မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီး လီဗာပူးနဲ့ အာဆင်နယ်တို့ အသီးသီးအနိုင်ရသွားပါတယ်။
မနေ့ညအစောပိုင်းပွဲစဉ်မှာ အာဆင်နယ်အသင်းက ဘန်လေကို ၂ ဂိုး ၁ ဂိုး၊ လီဗာပူးက ဆောက်သမ်တန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီးအနိုင်ရရှိခဲ့ပါတယ်။
အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲကစားချိန် ၁၃ မိနစ်နဲ့ ၆၄ မိနစ်တွေမှာ လာကာဇက်နဲ့ အူဘာမီယန်းတို့က သွင်းယူခဲ့တာပါ။ ဘန်လေအတွက် ချေပဂိုးကိုတော့ ပထမပိုင်း ပွဲချိန် ၄၃ မိနစ်မှာ အက်ရှ်လေက သွင်းယူခဲ့တာပါ။
ဒီပွဲမှာ အိမ်ရှင် အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်လည်း ပိုမိုရရှိခဲ့တာပါ။
ဘန်လေအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ၁၀ နှစ်တာအတွင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ရာသီအစ နှစ်ပွဲဆက်အနိုင်ရရှိတဲ့ မှတ်တမ်းကောင်းပြန်လည်ရရှိခဲ့ပါတယ်။
လီဗာပူးအသင်းအတွက်ဂိုးတွေကိုတော့ ပွဲကစားချိန် ၄၅ မိနစ်နဲ့ ၇၁ မိနစ်တို့မှာ မာနေးနဲ့ ဖာမီနိုတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ အိမ်ရှင် ဆောက်သမ်တန်အတွက် ချေပဂိုး ၁ ဂိုးကိုတော့ ပွဲကစားချိန် ၈၃ မိနစ်မှာ ဒန်နီအင့်က သွင်းယူခဲ့တာပါ။
လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမဲ့ ဘောလုံးပိုင်ဆိုင်မှုမှာ အပြတ်အသတ် အသာစီးယူနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့်လည်း ပိုမိုရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ် တခြားပွဲစဉ်တခုမှာတော့ မန်စီးတီးနဲ့ စပါးအသင်းတို့ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။
ပရီးမီးယားလိဂ် ရာသီအစမှာ လီဗာပူးအသင်းနဲ့ အာဆင်နယ်တို့ဟာ ၂ ပွဲလုံး အနိုင်ရရှိထားပြီး အမှတ်ပေးဇယားမှာ ဦးဆောင်နေပါတယ်။
Zawgyi Version
လီဗာပူးႏွင့္အာဆင္နယ္တို႔ အႏိုင္ရ (႐ုပ္သံဟိုက္လိုက္)
DVB
မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ အသင္းႀကီး လီဗာပူးနဲ႔ အာဆင္နယ္တို႔ အသီးသီးအႏိုင္ရသြားပါတယ္။
မေန႔ညအေစာပိုင္းပြဲစဥ္မွာ အာဆင္နယ္အသင္းက ဘန္ေလကို ၂ ဂိုး ၁ ဂိုး၊ လီဗာပူးက ေဆာက္သမ္တန္အသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အသီးသီးအႏိုင္ရရွိခဲ့ပါတယ္။
အာဆင္နယ္အသင္းအတြက္ အႏိုင္ဂိုးေတြကိုေတာ့ ပြဲကစားခ်ိန္ ၁၃ မိနစ္နဲ႔ ၆၄ မိနစ္ေတြမွာ လာကာဇက္နဲ႔ အူဘာမီယန္းတို႔က သြင္းယူခဲ့တာပါ။ ဘန္ေလအတြက္ ေခ်ပဂိုးကိုေတာ့ ပထမပိုင္း ပြဲခ်ိန္ ၄၃ မိနစ္မွာ အက္ရွ္ေလက သြင္းယူခဲ့တာပါ။
ဒီပြဲမွာ အိမ္ရွင္ အာဆင္နယ္က ေဘာလုံးပိုင္ဆိုင္မႈ အျပတ္အသတ္ အသာစီးယူကစားႏိုင္ခဲ့သလို ဂိုးေပါက္ကန္သြင္းခြင့္လည္း ပိုမိုရရွိခဲ့တာပါ။
ဘန္ေလအသင္းကို ၂ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္အသင္းကေတာ့ ၁၀ ႏွစ္တာအတြင္းမွာ ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ရာသီအစ ႏွစ္ပြဲဆက္အႏိုင္ရရွိတဲ့ မွတ္တမ္းေကာင္းျပန္လည္ရရွိခဲ့ပါတယ္။
လီဗာပူးအသင္းအတြက္ဂိုးေတြကိုေတာ့ ပြဲကစားခ်ိန္ ၄၅ မိနစ္နဲ႔ ၇၁ မိနစ္တို႔မွာ မာေနးနဲ႔ ဖာမီႏိုတို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ ေဆာက္သမ္တန္အတြက္ ေခ်ပဂိုး ၁ ဂိုးကိုေတာ့ ပြဲကစားခ်ိန္ ၈၃ မိနစ္မွာ ဒန္နီအင့္က သြင္းယူခဲ့တာပါ။
လီဗာပူးအသင္းဟာ အေဝးကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ရေပမဲ့ ေဘာလုံးပိုင္ဆိုင္မႈမွာ အျပတ္အသတ္ အသာစီးယူႏိုင္ခဲ့သလို ဂိုးေပါက္ ကန္သြင္းခြင့္လည္း ပိုမိုရရွိခဲ့ပါတယ္။
ပရီးမီးယားလိဂ္ တျခားပြဲစဥ္တခုမွာေတာ့ မန္စီးတီးနဲ႔ စပါးအသင္းတို႔ တဖက္ ၂ ဂိုးစီ သေရက်သြားပါတယ္။
ပရီးမီးယားလိဂ္ ရာသီအစမွာ လီဗာပူးအသင္းနဲ႔ အာဆင္နယ္တို႔ဟာ ၂ ပြဲလုံး အႏိုင္ရရွိထားၿပီး အမွတ္ေပးဇယားမွာ ဦးေဆာင္ေနပါတယ္။