Home
မြန်မာသတင်း
မဟာမုနိဘုရားကြီးတွင် ၁ လခွဲအတွင်း နိုင်ငံခြားသားများထံမှ ဝင်ကြေး သိန်း ၁၂၀၀ ကျော်ရရှိ
DVB
·
August 18, 2019
မန္တလေးမြို့၊ မဟာမုနိဘုရားကြီးမှာ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေထံကနေ ဝင်ကြေး စတင်ကောက်ခံခဲ့ပြီး တလခွဲခန့်အကြာမှာ ကျပ်သိန်းပေါင်း ၁၂၀၀ ကျော် ရရှိခဲ့တယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။ ဝင်ကြေး မကောက်ခံခင်က တရက်ကို နိုင်ငံခြား ဧည့်သည်ဝင်ရောက်မှု ၂၀၀ ကျော်ပဲ ရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ကနေ ဝင်ကြေး စတင်ကောက်ခံပြီးနောက်ပိုင်းမှာ တရက်ကို နိုင်ငံခြားသား ခရီးသွား ခြောက်ရာဝန်းကျင် ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံသား ခရီးသွားတွေ လာရောက်တာ ပိုများတယ်လို့ ဆိုပါတယ်။ မဟာမုနိ ဘုရားကြီး ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက “ပထမလမှာ ဆိုရင် တဦးကို ငါးထောင်နဲ့ ခရီးသည်က ၁၆၃၄၈ ဦးပါ။ ၈၁၇ သိန်း ၄ သောင်း ရတယ်ပေါ့နော်။ ခုလက်ရှိ ဆယ့်နှစ်ရက်အတွင်းကတော့ ၃၈၄ သိန်း ၃ သောင်း ၅ ထောင် ရတယ်။ ခရီးသည်က ၇၆၈၇ ဦး ဝင်တယ်လို့ ပြောပါတယ်။ ဒီလို ဝင်ကြေးကောက်ခံတဲ့အတွက် ဝန်ဆောင်မှုပေးတဲ့အနေနဲ့ Information Center ဆောက်လုပ်ပေးထားပြီး နိုင်ငံခြားသား ခရီးသွားတွေ အဆင်ပြေနိုင်အောင် ဆောင်ရွက်ပေးတယ်လို့ ပြောပါတယ်။ “နိုင်ငံခြားသားတယောက် ဝင်လာပြီဆိုရင် Ticket လေးတွေ ရောင်းရုံတင်မကဘူး၊ သူတို့ရဲ့ ဖိနပ်တွေ ချွတ်ပြီးတော့ သပ်သပ်ရပ်ရပ်လေး ထားလို့ရအောင်၊ လေအေးစက်ဖွင့်ထားတဲ့ အခန်းမှာ ခဏလေး အနားယူပြီးတော့ ဖိနပ်လေး ချွတ်မယ်၊ ပစ္စည်းလေးတွေ သိမ်းရအောင် ဗီရိုလေးတွေလည်း လုပ်ပေးထားတယ်။ နောက် အဆင့်မြင့်ပေါ့။ သူတို့အတွက် သန့်စင်ခန်းတွေ လုပ်ပေးတယ်။ ဘေလ်စင်တွေ လုပ်ပေးရတယ်လေ။ ပြီးရင် ပန်းဖလက်၊ ဘုရားထဲမှာ ဘာတွေ လေ့လာနိုင်တယ်ဆိုတာကို အင်္ဂလိပ်စာနဲ့လည်း ရေးထားတဲ့ပန်းဖလက်တွေလည်း ဝေတယ်။” ဒီလို ရရှိတဲ့ဝင်ငွေကို ဘုရားကြီး သန့်ရှင်းသာယာရေးအတွက် ပြန်လည်အသုံးပြု ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။  ခရီးသွားဧည့်သည် နည်းပါးချိန်ဖြစ်တဲ့ မိုးတွင်းကာလမှာတောင် တရက်ကို ပျမ်းမျှ နိုင်ငံခြားသား ခရီးသွားဧည့်သည် ခြောက်ရာနှုန်း ဝင်ရောက်နေတဲ့အတွက် ပွင့်လင်းရာသီဆိုပါက ခရီးသည် နှစ်ဆအထိ ပိုများလာနိုင်တယ်လို့ မျှော်လင့်ကြောင်း ဂေါပကအဖွဲ့က ပြောပါတယ်။ ထိန်ထိန်လင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မဟာမုနိဘုရားႀကီးတြင္ ၁ လခြဲအတြင္း ႏိုင္ငံျခားသားမ်ားထံမွ ဝင္ေၾကး သိန္း ၁၂၀၀ ေက်ာ္ရရွိ မႏၲေလးၿမိဳ႕၊ မဟာမုနိဘုရားႀကီးမွာ ႏိုင္ငံျခားသားခရီးသြား ဧည့္သည္ေတြထံကေန ဝင္ေၾကး စတင္ေကာက္ခံခဲ့ၿပီး တလခြဲခန႔္အၾကာမွာ က်ပ္သိန္းေပါင္း ၁၂၀၀ ေက်ာ္ ရရွိခဲ့တယ္လို႔ ေဂါပကအဖြဲ႕က ေျပာပါတယ္။ ဝင္ေၾကး မေကာက္ခံခင္က တရက္ကို ႏိုင္ငံျခား ဧည့္သည္ဝင္ေရာက္မႈ ၂၀၀ ေက်ာ္ပဲ ရွိခဲ့တယ္လို႔ သိရပါတယ္။ ဇူလိုင္လ ၁ ရက္ေန႔ကေန ဝင္ေၾကး စတင္ေကာက္ခံၿပီးေနာက္ပိုင္းမွာ တရက္ကို ႏိုင္ငံျခားသား ခရီးသြား ေျခာက္ရာဝန္းက်င္ ဝင္ေရာက္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံသား ခရီးသြားေတြ လာေရာက္တာ ပိုမ်ားတယ္လို႔ ဆိုပါတယ္။ မဟာမုနိ ဘုရားႀကီး ေဂါပကအဖြဲ႕ အတြင္းေရးမႉး ဦးေက်ာ္ေက်ာ္ဦးက “ပထမလမွာ ဆိုရင္ တဦးကို ငါးေထာင္နဲ႔ ခရီးသည္က ၁၆၃၄၈ ဦးပါ။ ၈၁၇ သိန္း ၄ ေသာင္း ရတယ္ေပါ့ေနာ္။ ခုလက္ရွိ ဆယ့္ႏွစ္ရက္အတြင္းကေတာ့ ၃၈၄ သိန္း ၃ ေသာင္း ၅ ေထာင္ ရတယ္။ ခရီးသည္က ၇၆၈၇ ဦး ဝင္တယ္လို႔ ေျပာပါတယ္။ ဒီလို ဝင္ေၾကးေကာက္ခံတဲ့အတြက္ ဝန္ေဆာင္မႈေပးတဲ့အေနနဲ႔ Information Center ေဆာက္လုပ္ေပးထားၿပီး ႏိုင္ငံျခားသား ခရီးသြားေတြ အဆင္ေျပႏိုင္ေအာင္ ေဆာင္႐ြက္ေပးတယ္လို႔ ေျပာပါတယ္။ “ႏိုင္ငံျခားသားတေယာက္ ဝင္လာၿပီဆိုရင္ Ticket ေလးေတြ ေရာင္း႐ုံတင္မကဘူး၊ သူတို႔ရဲ႕ ဖိနပ္ေတြ ခြၽတ္ၿပီးေတာ့ သပ္သပ္ရပ္ရပ္ေလး ထားလို႔ရေအာင္၊ ေလေအးစက္ဖြင့္ထားတဲ့ အခန္းမွာ ခဏေလး အနားယူၿပီးေတာ့ ဖိနပ္ေလး ခြၽတ္မယ္၊ ပစၥည္းေလးေတြ သိမ္းရေအာင္ ဗီ႐ိုေလးေတြလည္း လုပ္ေပးထားတယ္။ ေနာက္အဆင့္ျမင့္ေပါ့။ သူတို႔အတြက္ သန႔္စင္ခန္းေတြ လုပ္ေပးတယ္။ ေဘလ္စင္ေတြ လုပ္ေပးရတယ္ေလ။ ၿပီးရင္ ပန္းဖလက္၊ ဘုရားထဲမွာ ဘာေတြ ေလ့လာႏိုင္တယ္ဆိုတာကို အဂၤလိပ္စာနဲ႔လည္း ေရးထားတဲ့ပန္းဖလက္ေတြလည္း ေဝတယ္။” ဒီလို ရရွိတဲ့ဝင္ေငြကို ဘုရားႀကီး သန႔္ရွင္းသာယာေရးအတြက္ ျပန္လည္အသုံးျပဳ ေဆာင္႐ြက္ေပးေနတယ္လို႔ သိရပါတယ္။ ခရီးသြားဧည့္သည္ နည္းပါးခ်ိန္ျဖစ္တဲ့ မိုးတြင္းကာလမွာေတာင္ တရက္ကို ပ်မ္းမွ် ႏိုင္ငံျခားသား ခရီးသြားဧည့္သည္ ေျခာက္ရာႏႈန္း ဝင္ေရာက္ေနတဲ့အတြက္ ပြင့္လင္းရာသီဆိုပါက ခရီးသည္ ႏွစ္ဆအထိ ပိုမ်ားလာႏိုင္တယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေဂါပကအဖြဲ႕က ေျပာပါတယ္။ ထိန္ထိန္လင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024