း ရပ္ဆိုင္းထားတာကို ေတြ႕ျမင္ရပါတယ္။ ေန႔စဥ္ကားနဲ႔ ဆိုင္ကယ္ အစီးေရ သိန္းခ်ီသြားလာေနတဲ့ လမ္းမႀကီးေပၚမွာ အေရးေပၚကိစၥနဲ႔ ခရီးသြားလာတဲ့ အိမ္စီးကားေတြကလြဲလို႔ ပုံမွန္ျဖတ္သန္းသြားလာေနတဲ့ ကုန္တင္ယာဥ္ေတြ ခရီးသည္တင္ယာဥ္လိုင္းေတြ ျဖတ္သန္းသြားလာတာ လုံးဝမရွိသေလာက္ပါပဲ။ အရင္က စကၠန႔္မလပ္ ကားမ်ိဳးစုံသြားလာေနတဲ့ လမ္းမေပၚမွာ အခုဆိုရင္ ၁၅ မိနစ္ေနလို႔ ကားတစ္စီး ဆိုင္ကယ္တစီးမွ ျဖတ္သန္းသြားတာ မေတြ႕ပါဘူး။ လမ္းတေလ်ာက္က ၿမိဳ႕တိုင္း ေနရာအႏွံ႔မွာ တပ္မေတာ္၊ ရဲ၊ ျပည္သူစစ္နဲ႔ ကိုယ့္ၿမိဳ႕ ကိုယ့္႐ြာအတြင္းလုံၿခဳံေရးအေလးထားတဲ့ ရပ္မိရပ္ဖေတြက ၿမိဳ႕၊ ႐ြာလုံၿခဳံေရးကို ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ေနၾကတာလည္းေတြ႕ျမင္ရပါတယ္။ အဓိက အခုလို ေဈးဆိုင္ေတြနဲ႔ ဆီဆိုင္ေတြပိတ္ထားရတဲ့အေၾကာင္းရင္းကေတာ့ ၾသဂုတ္လ ၁၅ ရက္က ဂုတ္တြင္းတံတားကို ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕ေတြက ေဖာက္ခြဲဖ်က္ဆီးၿပီး ေနာက္ပိုင္း မႏၲေလး၊ မူဆယ္ကုန္သြယ္မႈ ရပ္ဆိုင္းသြားတာေၾကာင့္ျဖစ္ပါတယ္။ လမ္းတေလ်ာက္က စစ္ေရးအေျခအေနမေကာင္းတဲ့ ေက်း႐ြာေတြက စာသင္ေက်ာင္းေတြ လည္း ၾသဂုတ္ ၁၅ ကေနစၿပီး ဒီကေန႔ ၁၉ ရက္အထိပိတ္ထားရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024