မြန်မာယူ-၁၈ အသင်း ဩစတြေးလျကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်

984
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မြန်မာအသင်းဟာ ဩစတြေးလျအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
ဒီပွဲမှာ မြန်မာအသင်းက ဦးဆောင်ဂိုးအရင်သွင်းယူခဲ့ပြီး ချေပိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရလို့ ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက် မှေးမှိန်ခဲ့ရတာပါ။
မြန်မာအသင်းဟာ ဩစတြေးလျအသင်းကို ခံစစ်ဦးစားပေး တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၁၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် ကျောနံပါတ် ၉ လမင်းထွေးက သွင်းယူခဲ့တာပါ။
ဩစတြေးလျအသင်းက ဒုတိယပိုင်း ၅၅ မိနစ်မှာ ချေပဂိုးနဲ့ ၇၆ မိနစ်မှာ အနိုင်ဂိုးတွေ သွင်းယူခဲ့ပြီး ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်ဒိုနီးရှားနဲ့ သရေကျခဲ့လို့ ရမှတ်တူ ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနေရာကနေ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တာပါ။
အုပ်စုတွင်းပွဲစဉ်တွေမှာတော့ မြန်မာအသင်းဟာ ဖိလစ်ပိုင်ကို ၄-၁ ဂိုး၊ လာအိုကို ၃-၁ ဂိုး၊ တီမောကို ၁ ဂိုး ဂိုးမရှိ၊ ဘရူနိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အင်ဒိုးနီးနဲ့ပွဲမှာတော့ ၁ ဂိုးစီ သရေကျပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာပါ။
အင်ဒိုနီးရှားနဲ့မလေးရှားတို့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ပွဲကစားချိန် ပြီးဆုံးတဲ့အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်လို့ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာ မလေးရှားက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဩစတြေးလျနဲ့ မလေးရှား၊ တတိယနေရာလုပွဲအဖြစ် မြန်မာနဲ့ အင်ဒိုနီးရှားပွဲတွေကို လာမယ့် ဩဂုတ် ၁၉ ရက်နေ့ ယှဉ်ပြိုင်ကစားကြမှာပါ။
Zawgyi Version ျမန္မာယူ-၁၈ အသင္း ဩစေၾတးလ်ကို ရႈံးနိမ့္ၿပီး ဗိုလ္လုပြဲႏွင့္ လြဲေခ်ာ္ DVB မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ ပြဲစဥ္မွာ ျမန္မာအသင္းဟာ ဩစေၾတးလ်အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ ရႈံးနိမ့္သြားပါတယ္။ ဒီပြဲမွာ ျမန္မာအသင္းက ဦးေဆာင္ဂိုးအရင္သြင္းယူခဲ့ၿပီး ေခ်ပိုးနဲ႔ အႏိုင္ဂိုးေတြ ျပန္လည္ခြင့္ျပဳခဲ့ရလို႔ ဗိုလ္လုပြဲတက္ဖို႔ ေမွ်ာ္လင့္ခ်က္ ေမွးမွိန္ခဲ့ရတာပါ။ ျမန္မာအသင္းဟာ ဩစေၾတးလ်အသင္းကို ခံစစ္ဦးစားေပး တန္ျပန္တိုက္စစ္နဲ႔ ကစားခဲ့တာလည္း ျဖစ္ပါတယ္။ ျမန္မာအသင္းအတြက္ ဦးေဆာင္ဂိုးကို ပထမပိုင္း ၁၇ မိနစ္မွာ တန္ျပန္တိုက္စစ္ကေနတဆင့္ ေက်ာနံပါတ္ ၉ လမင္းေထြးက သြင္းယူခဲ့တာပါ။ ဩစေၾတးလ်အသင္းက ဒုတိယပိုင္း ၅၅ မိနစ္မွာ ေခ်ပဂိုးနဲ႔ ၇၆ မိနစ္မွာ အႏိုင္ဂိုးေတြ သြင္းယူခဲ့ၿပီး ၂-၁ ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ျမန္မာအသင္းဟာ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ အင္ဒိုနီးရွားနဲ႔ သေရက်ခဲ့လို႔ ရမွတ္တူ ဂိုးကြာျခားခ်က္အရ အုပ္စုဒုတိယေနရာကေန ဆီမီးဖိုင္နယ္တက္ေရာက္ခဲ့တာပါ။ အုပ္စုတြင္းပြဲစဥ္ေတြမွာေတာ့ ျမန္မာအသင္းဟာ ဖိလစ္ပိုင္ကို ၄-၁ ဂိုး၊ လာအိုကို ၃-၁ ဂိုး၊ တီေမာကို ၁ ဂိုး ဂိုးမရွိ၊ ဘ႐ူႏိုင္းကို ၂ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး အင္ဒိုးနီးနဲ႔ပြဲမွာေတာ့ ၁ ဂိုးစီ သေရက်ၿပီး ဆီမီးဖိုင္နယ္ တက္ေရာက္ခဲ့တာပါ။ အင္ဒိုနီးရွားနဲ႔မေလးရွားတို႔ ဆီမီးဖိုင္နယ္ပြဲစဥ္မွာေတာ့ ပြဲကစားခ်ိန္ ၿပီးဆုံးတဲ့အထိ တဖက္နဲ႔တဖက္ ဂိုးမသြင္းႏိုင္လို႔ ပင္နယ္တီအဆုံးအျဖတ္ကန္သြင္းရာမွာ မေလးရွားက ၄ ဂိုး ၃ ဂိုးနဲ႔ အႏိုင္ရရွိသြားပါတယ္။ အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲအျဖစ္ ဩစေၾတးလ်နဲ႔ မေလးရွား၊ တတိယေနရာလုပြဲအျဖစ္ ျမန္မာနဲ႔ အင္ဒိုနီးရွားပြဲေတြကို လာမယ့္ ဩဂုတ္ ၁၉ ရက္ေန႔ ယွဥ္ၿပိဳင္ကစားၾကမွာပါ။