Home
မြန်မာသတင်း
မအူပင်နှင့်ညောင်တုန်းက အင်းချောင်းအင်းထဲတွင် ပုဂ္ဂလိကငါးလုပ်ငန်းများကြောင့် ဒေသခံများ အခက်ကြုံ 
DVB
·
August 19, 2019
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်နဲ့ ညောင်တုန်းမြို့နယ်ထဲက အင်းချောင်းအင်းထဲမှာ ပုဂ္ဂလိက ငါးလုပ်ငန်းတွေကြောင့် ဒေသခံပြည်သူတွေ အခက်အခဲဖြစ်ပေါ်နေပါတယ်။ မအူပင်နဲ့ ညောင်တုန်းမြို့နယ်ထဲက အင်းချောင်းအင်းဘေးနေ ကျေးရွာတချို့က ဒေသခံတွေဟာ အရင်က အင်းချောင်းအင်းကို မှီခိုလုပ်ကိုင်စားသောက်နေကြရတာကြောင့် မိသားစု စားဝတ်နေရေးတွေ အဆင်ပြေခဲ့ကြပေမဲ့ ပုဂ္ဂလိက ငါးလုပ်ငန်းရှင်တွေ ဝင်ရောက်လုပ်ကိုင်လာပြီး ငါးမဖမ်းနယ်မြေတွေ ကန့်သတ်လိုက်တာကြောင့် ဒေသခံ ရေလုပ်သားတွေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာလို့ ညောင်တုန်းမြို့နယ် သဇင်ရေကျော်ကျေးရွာနေ ဒေါ်ဝင်းဝင်းအေးက ပြောပါတယ်။ ဒီအင်းကို ညောင်တုန်းမြို့နယ်ထဲက အိုင်ကြီး၊ အလန်း၊ ဘုရားချောင်းကျေးရွာတွေ၊ မအူပင်မြို့နယ်ထဲက ကျေးရွာတချို့နဲ့ ပန်းတနော်မြို့က ပြည်သူတွေ အနေနဲ့ ငါးဖမ်းတဲ့ လုပ်ငန်းကို မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်စားသောက်ခဲ့ကြနေသူတွေဖြစ်ပါတယ်။  လုပ်ငန်းရှင်ဝင်ရောက်လာပြီးနောက် အလုပ်လက်မဲ့တွေဖြစ်သွားကြတာကြောင့် ကလေးတွေရဲ့ ပညာရေး အခက်အခဲတွေရှိလာသလို အရွယ်ရောက်သူတွေ အနေနဲ့လည်း မိသားစုတွေနဲ့ ဝေးတဲ့ နေရာတွေမှာ သွားရောက်လုပ်ကိုင်စားသောက်နေကြရတယ်လို့ ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကျေးရွာနေ မနွယ်နွယ်ထွန်းက ပြောပါတယ်။ တံငါသည်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြတိုင်ကြားတာကြောင့် ညောင်တုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ သြဂတ် ၇ ရက်က ဧရာဝတီတိုင်း အစိုးရ အဖွဲ့သက်ဆိုင်ရာဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ငါးဖမ်းခွင့် ဆုံးရှုံးနေတဲ့ ဒေသခံ ပြည်သူတွေ တွေ့ဆုံခဲ့ကြပါတယ်။ အခု အငြင်းပွါးနေတဲ့ မအူပင်မြို့နယ်ပိုင် သဘာဝအင်းချောင်းဖြစ်တဲ့ ပလုတ်ကြီးအင်း အင်းအမှတ် ၆၅/၆၆ ကိစ္စနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးကို သြဂုတ် ၂၁ ရက်နေ့အရောက်လာရောက်တွေဆုံဖို့ တာဝန်ခံတိုင်ကြားထားတဲ့ စိတ်တူကိုတူ အများအကျိုးဆောင်ရွက်လိုသူများပူးပေါင်းခြင်းအဖွဲ့က ဒေါ်ဆွမ်းလွတ်ဆိုင်းခွောန်ကို အကြောင်းကြားထားပါတယ်။ သတင်း- ကိုကိုကြည်
