မသန်စွမ်းပြိုင်ပွဲအတွက် ရွေးထားသည့် ရေပြင်တွင် အီးကိုလိုင် ဘက်တီးရီးယားပါဝင်နှုန်း မြင့်မား၍ ပွဲစဉ်ဖျက်သိမ်း

မသန်စွမ်း အပြေး၊ စက်ဘီးစီးနဲ့ ရေကူး ၃ မျိုး ကမ္ဘာ့ဖလားအဆင့် ပြိုင်ပွဲရဲ့ ပွဲစဉ်အတွက် ရွေးထားတဲ့ ရေပြင်မှာ အီးကိုလိုင်း ဘက်တီးရီးယားပါဝင်နှုန်း မြင့်မားနေလို့ သြဂုတ် ၁၇ ရက်က ပွဲစဉ် ဖျက်သိမ်းလိုက်ရပါတယ်။
ဒါကြောင့် လာမယ့်နှစ်မှာ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နွေရာသီ အိုလံပစ်နဲ့ မသန်စွမ်း အိုလံပစ်ပွဲစဉ်တွေအပေါ် သက်ရောက်မှာကို စိုးရိမ်နေကြပါတယ်။
အိုဒိုင်းအိဘာ့ ပင်လယ်ဥယျာဉ်ထဲက ရေအရည်အသွေး စမ်းသပ်ချက်တွေထဲမှာ လူနဲ့ တိရစ္ဆာန်တွေရဲ့ မစင်ထဲမှာပါတဲ့ ဘက်တီးရီးယားတွေဟာ လက်ခံနိုင်တဲ့အဆင့်ထက် အများကြီး ပိုမြင့်မားနေလို့ ရေကူးပွဲစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒါကြောင့် အားကစားနည်း ၃ မျိုး ပြိုင်ပွဲကို အားကစားနည်း ၂ မျိုး ပြိုင်ပွဲအဖြစ် ပြောင်းခဲ့ရတာပါ။ ဒါကြောင့် အမျိုးသားပွဲစဉ်မှာ တော်ဝင် ကမ်းတက်စစ်သည် ကွန်မန်ဒိုဟောင်း ဗြိတိန်နိုင်ငံသား ဂျိုးဇက် တောင်းဆန့်စ်က လက်တွန်းလှည်း အားကစားသမားတွေအတွက် ပွဲစဉ်မှာ အနိုင်ရပါတယ်။ ဂျပန်နိုင်ငံသူ ဝါခါ့ခို စုချိဒက အမျိုးသမီးပွဲစဉ်မှာ အနိုင်ရပါတယ်။
ဂျပန်နိုင်ငံတလွှား ဇူလိုင်နှောင်းပိုင်းတည်းက အပူချိန်မြင့်လို့ လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပြီးပါပြီ။ ဒါကြောင့် အားကစားသမားတွေနဲ့ ပရိသတ်အတွက် ကျန်းမာရေး ခြိမ်းခြောက်မှု ဖြစ်နိုင်ခြေ ရှိနေပါတယ်။
လာမယ့်နှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ဂျပန်နိုင်ငံမှာ ဇူလိုင် ၂၄ ကနေ သြဂုတ် ၉ ရက်ကြားမှာ ကျင်းပမှာပါ။ မသန်စွမ်း အိုလံပစ်ပွဲစဉ်ကိုတော့ သြဂုတ် ၂၅ ကနေ စက်တင်ဘာ ၆ ရက်ထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။
