Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ဒေသမှ နိုင်ငံခြားသားခရီးသွားဧည့်သည် ၅၇ ဦးကို လေယာဉ်ဖြင့် ပြန်ပို့
DVB
·
August 18, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တိုက်ပွဲဖြစ်ပွားရာဒေသတွေ ဖြစ်တဲ့ လားရှိုးမြို့နဲ့သီပေါမြို့တို့ကို ရောက်ရှိနေတဲ့ နိင်ငံခြားသားခရီးသွားဧည့်သည် ၅၇ ဦးကို့ Air KBZ လေကြောင်းလိုင်းနဲ့ ရန်ကုန် မန္တလေး ဟဲဟိုးတို့ကို  ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း Air KBZ လေကြောင်းလိုင်းနဲ့ လားရှိုးမြို့နှင့် သီပေါမြို့တို့မှ ဟိုတယ်လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး သြဂုတ် ၁၇ ရက်နေ့က ပြန်လည်ပို့ဆောင်ပေးခဲ့တာလို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။  တိုက်ပွဲဖြစ်ပွားရာဒေသတွေဖြစ်တဲ့  လားရှိုးမြို့နဲ့သီပေါမြို့တို့ကို အလည်အပတ် ရောက်ရှိနေတဲ့ နိင်ငံခြားသားခရီးသွားဧည့်သည်အတွက် မော်တော်ကားလမ်း ပြတ်တောက်နေတဲ့အတွက် အခုလိုစီစဉ်ပေးခဲ့တာလို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်တို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေတာပါ။ သြဂုတ် ၁၅ ရက်နေ့က နောင်ချို ဂုတ်တွင်းတံတား၊ ၁၇ ရက်နေ့မှာ သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော် လမ်းပေါ်က သံကူကွန်ကရစ်တံတားနဲ့ ကွန်ကရစ်တံတား၊ မနေ့ညနေကတော့ သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်းပေါ်က တံတားတစင်းတို့ ဖောက်ခွဲဖျက်ဆီးခံထားရပါတယ်။
Zawgyi Version တိုက္ပြဲျဖစ္ေဒသမွ ႏိုင္ငံျခားသားခရီးသြားဧည့္သည္ ၅၇ ဦးကို ေလယာဥ္ျဖင့္ ျပန္ပို႔ DVB ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ တိုက္ပြဲျဖစ္ပြားရာေဒသေတြ ျဖစ္တဲ့ လားရႈိးၿမိဳ႕နဲ႔သီေပါၿမိဳ႕တို႔ကို ေရာက္ရွိေနတဲ့ နိင္ငံျခားသားခရီးသြားဧည့္သည္ ၅၇ ဦးကို႔ Air KBZ ေလေၾကာင္းလိုင္းနဲ႔ ရန္ကုန္ မႏၲေလး ဟဲဟိုးတို႔ကို ျပန္လည္ပို႔ေဆာင္ေပးခဲ့ပါတယ္။ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္း Air KBZ ေလေၾကာင္းလိုင္းနဲ႔ လားရႈိးၿမိဳ႕ႏွင့္ သီေပါၿမိဳ႕တို႔မွ ဟိုတယ္လုပ္ငန္းရွင္ေတြ ပူးေပါင္းၿပီး ၾသဂုတ္ ၁၇ ရက္ေန႔က ျပန္လည္ပို႔ေဆာင္ေပးခဲ့တာလို႔ ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ တိုက္ပြဲျဖစ္ပြားရာေဒသေတြျဖစ္တဲ့ လားရႈိးၿမိဳ႕နဲ႔သီေပါၿမိဳ႕တို႔ကို အလည္အပတ္ ေရာက္ရွိေနတဲ့ နိင္ငံျခားသားခရီးသြားဧည့္သည္အတြက္ ေမာ္ေတာ္ကားလမ္း ျပတ္ေတာက္ေနတဲ့အတြက္ အခုလိုစီစဥ္ေပးခဲ့တာလို႔ ဆိုပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ လားရႈိး၊ သိႏၷီ၊ ကြတ္ခိုင္နဲ႔ မႏၲေလးတိုင္း ျပင္ဦးလြင္တို႔မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းကစလို႔ ကိုးကန႔္တပ္ဖြဲ႕ (MNDAA)၊ ရကၡိဳင့္တပ္ေတာ္ (AA) နဲ႔ တအာင္းပေလာင္ လြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) တို႔ ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြ ျဖစ္ေနတာပါ။ ၾသဂုတ္ ၁၅ ရက္ေန႔က ေနာင္ခ်ိဳ ဂုတ္တြင္းတံတား၊ ၁၇ ရက္ေန႔မွာ သိႏၷီ- ကြမ္းလုံ- ခ်င္းေ႐ႊေဟာ္ လမ္းေပၚက သံကူကြန္ကရစ္တံတားနဲ႔ ကြန္ကရစ္တံတား၊ မေန႔ညေနကေတာ့ သိႏၷီ- ကြမ္းလုံ- ခ်င္းေ႐ႊေဟာ္လမ္းေပၚက တံတားတစင္းတို႔ ေဖာက္ခြဲဖ်က္ဆီးခံထားရပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024