မအူပင္ႏွင့္ေညာင္တုန္းက အင္းေခ်ာင္းအင္းထဲတြင္ ပုဂၢလိကငါးလုပ္ငန္းမ်ားေၾကာင့္ ေဒသခံမ်ား အခက္ႀကဳံ DVB ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕နယ္နဲ႔ ေညာင္တုန္းၿမိဳ႕နယ္ထဲက အင္းေခ်ာင္းအင္းထဲမွာ ပုဂၢလိက ငါးလုပ္ငန္းေတြေၾကာင့္ ေဒသခံျပည္သူေတြ အခက္အခဲျဖစ္ေပၚေနပါတယ္။ မအူပင္နဲ႔ ေညာင္တုန္းၿမိဳ႕နယ္ထဲက အင္းေခ်ာင္းအင္းေဘးေန ေက်း႐ြာတခ်ိဳ႕က ေဒသခံေတြဟာ အရင္က အင္းေခ်ာင္းအင္းကို မွီခိုလုပ္ကိုင္စားေသာက္ေနၾကရတာေၾကာင့္ မိသားစု စားဝတ္ေနေရးေတြ အဆင္ေျပခဲ့ၾကေပမဲ့ ပုဂၢလိက ငါးလုပ္ငန္းရွင္ေတြ ဝင္ေရာက္လုပ္ကိုင္လာၿပီး ငါးမဖမ္းနယ္ေျမေတြ ကန႔္သတ္လိုက္တာေၾကာင့္ ေဒသခံ ေရလုပ္သားေတြ အခက္အခဲနဲ႔ ရင္ဆိုင္ေနၾကရတာလို႔ ေညာင္တုန္းၿမိဳ႕နယ္ သဇင္ေရေက်ာ္ေက်း႐ြာေန ေဒၚဝင္းဝင္းေအးက ေျပာပါတယ္။ ဒီအင္းကို ေညာင္တုန္းၿမိဳ႕နယ္ထဲက အိုင္ႀကီး၊ အလန္း၊ ဘုရားေခ်ာင္းေက်း႐ြာေတြ၊ မအူပင္ၿမိဳ႕နယ္ထဲက ေက်း႐ြာတခ်ိဳ႕နဲ႔ ပန္းတေနာ္ၿမိဳ႕က ျပည္သူေတြ အေနနဲ႔ ငါးဖမ္းတဲ့ လုပ္ငန္းကို မိ႐ိုးဖလာလုပ္ငန္းအျဖစ္ လုပ္ကိုင္စားေသာက္ခဲ့ၾကေနသူေတြျဖစ္ပါတယ္။ လုပ္ငန္းရွင္ဝင္ေရာက္လာၿပီးေနာက္ အလုပ္လက္မဲ့ေတြျဖစ္သြားၾကတာေၾကာင့္ ကေလးေတြရဲ႕ ပညာေရး အခက္အခဲေတြရွိလာသလို အ႐ြယ္ေရာက္သူေတြ အေနနဲ႔လည္း မိသားစုေတြနဲ႔ ေဝးတဲ့ ေနရာေတြမွာ သြားေရာက္လုပ္ကိုင္စားေသာက္ေနၾကရတယ္လို႔ ေညာင္တုန္းၿမိဳ႕နယ္၊ သဇင္ေရေက်ာ္ေက်း႐ြာေန မႏြယ္ႏြယ္ထြန္းက ေျပာပါတယ္။ တံငါသည္ေတြက သက္ဆိုင္ရာ အာဏာပိုင္ေတြကို တင္ျပတိုင္ၾကားတာေၾကာင့္ ေညာင္တုန္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ၾသဂတ္ ၇ ရက္က ဧရာဝတီတိုင္း အစိုးရ အဖြဲ႕သက္ဆိုင္ရာဝန္ႀကီးေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ငါးဖမ္းခြင့္ ဆုံးရႈံးေနတဲ့ ေဒသခံ ျပည္သူေတြ ေတြ႕ဆုံခဲ့ၾကပါတယ္။ အခု အျငင္းပြါးေနတဲ့ မအူပင္ၿမိဳ႕နယ္ပိုင္ သဘာဝအင္းေခ်ာင္းျဖစ္တဲ့ ပလုတ္ႀကီးအင္း အင္းအမွတ္ ၆၅/၆၆ ကိစၥနဲ႔ ပတ္သက္ၿပီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး႐ုံးကို ၾသဂုတ္ ၂၁ ရက္ေန႔အေရာက္လာေရာက္ေတြဆုံဖို႔ တာဝန္ခံတိုင္ၾကားထားတဲ့ စိတ္တူကိုတူ အမ်ားအက်ိဳးေဆာင္႐ြက္လိုသူမ်ားပူးေပါင္းျခင္းအဖြဲ႕က ေဒၚဆြမ္းလြတ္ဆိုင္းေခြာန္ကို အေၾကာင္းၾကားထားပါတယ္။ သတင္း- ကိုကိုၾကည္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024