အင်တာမီလန်နှင့် ဆန်းချက်ဇ်တို့အကြား သဘောတူညီချက်ရပြီဟု သတင်းထွက်

1.5K
အင်တာမီလန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေရရှိခဲ့ပြီးဖြစ်တာကြောင့် အလက် ဆစ်ဆန်းချက်ဇ်ရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝဟာ ကုန်ဆုံးဖို့ဖြစ်လာတယ်လို့ Metro သတင်းမှာ ဖော်ပြပါတယ်။
အသက် ၃၀ အရွယ် ချီလီကစားသမားဟာ ၂၀၁၈ ခုနှစ်မှာ အိုးထရက်ဖို့ဒ်ကွင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းက တိုက်စစ်ကစားသမားအတွက် ကလပ်စံချိန်တင်လစာငွေ တပတ်ကို ပေါင် ၄၀၀၀၀၀ နီးပါးပေးချေနေရပေမယ့် ကစားသမားကတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ၁၈ လတာကာလအတွင်း လိဂ်ဂိုး ငါး ဂိုးသာရရှိခဲ့ပါတယ်။
အီတလီသတင်းတခုဖြစ်တဲ့ Gianluca Di Marizo မှာဖော်ပြချက်အရ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သိရပြီး အီတလီကို ပြောင်းရွှေဖို့အတွက် လာမယ့်ရက်အနည်းငယ်အတွင်းမှာ အပြီးသတ်ဆောင်ရွက်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
သတင်းအရ ဆန်းချက်ဇ်ရဲ့ အေဂျင့်ဟာ အခုချိန်မှာ အင်္ဂလန်ကိုပြန်လည်ရောက်ရှိနေပြီး အင်တာအသင်းရဲ့ ကမ်းလှမ်းချက်ကို ယူနိက်တက်ထံတင်ပြနေတယ်လို့ သိရပါတယ်။
အပြောင်းအရွေ့ဟာ ကနဦး ၁၂ လအငှားဖြစ်ပြီး နောက်ပိုင်းမှာ အပြီးသတ်ခေါ်ယူခွင့်ပါ ထည့်သွင်းထားတယ်လို့ ယူဆရပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဘက်က ကမ်းလှမ်းမှုကို လက်ခံမလားဆိုတာနဲ့ အင်တာဘက်က ကစားသမားရဲ့ လစာငွေကို အပြည့်အဝပေးချေမလားဆိုတာကိုတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ချီလီတောင်ပံကစားသမားဟာ သူ့ရဲ့သုံးပတ်တာ အားလပ်ရက်ကာလမှာရှိနေပြီး တနင်္လာနေ့မှာ ယှဉ်ပြိုင်မယ့် ဝုဖ်အသင်းနဲ့ ပွဲစဉ်မှာလည်း ပါဝင်နိုင်မယ့်ပုံမရှိပါဘူး။
အင်တာမီလန်အသင်းဟာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးတဦးဖြစ်တဲ့ လူကာကူကိုလည်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ဆန်းချက်ဇ်ကိုလည်း ထပ်မံခေါ်ယူနိုင်ဦးမလား ဆိုတာကိုတော့ ဆက်က်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Zawgyi Version အင္တာမီလန္ႏွင့္ ဆန္းခ်က္ဇ္တို႔အၾကား သေဘာတူညီခ်က္ရၿပီဟု သတင္းထြက္ DVB အင္တာမီလန္အသင္းနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြရရွိခဲ့ၿပီးျဖစ္တာေၾကာင့္ အလက္ ဆစ္ဆန္းခ်က္ဇ္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘဝဟာ ကုန္ဆုံးဖို႔ျဖစ္လာတယ္လို႔ Metro သတင္းမွာ ေဖာ္ျပပါတယ္။ အသက္ ၃၀ အ႐ြယ္ ခ်ီလီကစားသမားဟာ ၂၀၁၈ ခုႏွစ္မွာ အိုးထရက္ဖို႔ဒ္ကြင္းကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းက တိုက္စစ္ကစားသမားအတြက္ ကလပ္စံခ်ိန္တင္လစာေငြ တပတ္ကို ေပါင္ ၄၀၀၀၀၀ နီးပါးေပးေခ်ေနရေပမယ့္ ကစားသမားကေတာ့ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ေနရၿပီး ၁၈ လတာကာလအတြင္း လိဂ္ဂိုး ငါး ဂိုးသာရရွိခဲ့ပါတယ္။ အီတလီသတင္းတခုျဖစ္တဲ့ Gianluca Di Marizo မွာေဖာ္ျပခ်က္အရ ဆန္းခ်က္ဇ္ဟာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း အင္တာမီလန္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခ်က္ေတြ ရရွိခဲ့တယ္လို႔ သိရၿပီး အီတလီကို ေျပာင္းေ႐ႊဖို႔အတြက္ လာမယ့္ရက္အနည္းငယ္အတြင္းမွာ အၿပီးသတ္ေဆာင္႐ြက္ႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ သတင္းအရ ဆန္းခ်က္ဇ္ရဲ႕ ေအဂ်င့္ဟာ အခုခ်ိန္မွာ အဂၤလန္ကိုျပန္လည္ေရာက္ရွိေနၿပီး အင္တာအသင္းရဲ႕ ကမ္းလွမ္းခ်က္ကို ယူနိက္တက္ထံတင္ျပေနတယ္လို႔ သိရပါတယ္။ အေျပာင္းအေ႐ြ႕ဟာ ကနဦး ၁၂ လအငွားျဖစ္ၿပီး ေနာက္ပိုင္းမွာ အၿပီးသတ္ေခၚယူခြင့္ပါ ထည့္သြင္းထားတယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္အသင္းဘက္က ကမ္းလွမ္းမႈကို လက္ခံမလားဆိုတာနဲ႔ အင္တာဘက္က ကစားသမားရဲ႕ လစာေငြကို အျပည့္အဝေပးေခ်မလားဆိုတာကိုေတာ့ အခုထိ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ခ်ီလီေတာင္ပံကစားသမားဟာ သူ႔ရဲ႕သုံးပတ္တာ အားလပ္ရက္ကာလမွာရွိေနၿပီး တနလၤာေန႔မွာ ယွဥ္ၿပိဳင္မယ့္ ဝုဖ္အသင္းနဲ႔ ပြဲစဥ္မွာလည္း ပါဝင္ႏိုင္မယ့္ပုံမရွိပါဘူး။ အင္တာမီလန္အသင္းဟာ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မႉးတဦးျဖစ္တဲ့ လူကာကူကိုလည္း ေခၚယူႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ဆန္းခ်က္ဇ္ကိုလည္း ထပ္မံေခၚယူႏိုင္ဦးမလား ဆိုတာကိုေတာ့ ဆက္က္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။