A d v e r t i s e m e n t With Us

အာဆီယံအစားအစာပွဲတော် မန္တလေးတွင် ကျင်းပ

အစားအသောက်ကို အခြေခံတဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အာဆီယံအစားအစာပွဲတော်ကို မန္တလေးမှာ ကျင်းပနေပါတယ်။  အာဆီယံအစားအစာပွဲတော် ၂၀၁၉ (မန္တလေး) ကို မန္တလေးမြို့ ကွန်ဗင်းရှင်းစင်တာမှာ သြဂုတ် ၁၇ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နှစ်ရက်တိုင် ကျင်းပနေတာပါ၊ အဲ့ဒီပွဲတော်ကို သြဂုတ် ၁၇ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အာဆီယံအစားအစာပွဲတော်ဟာ မန္တလေးမြို့မှာ ပထမဆုံး ကျင်းပတာဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ အစားအသောက်‌ေတွအပြင် တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျပန် စတဲ့ နိုင်ငံတွေရဲ့ အစားအသောက်တွေကိုလည်း ပါဝင်ပြသခဲ့ပါတယ်။  ပြပွဲမှာ ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြီး ခရီးသွားကဏ္ဍနဲ့ ဆက်စပ်တဲ့ ပြခန်းတွေလည်း ပါဝင်ပါတယ်။  ဒီပွဲတော်က အာဆီယံနိုင်ငံတွေရဲ့ ဆက်ဆံရေးတွေ ပိုမိုရင်းနှီးလာမယ်လို့   မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမန္တလေးဇုန် ဥက္ကဋ္ဌက ပြောပါတယ်။  အာဆီယံအစားအစာပွဲတော်မှာ မြန်မာနိုင်ငံအနေနဲ့  မြန်မာ့ရိုးရာ အစားအစာတွေ တိုင်းရင်းသားရိုးရာ အစားအစာတွေကို ပြသမိတ်ဆက်ခဲ့ပါတယ်။  နိုင်လင်းဦး ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အာဆီယံအစားအစာပြဲေတာ္ မႏၲေလးတြင္ က်င္းပ အစားအေသာက္ကို အေျခခံတဲ့ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အာဆီယံအစားအစာပြဲေတာ္ကို မႏၲေလးမွာ က်င္းပေနပါတယ္။ အာဆီယံအစားအစာပြဲေတာ္ ၂၀၁၉ (မႏၲေလး) ကို မႏၲေလးၿမိဳ႕ ကြန္ဗင္းရွင္းစင္တာမွာ ၾသဂုတ္ ၁၇ ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ ႏွစ္ရက္တိုင္ က်င္းပေနတာပါ၊ အဲ့ဒီပြဲေတာ္ကို ၾသဂုတ္ ၁၇ ရက္ေန႔က ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူနဲ႔ ျပည္ေထာင္စုဝန္ႀကီးေတြ၊ မႏၲေလးတိုင္းအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးေတြ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ပါတယ္။ အာဆီယံအစားအစာပြဲေတာ္ဟာ မႏၲေလးၿမိဳ႕မွာ ပထမဆုံး က်င္းပတာျဖစ္ၿပီး အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြရဲ႕ အစားအေသာက္ေတြအျပင္ တ႐ုတ္၊ ကိုရီးယား၊ အိႏၵိယ၊ ဂ်ပန္ စတဲ့ ႏိုင္ငံေတြရဲ႕ အစားအေသာက္ေတြကိုလည္း ပါဝင္ျပသခဲ့ပါတယ္။ ျပပြဲမွာ ျပခန္းေပါင္း ၁၀၀ ေက်ာ္ ပါဝင္ၿပီး ခရီးသြားက႑နဲ႔ ဆက္စပ္တဲ့ ျပခန္းေတြလည္း ပါဝင္ပါတယ္။ ဒီပြဲေတာ္က အာဆီယံႏိုင္ငံေတြရဲ႕ ဆက္ဆံေရးေတြ ပိုမိုရင္းႏွီးလာမယ္လို႔   ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမႏၲေလးဇုန္ ဥကၠ႒က ေျပာပါတယ္။ အာဆီယံအစားအစာပြဲေတာ္မွာ ျမန္မာႏိုင္ငံအေနနဲ႔  ျမန္မာ့႐ိုးရာ အစားအစာေတြ တိုင္းရင္းသား႐ိုးရာ အစားအစာေတြကို ျပသမိတ္ဆက္ခဲ့ပါတယ္။ ႏိုင္လင္းဦး

A d v e r t i s e m e n t With Us

More News
Up