Home
မြန်မာသတင်း
လွိုင်လင်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၁ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
August 18, 2019
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်မှာ မူးယစ်ဆေး ကျပ်သိန်းပေါင်း  ၁ သိန်းကျော်ဖိုး ဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ အဲဒီမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်မြို့ရဲ့ အနောက်ဘက် ၁ မိုင် လောက်က ဟိုတင့်ရွာနားမှာ မော်တော်ယာဉ် ဖြတ်သန်းသွားလာတာတွေကို စစ်ဆေးနေတုန်း သြဂုတ် ၁၆ ရက်မနက်ပိုင်းက ဖမ်းမိခဲ့တာပါ။ လွိုင်လင်မြို့ဘက်ကနေ တောင်ကြီးမြို့ဘက်ကို စိုင်းအောင်နိုင်ထွန်းမောင်းနှင်ပြီး  နော်ဂျာ လိုက်ပါလာတဲ့ ကားကို စစ်ဆေးရာမှာ နောက်ကြမ်းခင်းမှာ ဝှက်ပြီးသယ်လာတဲ့ အိုက်စ်၊ ကတ်တမင်း အခဲနဲ့ အမှုန့် ၅၀၁ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၂၅,၂၅၀) နဲ့အတူဖမ်းမိခဲ့တာကြောင့် လွိုင်လင်မြို့မရဲစခန်းမှာ ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version လြိဳင္လင္ၿမိဳ႕နယ္တြင္ က်ပ္သိန္းေပါင္း ၁ သိန္းေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ လြိဳင္လင္ၿမိဳ႕နယ္မွာ မူးယစ္ေဆး က်ပ္သိန္းေပါင္း  ၁ သိန္းေက်ာ္ဖိုး ဖမ္းဆီးမိခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။ အဲဒီမွာ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ ပူးေပါင္းအဖြဲ႕ဟာ လြိဳင္လင္ၿမိဳ႕ရဲ႕ အေနာက္ဘက္ ၁ မိုင္ ေလာက္က ဟိုတင့္႐ြာနားမွာ ေမာ္ေတာ္ယာဥ္ ျဖတ္သန္းသြားလာတာေတြကို စစ္ေဆးေနတုန္း ၾသဂုတ္ ၁၆ ရက္မနက္ပိုင္းက ဖမ္းမိခဲ့တာပါ။ လြိဳင္လင္ၿမိဳ႕ဘက္ကေန ေတာင္ႀကီးၿမိဳ႕ဘက္ကို စိုင္းေအာင္ႏိုင္ထြန္းေမာင္းႏွင္ၿပီး  ေနာ္ဂ်ာ လိုက္ပါလာတဲ့ ကားကို စစ္ေဆးရာမွာ ေနာက္ၾကမ္းခင္းမွာ ဝွက္ၿပီးသယ္လာတဲ့ အိုက္စ္၊ ကတ္တမင္း အခဲနဲ႔ အမႈန႔္ ၅၀၁ ကီလိုဂရမ္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ သိန္း ၁၂၅,၂၅၀) နဲ႔အတူဖမ္းမိခဲ့တာေၾကာင့္ လြိဳင္လင္ၿမိဳ႕မရဲစခန္းမွာ ဥပေဒအရ အေရးယူႏိုင္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024