Zawgyi Version
မသန္စြမ္းၿပိဳင္ပြဲအတြက္ ေရြးထားသည့္ ေရျပင္တြင္ အီးကိုလိုင္ ဘက္တီးရီးယားပါဝင္ႏႈန္း ျမင့္မား၍ ပြဲစဥ္ဖ်က္သိမ္း
DVB
မသန္စြမ္း အေျပး၊ စက္ဘီးစီးနဲ႔ ေရကူး ၃ မ်ိဳး ကမာၻ႔ဖလားအဆင့္ ၿပိဳင္ပြဲရဲ႕ ပြဲစဥ္အတြက္ ေ႐ြးထားတဲ့ ေရျပင္မွာ အီးကိုလိုင္း ဘက္တီးရီးယားပါဝင္ႏႈန္း ျမင့္မားေနလို႔ ၾသဂုတ္ ၁၇ ရက္က ပြဲစဥ္ ဖ်က္သိမ္းလိုက္ရပါတယ္။
ဒါေၾကာင့္ လာမယ့္ႏွစ္မွာ ဂ်ပန္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ေႏြရာသီ အိုလံပစ္နဲ႔ မသန္စြမ္း အိုလံပစ္ပြဲစဥ္ေတြအေပၚ သက္ေရာက္မွာကို စိုးရိမ္ေနၾကပါတယ္။
အိုဒိုင္းအိဘာ့ ပင္လယ္ဥယ်ာဥ္ထဲက ေရအရည္အေသြး စမ္းသပ္ခ်က္ေတြထဲမွာ လူနဲ႔ တိရစာၦန္ေတြရဲ႕ မစင္ထဲမွာပါတဲ့ ဘက္တီးရီးယားေတြဟာ လက္ခံႏိုင္တဲ့အဆင့္ထက္ အမ်ားႀကီး ပိုျမင့္မားေနလို႔ ေရကူးပြဲစဥ္ကို ဖ်က္သိမ္းခဲ့ရတယ္လို႔ ပြဲစီစဥ္သူေတြက ေျပာပါတယ္။
ဒါေၾကာင့္ အားကစားနည္း ၃ မ်ိဳး ၿပိဳင္ပြဲကို အားကစားနည္း ၂ မ်ိဳး ၿပိဳင္ပြဲအျဖစ္ ေျပာင္းခဲ့ရတာပါ။ ဒါေၾကာင့္ အမ်ိဳးသားပြဲစဥ္မွာ ေတာ္ဝင္ ကမ္းတက္စစ္သည္ ကြန္မန္ဒိုေဟာင္း ၿဗိတိန္ႏိုင္ငံသား ဂ်ိဳးဇက္ ေတာင္းဆန႔္စ္က လက္တြန္းလွည္း အားကစားသမားေတြအတြက္ ပြဲစဥ္မွာ အႏိုင္ရပါတယ္။ ဂ်ပန္ႏိုင္ငံသူ ဝါခါ့ခို စုခ်ိဒက အမ်ိဳးသမီးပြဲစဥ္မွာ အႏိုင္ရပါတယ္။
ဂ်ပန္ႏိုင္ငံတလႊား ဇူလိုင္ေႏွာင္းပိုင္းတည္းက အပူခ်ိန္ျမင့္လို႔ လူဒါဇင္နဲ႔ခ်ီ ေသဆုံးခဲ့ၿပီးပါၿပီ။ ဒါေၾကာင့္ အားကစားသမားေတြနဲ႔ ပရိသတ္အတြက္ က်န္းမာေရး ၿခိမ္းေျခာက္မႈ ျဖစ္ႏိုင္ေျခ ရွိေနပါတယ္။
လာမယ့္ႏွစ္ ေႏြရာသီ အိုလံပစ္ၿပိဳင္ပြဲကို ဂ်ပန္ႏိုင္ငံမွာ ဇူလိုင္ ၂၄ ကေန ၾသဂုတ္ ၉ ရက္ၾကားမွာ က်င္းပမွာပါ။ မသန္စြမ္း အိုလံပစ္ပြဲစဥ္ကိုေတာ့ ၾသဂုတ္ ၂၅ ကေန စက္တင္ဘာ ၆ ရက္ထိ က်င္းပဖို႔ စီစဥ္ထားပါတယ္။