ဆွစ်ဇာလန် အက်ပ်တောင်တန်းဒေသက ကြောက်မက်ဖွယ် မြစ်ရေကြီးမှု (ရုပ်သံ)

ဆွစ်ဇာလန်နိုင်ငံ အက်ပ်တောင်တန်းဒေသမှာရှိတဲ့ စပျစ်ခြံတခုကို သြဂုတ် ၁၁ ရက်က ရွှံ့တွေနဲ့ ရောနှောနေတဲ့ ရေတွေ ကြောက်မက်ဖွယ် ဖြတ်သန်းစီးဆင်းသွားတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။
ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခိုက်မှု၊ မြေပြိုမှုတွေကြောင့် လော့ဆန့်ဇီ မြစ်ရေလျှံရာကနေ အခုလို ဖြစ်ပွားရတာလို့လည်း ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။
ဒီဗွီဒီယိုဖိုင်ကို ဂေးမိုးနက်က ချာမိုဆွန်မြို့ကနေ ရိုက်ကူးခဲ့တာဖြစ်ပြီး ဗွီဒီယိုဖိုင်မှာဆိုရင် တံတားတစင်းနဲ့ သစ်ပင်တပင်တို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ ရွှံ့ရေတွေကို ကြည့်ရှုနေသူတဦးကိုလည်း မြင်တွေ့ရပါတယ်။
“ဒီဒေသမှာ လွန်ခဲ့တဲ့ ၅၆ နှစ်ကတည်းက နေထိုင်ခဲ့ပေမယ့် ဒီလိုမျိုး ရေကြီးမှုများကို ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးခုစာအတွင်း မြင်တွေ့ခဲ့ဖူးခြင်း မရှိဘူး” လို့ မိုနက်က ပြောပါတယ်။
ဆွစ်ဇာလန် အနောက်တောင်ပိုင်းမှာ မြစ်ရေကြီးမှုကြောင့် ကားတစီး မြောပါသွားခဲ့ပြီး ဒီကားပေါ်ပါ အမျိုးသားတဦးနဲ့ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တဦးတို့ ပျောက်ဆုံးသွားခဲ့ပါတယ်။
ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက ရှာဖွေနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မြစ်ရေကြောင့် ချာမိုဆွန်မြို့အနီးက လမ်းတွေကို ပိတ်ထားရပြီး ဆာရီနဲ့ ကရန်းမွန်တာနာ အပန်းဖြေမြို့တို့ကို ပြေးဆွဲနေတဲ့ ရထားခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
Zawgyi Version
ဆြစ္ဇာလန္ အက္ပ္ေတာင္တန္းေဒသက ေၾကာက္မက္ဖြယ္ ျမစ္ေရႀကီးမႈ (႐ုပ္သံ)
DVB
ဆြစ္ဇာလန္ႏိုင္ငံ အက္ပ္ေတာင္တန္းေဒသမွာရွိတဲ့ စပ်စ္ၿခံတခုကို ၾသဂုတ္ ၁၁ ရက္က ႐ႊံ႕ေတြနဲ႔ ေရာေႏွာေနတဲ့ ေရေတြ ေၾကာက္မက္ဖြယ္ ျဖတ္သန္းစီးဆင္းသြားတဲ့ ႐ုပ္သံဖိုင္ ထြက္ေပၚလာပါတယ္။
ျပင္းထန္တဲ့ မုန္တိုင္းတိုက္ခိုက္မႈ၊ ေျမၿပိဳမႈေတြေၾကာင့္ ေလာ့ဆန႔္ဇီ ျမစ္ေရလွ်ံရာကေန အခုလို ျဖစ္ပြားရတာလို႔လည္း ဒီျဖစ္ရပ္ကို ႐ိုက္ကူးထားတဲ့ ဗြီဒီယိုဖိုင္မွာ ျမင္ေတြ႕ရပါတယ္။
ဒီဗြီဒီယိုဖိုင္ကို ေဂးမိုးနက္က ခ်ာမိုဆြန္ၿမိဳ႕ကေန ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ဗြီဒီယိုဖိုင္မွာဆိုရင္ တံတားတစင္းနဲ႔ သစ္ပင္တပင္တို႔ကို ျဖတ္သန္းစီးဆင္းေနတဲ့ ႐ႊံ႕ေရေတြကို ၾကည့္ရႈေနသူတဦးကိုလည္း ျမင္ေတြ႕ရပါတယ္။
“ဒီေဒသမွာ လြန္ခဲ့တဲ့ ၅၆ ႏွစ္ကတည္းက ေနထိုင္ခဲ့ေပမယ့္ ဒီလိုမ်ိဳး ေရႀကီးမႈမ်ားကို ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ သုံးခုစာအတြင္း ျမင္ေတြ႕ခဲ့ဖူးျခင္း မရွိဘူး” လို႔ မိုနက္က ေျပာပါတယ္။
ဆြစ္ဇာလန္ အေနာက္ေတာင္ပိုင္းမွာ ျမစ္ေရႀကီးမႈေၾကာင့္ ကားတစီး ေျမာပါသြားခဲ့ၿပီး ဒီကားေပၚပါ အမ်ိဳးသားတဦးနဲ႔ အသက္ေျခာက္ႏွစ္အ႐ြယ္ ကေလးငယ္တဦးတို႔ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။
ေပ်ာက္ဆုံးေနသူေတြကို ကယ္ဆယ္ေရး လုပ္သားေတြက ရွာေဖြေနဆဲျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
ျမစ္ေရေၾကာင့္ ခ်ာမိုဆြန္ၿမိဳ႕အနီးက လမ္းေတြကို ပိတ္ထားရၿပီး ဆာရီနဲ႔ ကရန္းမြန္တာနာ အပန္းေျဖၿမိဳ႕တို႔ကို ေျပးဆြဲေနတဲ့ ရထားခရီးစဥ္ေတြကိုလည္း ရပ္ဆိုင္းထားတယ္လို႔ သိရပါတယ္။